သီရိလင်္ကာသံဃာတော်အရှင်သူမြတ်အများစုဟာမူလတန်း၊အလယ်တန်း အထက်တန်းနှင့် တက္ကသိုလ်များမှာ ကျောင်းဆရာများအဖြစ် အလုပ်လုပ်ပြီး သာသနာပြုနေကြပါတယ်။ တနည်းဆိုရတော်ဘာသာရေးတစ်ခုတည်းသာမကပညားရေးအခန်းကဏ္ဍမှာဦးဆောင်ပြု၍သာသနာပြုနေကြခြင်းဖြစ်ပါသည်၊”လောကတ္ထစရိယညာတတ္ထစရိယ’’ဆိုသည့်အတိုင်း မိမိရဲ့လူမျိုးတိုးတက်အောင် စီးပွားရေး၊လူမှုရေးဘာသာရေး ကိုလမ်းပြပေးတာဟာလည်း ဘုရားရဲ့ အလိုတော်ကျ သာသနာပြုနေကြခြင်းပင်ဖြစ်ပါတယ်။
သိရိလင်္ကာနိုင်ငံတွင် သံဃာတော်များအတွက်သာမကပဲ လူပပုဂ္ဂိုလ်များအတွက်ပါ ` အာနန္ဒာကောလိပ်´ `ဗုဒ္ဓဘာသာအမျိုးသမီးကောလိပ်´စသည့်ဖြင့်ဖွင့်လှစ်ထားပေးသည့်အပြင် တက္ကသိုလ်တိုင်းတွင်လည်း`ဗုဒ္ဓဘာသာလေ့လာရေးဋ္ဌန´ဆိုပြီးထားရှိပေးပါတယ်။
တက္ကသိုလ်အဆင့် မရောက်ခင် မူကြို၊ မူလ၊အလယ်၊အထက်တန်းများတွင်လည်း ဗုဒ္ဓဘာသာတရားတော်များကို ပြဋ္ဌာန်းပြီး မဖြစ်မနေသင်ကြားပေးပါသည်။ထိုင်အပြင် တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင်လည်း ဘုန်းတော်ကြီးကျောင်းများတွင် ဓမ္မစကူ(လ်)သင်တန်းဆိုပြီး အစိုးရကျောင်းတက်သူတိုင်း အတက်မနေရ တက်ကြရပါတယ်။
တက္ကသိုလ်အဆင့် မရောက်ခင် မူကြို၊ မူလ၊အလယ်၊အထက်တန်းများတွင်လည်း ဗုဒ္ဓဘာသာတရားတော်များကို ပြဋ္ဌာန်းပြီး မဖြစ်မနေသင်ကြားပေးပါသည်။ထိုင်အပြင် တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင်လည်း ဘုန်းတော်ကြီးကျောင်းများတွင် ဓမ္မစကူ(လ်)သင်တန်းဆိုပြီး အစိုးရကျောင်းတက်သူတိုင်း အတက်မနေရ တက်ကြရပါတယ်။
ထို့ကြောင့် သီရိလင်္ကာနိုင်ငံသားတို့သည် ဆင်းရဲသားကအစ ဟသမ္မတအဆုံး ပြည်သူအားလုံးတို့ဟာ ဘုန်တော်ကြီးကျောင်းထွက် ဘုန်းကြီးကျောင်းသာ ဘုန်းကြီးကျောင်းသူများဖြစ်ကြသာကြောင့် ရဟန်းသံဃာတော်များအားလေးစားသည်၊တန်ဖိုးထားသည်။သမ္မတသည် မည့်သည့်အလုပ်ပဲ လုပ်လုပ် အရေးကြီးသည့်အလုပ်များတွင် သံဃာတော်တို့၏ အကြံဥာဏ်သြ၀ါဒကိုခံယူကြရ၏ သံဃာတော်များ သဘောတူညီချက်မပါပဲ မည့်သည့်ဆုံးဖြတ်ချက် မည့်သည့်လုပ်ငန်းမှ မချမှတ် မလုပ်ဆောင်ပေ။
ရဟန်းတော်တို့သည် သာသနာပြုလုပ်ငန်းများ နိုင်ငံတော်၏ ပညာရေး၊ကျမ္မာရေး စသည်တို့ကိုကောင်းစွာလမ်းညွှန်ဆုံမနိုင်ကြသောကြောင် ပြည်သူ ပြည်သားတို့သည် ရဟန်းသံဃာတော်တို့၏တန်းဘိုးကိုနာလည်းပြီးတန်ဘိုးထားလေးစားတတ် လာကြပါတယ်။ ဒကာဒကာမတို့သည်ဘာသာရေးအခြေခံရှိထားပြီးဖြစ်သည့်အတွက်မိမိဘာသာရဲ့ တန်ဘိုးကို သိရှိနားလည်သွားသည့်အတွက်ကြောင့်ဘာသာပြောင်သွားတာဆိုတာမရှိသလောက် ရှားသွားပါ တယ်။ထို့သီရိလင်္ကာနိုင်ငံကဲ့သို့မိမိတို့နိုင်ငံတွင်လည်းအတန်းကျောင်များစွာ ဗုဒ္ဓစာပေ များကို ပြဋ္ဌာန်ပေးနိုင်ရန်အစိုးရတာဝန်ရှိသူများနှင့်ဆရာတော်သံဃာတော်အရှင်မြတ်များ၊ အရေးပါသည့် သဒ္ဒါ၊ပညာရှိကြသည့်ဒကာ၊ဒကာမအများအနေ ဖြင့်ကြိုး စားဆောင်ရွက်သင့်ပါသည်။
(ဆက်လက်ဖော်ပြပါမည်...........................)
ဓမ္မ၀ီရ အရှင်တေဇနိယ
ဗုဒ္ဓဂယာ၊အိန္ဒိယ
Web site;www.ashintejaniya.com
