Quantcast
Channel: ရွှေပါရမီပညာဒါန
Viewing all 466 articles
Browse latest View live

လည်စရာ ပတ်စရာများ

$
0
0

  1. အင်္ဂလိပ် ကားတွေကြည့်ချင်ရင်(အလကားကြည့်ရမှာနော်)
  2. ဘယ်ကပို.တဲ့ email လဲသိချင်ရင်

  3. သင်ရောက်နေတဲ့နေရာမှာ WIFI ရှိမရှိ သိဖို.

  4. မိမိနှစ်သက်ရာ ဓာတ်ပုံ နဲ့ ကြိုက်တဲ့လှုပ်ရှားပုံတွဲပေးလိုက်ရုံပါ

  5. website တစ်ခုတကယ်ရှိမရှိ သိချင်လျှင် ဒီမှာစစ်ပါ။

  6. Up to Date ကမ္ဘာ့ သတင်းများ

  7. အခြား ကမ္ဘာ့သီတင်းwebsite များ(1)

  8. အခြား ကမ္ဘာ့သီတင်းwebsite များ(2)

  9. အခြားကမ္ဘာ့သီတင်း websites များ(Yahoo)

  10. အခြား ကမ္ဘာ့သီတင်းwebsite များ(CNN)

  11. အခြား ကမ္ဘာ့သီတင်းwebsite များ(BBC)

  12. stock Marketing & thesit သီတင်းတွေ

  13. ရာသီဥတု သီတင်းများ

  14. ဆေး ပညာ သီတင်းများ

  15. ကမ္ဘာ့ ငွေလဲလှယ် နှုန်းများ

  16. အားကစားသတင်းများ

  17. for Football score

  18. ဘောလုံး focus ခန့်မှန်းချက်များ

  19. learning English & test u r lavel

  20. Learning English

  21. Learn English with Game,cartoon & others

  22. ဒီ Site မှာ သင့် EQ(Emotional intelligent Quotient) ကို test

  23. ဒီ site မှာ သင့် IQ ကို Test လုပ်လို.ရတယ်။

  24. Learning of Car Servicing

  25. Learning Of Slad ,Sauce & Fast food.

  26. Learning Of ART

  27. Learning Of Music(note,harmony,tempo)

  28. Learning for all

  29. Learning of webdesign

  30. ဟင်းချက်နည်းများ

  31. ကြက်စွပ်ပြုတ် လုပ်နည်း

  32. ကားအဟောင်း တစ်စီးဝယ်တော့မည် ဆိုရင် ဒါတွေသိသင့်တယ်။

  33. registy setting တွေကိုလေ့လာသင်ကြားတဲ့ site ပါ

  34. ဂြိုဟ်တု၊ဒုံးပျံ နှင့် နေအဖွဲ.အစည်း ကြောင်း

  35. Japan မှ University

  36. Japan University နောက်တစ်ခု

  37. sydney University

  38. Singapore မှ Uni ၀င်ခွင့်form & သိချင်စရာများ

  39. Trmasek Uni ၀င်ခွင့် Form (singapore)

  40. Nan Yang University

  41. PC Drivers 1000 ကျော်ဒီမှာရှိပါတယ်

  42. ကွန်ပြူတာ အပိုပစ္စည်း နှင့် လမ်းညွှန်

  43. VB Code တွေ downlode လုပ်လို.ရတဲ့နေရာ

  44. Free Game Downlode

  45. Crack တွေကို ဒီမှာရှာလို.ရတယ်။

  46. Free Font 1000

  47. Computer & Internet Defination

  48. Wallpaper & screensaver downlode

  49. Icon လှလှလေးတွေ

  50.ွှtamplete တွေလိုချင်ရင်တော့

  51. Nokia နဲ့ Sony Errisonတွက် Theme, ringtone တွေ(free)

  52. နိုင်ငံ တကာ အလံ များ

  53. defination of IT

  54. Dictionary Of Business

  55. အခြေခံ စီးပွားရေး နည်းပညာ

  56. စွယ်စုံကျမ်း

  57. ကိုယ်တိုင်ရေးမယ်။သူများရေးတာလည်းဖတ်ဖို. စွယ်စုံကျမ်း

  58. အထွေထွေ နည်းပညာ ပစ္စည်းလေးတွေ ရဲ့ စွယ်စုံကျမ်း

  59. Mobile Phones စွယ်စုံကျမ်း

  60. အနုပညာစွယ်စုံကျမ်း

  61. ကောင်းကင်ကို နက္ခတ္တဗေဒပညာနဲ့ သိပ္ပံနည်းကျကျ လေ့လာချင်ရင်

  62. ကျော်ကြားတဲ့သူတွေအကြောင်းကို ဟာသဖြင့်သရော်ဖော်ပြတဲ့ စွယ်စုံကျမ်း

  63. Weight,Money & others တွေကို convert လုပ်ချင်ရင်

  64. Game စွယ်စုံကျမ်း

  65. ကာတွန်းစွယ်စုံကျမ်း

  66. ထူးဆန်းထွေလာ ကျွန်ုပ်တို.ကမ္ဘာ

  67. သင်ကစာ၇ိုက်ရင် သူက ဖတ်ပြလိမ့်မယ်

  68. ဗေဒင်ကြည့်ချင်ရင်

  69. english ဗေဒင်

  70. တဲရော့ ဗေဒင် ကိုမေးချင်ရင်

  71. သီချင်းကောင်းတွေ နားထောင်ဖို.

  72. လို ချင်တဲ့ သီချင်းတွေ ရှာရအောင်

  73. နာမည်ကြီးသီချင်းတွေ ရဲ. စာသားနဲ့ ရေးသူအမည်တွေ

  74. မြန်မာသီချင်းတွေ

  75. မြန်မာသီချင်းများ(၂)

  76. မြန်မာvcd သီချင်းများ(၃)

  77. မြန်မာ Websites တွေအားလုံးသိချင်ရင်ဒီမှာကြည့်

  78. ရွှေပြည်သားရဲ. Game ဆော့လို.ရတဲ့ site

  79. မြန်မာခေတ်ဟောင်းနှင့် အခြားတေးများ

  80. နာမည်ကြီး ရုပ်ရှင်တွေထဲ က ပုံလေးတွေ

  81. ကိုရီးယား ရုပ်ရှင် နဲ့ ဓါတ်ပုံတွေ

  82. နာမည်ကျော် ပန်ချီကားတွေကို ကြည့်ချင်ရင်တော့

  83. အာရှ မှ ပန်းချီကားများ

  84. ရာသီတိုင်းတွက် fashion ဒီဇိုင်းများ

  85. Thai Fashion ဒီဇိုင်းများ

  86. ကိုယ့်ပုံ ကိုUpload လုပ်ပြီး ဆံပင်ပုံစံ အမျိုးမျိုးပြောင်းလို့ ရတဲ့ အွန်လိုင်းဆိုက်ပါ။(မမတွေတွက်ပဲနော်)

  87. ဆံပင်ပုံစံ ဒီဇိုင်းမျိုးစုံတွက်

  88. မိခင်တွေ လေ့လာသင့်တဲ့ site

  89. ကလေးတစ်ယောက်မွေးစ မှ ၁၃ နှစ်ထိ ဘယ်လို ထိန်းသင့်သလဲ

  90. ကလေးများတွက် အထွေထွေ ဗဟူသုတ နှင့် Game များ

  91. ကလေးများတွက် ဟာသ ကဗျာ များ

  92. ကလေးများတွက် game,themes,screensavers & icon

  93. ကလေးသီချင်းများ

  94. ဟာသ ကာတွန်းများ

  95. ဓမ္မ websites များ http://www.edhamma.com/

  96. nabbana.com

အယ်လ်ဂိုးကို ဘန်ကောက်မှာအလိုရှိသည်

$
0
0
ယခုဆောင်းပါးကို သင်စတင်ဖတ်နေချိန်မှာ ဘန်ကောက်မြို့ကြီးကတော့ သူ၏အကြမ်းတမ်းဆုံးနေ့ရက်တစ်ရက်ကို စတင်ဖြတ်သန်းနေပြီဖြစ်သည်။

“ဖရဲသီးနိုင်ငံရေး”ဟု ဆိုရလောက်အောင် တချို့အသီးက အတွင်းကအ၀ါ၊ တချို့အသီးက အတွင်းကနီနေသည့် ထိုင်းနိုင်ငံရေးပဋိပက္ခက သမိုင်းမှာ (၁၈)ကြိမ် အာဏာသိမ်းခဲ့ပြီးဖြစ်သည့် ထိုင်းစစ်တပ်အား သူတို့တင့်ကားတွေကို နောက်တစ်ကြိမ်အင်ဂျင်စနှိုးထားဖို့ ဖိအားပေးနေပါပြီ။

ဖေဖော်ဝါရီ ၂ ရက်နေ့ ရွေးကောက်ပွဲကိုငြင်းဆန်သည့် အတိုက်အခံခေါင်းဆောင် ဆူသက်သောင်ဆူဘန်နှင့် “အ၀ါ” များက အစိုးရနုတ်ထွက်ပေးဖို့အတွက် ဘန်ကောက်မြို့ကြီးကို ဒီကနေ့ ၀ိုင်းဝန်းပိတ်ဆို့ကြမည်ဖြစ်သည်။ Bangkok Shut Down ဟု သူတို့ခေါ်ဆိုသည့် စစ်ဆင်ရေးက နိုင်ငံ၏စီးပွားရေးအရ နှလုံးသည်းပွတ်ဖြစ်သည့် ဘန်ကောက်ကိုထိန်းချုပ်လိုက်ခြင်းဖြင့် လူ့အဖွဲ့အစည်း၏ ယန္တရားတစ်ခုလုံးကို လည်မျိုညှစ်လိုက်ခြင်းပင်။


၂၀၀၆ ခုနှစ်က ၀န်ကြီးချုပ်သက်ဆင်ကို စစ်တပ်ကအာဏာသိမ်းခဲ့သည့်အချိန်က စတင်သည့် သက်ဆင်လိုလားသူ အနီများနှင့် မလိုလားသူအ၀ါများ၏ နိုင်ငံရေးတိုက်ပွဲက ခုနစ်နှစ်ကျော်ကြာသည့်အချိန်မှာ အရှိန်အဟုန်ပိုအားကောင်းလာခဲ့ပါပြီ။ ထိုင်းနိုင်ငံရေးကို အဝေးက ရီမုတ်ကွန်ထရိုးနှင့် ချုပ်ကိုင်နေသည့် သက်ဆင်ကလည်း ရွေးကောက်ပွဲမှာ အနိုင်ရသူ သူ့လူများကို “သက်ဆင်မိသားစုအကျိုးစီးပွား”အတွက်သာ အလုပ်လုပ်စေသည်။ ရွေးကောက်ပွဲမှာ အနိုင်မရသည့်အတွက် ဧကရာဇ်၏အရောင်“အ၀ါ”ကိုခြုံပြီး စစ်တပ်မသိကျိုးကျွံပြုမှုအောက်မှာ ဘန်ကောက်လမ်းများကို ထိန်းချုပ်တတ်သည့် ဒီမိုကရက်များကလည်း ဒီမိုကရေစီမကျသည့်နည်းလမ်းများဖြင့် အာဏာကို လွှဲပြောင်းဖို့ အားထုတ်ကြသည်။

နိုင်ငံရေးမရင့်ကျက်သည့် ပြိုင်ဘက်နှစ်ဖွဲ့အကြားမှာ ထိုင်းနိုင်ငံကတော့ နိုင်ငံရေး၊ စီးပွားရေးအရ အကြီးအကျယ် ထိခိုက်နစ်နာသွားခဲ့ပါပြီ။

အမေရိကန်ဒုသမ္မတဟောင်းအယ်လ်ဂိုးကို ဘန်ကောက်မှာ အရေးတကြီးအလိုရှိနေပါသည်။ ဒုသမ္မတအယ်လ်ဂိုးနှင့် တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျော့ခ်ျဒဗလျူဘုရှ်တို့ယှဉ်ပြိုင်သည့် ၂၀၀၀ ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲက သမိုင်းမှာ အကြိတ်အနယ်အဖြစ်ဆုံး ပြိုင်ပွဲတစ်ခုဖြစ်သည်။ ဒုသမ္မတအယ်လ်ဂိုးကလည်း သမ္မတကလင်တန်၏တွဲဖက်အဖြစ် ရှစ်နှစ်ကြာစွမ်းဆောင်ပြနိုင်ခဲ့သူ။ ဂျော့ခ်ျဒဗလျူဘုရှ်ကလည်း သမ္မတဟောင်းဂျော့ခ်ျဘုရှ် (အကြီး)၏ သားဖြစ်သည့်အတွက် အသိုင်းအ၀ိုင်းအင်အား တောင့်တင်းလှသူ။ နှစ်ဖက်စလုံး၏ ရွေးကောက်ပွဲမန်နေဂျာများ၊ စည်းရုံးရေးမှူးများ၊ ထောက်ခံသူများကလည်း နောက်ဆုံးအချိန်အထိ ရေကုန်ရေခန်း ပြိုင်ဆိုင်သွားခဲ့ကြသည့် ရွေးကောက်ပွဲဖြစ်ခဲ့သည်။

ပြည်နယ်တစ်ခုချင်းစီက မဲများရေတွက်ကြေညာသည့်အခါလည်း ရလဒ်က ဘတစ်ပြန်ကျားတစ်ပြန်။ ရုပ်မြင်သံကြားပေါ်က အမေရိကန်မြေပုံကြီးမှာ ဒီမိုကရက်အယ်လ်ဂိုးက နိုင်သည့်ပြည်နယ်များကို အပြာရောင်ဖြင့်ပြပြီး ရီပက်ဘလေကန်ဂျော့ခ်ျဒဗလျူဘုရှ်နိုင်သည့်ပြည်နယ်ကို အနီဖြင့်ပြသည်။ မြေပုံပေါ်မှာ အပြာနှင့်အနီက တစ်ကွက်ချင်း နယ်လုနေခဲ့သည့်ပြကွက်။

နောက်ဆုံးတော့ အဆုံးအဖြတ်က ဖလော်ရီဒါပြည်နယ်ကိုရောက်လာသည်။ ဖလော်ရီဒါမှာနိုင်တဲ့သူ သမ္မတဖြစ်ပြီ။ ပြဿနာက ဒီနေရာမှာစပါသည်။ ဖလော်ရီဒါမဲရုံကထွက်လာသူများကို မေးမြန်းသည့်အပေါ်မှာ အခြေခံပြီး“အယ်လ်ဂိုးနိုင်ပြီ”ဟု ရုပ်မြင်သံကြားအချို့က ကြိုတင်ခန့်မှန်းကြသည်။

နောက်ပိုင်းမှာ “ဘုရှ်”နိုင်ပြီဟု ပြောင်းလဲခန့်မှန်းလောက်အောင် နှာတစ်ဖျားအသာ ယှဉ်ပြိုင်ကြသည်။ နောက်ဆုံးမဲရေတွက်ရာမှာ ရာဂဏန်းမျှဖြင့် ဘုရှ်နိုင်သည်။ သို့သော် ဒီမိုကရက်များကို အစဉ်တစိုက်အားပေးသည့် ခရိုင်သုံးနေရာမှာ မဲရေတွက်မှုပြဿနာရှိနေသည်။ အယ်လ်ဂိုးကိုထည့်သည့် မဲခုနစ်သောင်းကျော်ကို မဲရေတွက်သည့်စက်က ပယ်မဲလုပ်ထားသည်။ အယ်လ်ဂိုးက မဲပြန်ရေတွက်ပေးဖို့တောင်းဆိုသည်။ ဖလော်ရီဒါတရားရုံးချုပ်က ပထမတော့ခွင့်ပြုလိုက်သည်။ တစ်နိုင်ငံလုံးက ရင်တမမနှင့်ကြည့်နေကြသည်။ အယ်လ်ဂိုးကို ထောက်ခံသူများကတော့ မျှော်လင့်ခြင်းများစွာဖြင့် စောင့်စားလျက်။ သို့သော် နောက်ဆုံးမှာ ပြည်ထောင်စုတရားသူကြီးချုပ်အဖွဲ့ဝင်ငါးဦးက ပြန်လည်ရေတွက်မှုကိုရပ်စဲလိုက်ပြီး “ဘ်ုရှ်”ကို အနိုင်ပေးလိုက်သည်။

တကယ်တော့ တရားသူကြီးငါးဦးက ကွန်ဆာဗေးတစ်ရီပက်ဘလေကန်သစ္စာတော်ခံများ။ တစ်နိုင်ငံလုံးမှာ မဲငါးသိန်းကျော်အသာနှင့် အနိုင်ရလျက် ရှုံးရသည့်အတွက် နိုင်ငံအ၀န်း အယ်လ်ဂိုးထောက်ခံသူများက မကျေနပ်ကြ။

သူတို့မျက်နှာပေါ်ကမျက်ရည်များက တစ်စုံတစ်ခုကို အရေးယူဆောင်ရွက်ဖို့ တောင်းဆိုနေခဲ့ကြသည်။ အားလုံးက အယ်လ်ဂိုးမျက်နှာကိုကြည့်ကြသည်။ မတရားသည့်ဆုံးဖြတ်ချက်ကို အယ်လ်ဂိုးဘယ်လိုတုံ့ပြန်မလဲ။ ဆူသက်နှင့် သက်ဆင်သာ အယ်လ်ဂိုး၏အကြံပေးများဆိုလျှင်တော့ နယူးယောက်ကိုသိမ်းလိုက်၊ ဝေါစထရိကိုပိတ်ဆို့ထား၊ မက်ဒီဆင်စကွဲယားကိုဝင်စီး၊ ၀ါရှင်တန်မှာ အိမ်ဖြူတော်ထဲကို “ဘုရှ်”မ၀င်နိုင်အောင်တားထားဟု အကြံပေးကြပါလိမ့်မည်။

သို့သော် အယ်လ်ဂိုးက သက်ဆင်မဟုတ်သလို၊ ဆူသက်လည်းမဟုတ်ခဲ့ပါ။ တရားသူကြီးများ၏ဆုံးဖြတ်ချက်က မမျှတသည့်တိုင် သူတို့၏လုပ်ပိုင်ခွင့်များကို လေးစားလိုက်နာရမည်ဟု သူဆုံးဖြတ်ခဲ့သည်။ တကယ်တော့ သူ့ကိုထောက်ခံသည့် နိုင်ငံလူဦးရေထက်ဝက်ကျော်ကို လမ်းများပေါ်သို့ သူခေါ်ထုတ်လာခဲ့လို့ရသည်။

သူမလုပ်ခဲ့ပါ။ သူလုပ်ခဲ့လျှင် အမေရိကန်လူ့အဖွဲ့အစည်း ထက်ခြမ်းကွဲသွားမည်ဆိုတာကို သူနားလည်ခဲ့သည်။ တရားသူကြီးများ၏အဆုံးအဖြတ်ကို လက်ခံဖို့ ပြည်သူတွေကို သူဖျောင်းဖျခဲ့သည်။ နိုင်ငံရေးပြဿနာကြားမှာ တိုင်းပြည်ညက်ညက်ကြေသွားမည့်လမ်းကို သူမရွေးခဲ့ပါ။

၂၀၀၀ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်က ရုပ်သံပေါ်မှာ တည်ကြည်ရင့်ကျက်စွာ စကားပြောသွားသည့် အယ်လ်ဂိုးကိုကြည့်ပြီး ကျွန်တော်ကြက်သီးထသွားမိခဲ့သည်။

“အမေရိကန်ပြည်ထောင်စုဆိုတာ ဒါပါပဲ။ ကျွန်တော်တို့ဟာ ပါတီအရေးထက် နိုင်ငံ့အရေးကို ရှေ့တန်းတင်ပါတယ်”

နယူးယောက်တိုင်းမ်သတင်းစာကြီး၏ ပင်တိုင်ဆောင်းပါးရှင် သောမတ်စ်ဖရီးမင်းက ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာ ၁၅ ရက်က သူ့ကော်လံမှာ အခုလိုရေးခဲ့သည်။

“အကယ်၍သာ တရုတ်နှင့် ရုရှားစပိုင်များက ၀ါရှင်တန်ဆီက အဖိုးတန်ဆုံးလျှို့ဝှက်ချက်တစ်ခုကို ခိုးယူဖို့စောင့်ကြည့်နေခဲ့ကြသည်ဆိုလျှင်တော့ အကြံပေးလိုက်ပါမည်။ အယ်လ်ဂိုး၏မိန့်ခွန်းကိုသာ ခိုးယူပါတော့”

တရားသူကြီးငါးဦး၏ဆုံးဖြတ်ချက်ဖြင့် ဂျော့ခ်ျဒဗလျူဘုရှ်ရရှိသွားခဲ့သည်က သမ္မတရာထူးဖြစ်ပြီး အယ်လ်ဂိုးရရှိသွားတာကတော့ တိုင်းပြည်ခေါင်းဆောင်ဆိုသည့်ဂုဏ်ပုဒ်ဖြစ်ပါသည်။ ဒီမိုကရေစီကိုချစ်ဖို့အတွက် သဘောထားကြီးမှုက အရေးကြီးကြောင်း သူက နမူနာပြသခဲ့သည်။

ကံဆိုးစွာနှင့် ဘန်ကောက်မှာ အယ်လ်ဂိုးရှိမနေခဲ့ပါ။ ဖရဲသီးနိုင်ငံရေးဆိုသည်က အတွင်းက၀ါသည်ဖြစ်စေ၊ နီသည်ဖြစ်စေ၊ အ၀ါနှင့်အနီကို ချုပ်ကိုင်ထားသည်ကတော့ တောင့်တင်းထူထဲလှသည့် အစိမ်းရောင်ထုထည်ကြီးသာဖြစ်ပါသည်။ ဆူသက်သောင်ဆူဘန်၏စပွန်ဆာဖြင့် (၁၉)ကြိမ်မြောက် အာဏာသိမ်းမည့် အစိမ်းရောင်ထိုင်းစစ်တပ်ကတော့ တင့်ကားအင်ဂျင်စက်များကို နှိုးကောင်းနှိုးနေကြမည်ဖြစ်သည်။ အယ်လ်ဂိုးကို ဘန်ကောက်မှာ အရေးတကြီးအလိုရှိနေပါသည်။ ။

ရေးသားသူ- ရဲမိုး
7 Days News Journal

မြတ်ဗုဒ္ဓ၏ သဘောထား

$
0
0


 လွတ်လပ်စွာတွေးခေါ်ကြံဆမှုအရာတွင်သာ မဟုတ်သေး။ လွတ်လပ်စွာ ကိုးကွယ်ဆည်းကပ်မှုတွင်လည်း ဗုဒ္ဓကသည်းခံခွင့်ပြုတော်မူခြင်းမှာ ဘာသာရေးသမိုင်းစဉ်ကို လေ့လာသောပညာရှင်များအား အံ့သြစေသော အကြောင်းတရပ်ဖြစ်ပေသည်။
တရံရောအခါ မြတ်စွာဘုရားသည် နာလန္ဒ၌ သီတင်းသုံးနေတော်မူစဉ် ဥပါလိအမည်ရှိသော ထင်ပေါ်ကျော်ကြားသော သူဌေးကြီးတစ်ဦးသည် မြတ်စွာဘုရားထံတော်မှောက်သို့ ရောက်ရှိလာလေသည်။
ဥပါလိသည် ဂျိန်းမဟာဝီရ၏ ကျော်ကြားထင်ရှားသော တပည့်ကြီးဖြစ်၍ မဟာဝီရကိုယ်တိုင်က ဗုဒ္ဓနှင့်တွေ့ဆုံရန် ဥပါလိအား စေလွှတ်လိုက်ခြင်းဖြစ်ပေသည်။

ကံ ကံ၏အကြောင်းအကျိုးတရားနှင့် ပတ်သက်၍ ဗုဒ္ဓ၏အယူအဆနှင့် မဟာဝီရ၏ထင်မြင်ချက်တို့မှာ မတိုက်ဆိုင်၊ ကွဲပြာခြားနားလျက်ရှိရကား ဗုဒ္ဓကို ဤကိစ္စတွင် စကားစစ်ထိုးအနိုင်ယူရန် ဥပါလိအား စေလွှတ်လိုက်ခြင်းဖြစ်ပေသည်။
သို့ရာတွင် ထင်မြင်မျှော်လင့်သည့်အတိုင်း ဖြစ်မလာချေ။ တရားဆွေးနွေးပွဲအပြီးတွင် ဗုဒ္ဓ၏အယူအဆများသည် မှန်ကန်၍ ဆရာ(ဂျိန်း)မဟာဝီရ၏ ယူဆချက်တို့မှာ လွဲမှားနေကြောင်း ဥပါလိသည် ကောင်းစွာသဘောသက်ဝင် ယုံကြည်သွားလေတော့သည်။
သို့ယုံကြည်သည့်အတိုင်း ၄င်းကို တပည့်ဥပသကာတစ်ဦးအဖြစ်ဖြင့် သွတ်သွင်းချီးမြှင့်ရန် ဗုဒ္ဓက ဥပါလိအား ပြန်လည်စဉ်းစားရန်နှင့် “အသင်ကဲ့သို့ ထင်ရှား၍ လူသိများသောပုဂ္ဂိုလ်အတွက် သေချာစွာ စဉ်းစားရန်ကောင်းကြောင်း၊ အလျင်စလို မပြုလုပ်သင့်ကြောင်း” တို့ကို ပြောကြားလေသည်။
ဥပါလိက ဗုဒ္ဓအား ထပ်မံ၍ ပန်ကြားပြန်သောအခါ ၄င်း၏ဘာသာရေး ဆရာဟောင်းများအား ရှေးယခင်က ကဲ့သို့ပင် ရိုသေသမှု ၀တ်ကြီးဝတ်ငယ် ဆက်လက်ပြုစုမြဲပြုစုရန် ဗုဒ္ဓက မေတ္တာရပ်ခံပေသည်။
ဗုဒ္ဓ၏ ဤမွန်မြတ်လှသော စိတ်ထားကြီးမှု၊ စာနာမှုများကို စံနမူနာပြု၍ ဘီစီ ၃ ရာစုနှစ်အတွင်းတွင် ဗုဒ္ဓဘာသာဝင်ဖြစ်သော အသောကဧကရာဇ်မင်းမြတ်ကြီးသည် ၄င်း၏ကျယ်ပြန့်သော အင်ပါယာနိုင်ငံတော်ကြီးအတွင်းရှိ အခြားသော ဘာသာဝင်အားလုံးတို့အား လေးစားချီးမြှင့်ထောက်ပံ့ခြင်း ပြခဲ့ပေသည်။
ယနေ့တိုင်ဖတ်ရှုနိုင်သော ကျောက်စာအဖြစ် ထုထွင်းထားခဲ့သည့် ၄င်း၏အမိန့်တော် ရာဇသံတစ်ခုတွင် ဧကရာဇ်ဘုရင်ကြီးက ကြေငြာခဲ့သည်မှာ မိမိကိုးကွယ်သည့်ဘာသာကိုသာ ချီးမြှင့်မြှောက်စား၍ အခြားဘာသာကို ဖိနှိပ်ရှုတ်ချခြင်းကို မပြုလုပ်ရုံသာ မဟုတ်သေး။ ဤအကြောင်း ထိုအကြောင်းများကြောင့် အခြားဘာသာဝါဒများကို လေးစားချီးမြှင့်ကြရပေမည်။
ဤကဲ့သို့ပြုလုပ်ခြင်းဖြင့် မိမိဘာသာကို ကြီးပွါးတိုးတက်စေပြီးလျှင် အခြားဘာသာတို့အားလည်း ကူညီထောက်ပံ့လေသည်။ ဤကဲ့သို့ မလုပ်မူ မိမိဘာသာ၏ သင်္ချိုင်းကို မိမိတူးရာရောက်၍ အခြားဘာသာများကိုလည်း အန္တရာယ်ပြုရာ ရောက်ပေမည်။
မိမိကိုးကွယ်သည့်ဘာသာကိုသာ ချီးမြှင့်မြှောက်စား၍ အခြားဘာသာများကို ဖိနှိပ်ရှုတ်ချသူများသည် မိမိဘာသာကို ကြည်ညိုစိတ်ဖြင့် “ငါ့ဘာသာ ဂုဏ်သိန်ထွန်းတောက်စေမည်” ဟု တွေးတောယူဆပြီး ပြုလုပ်ကြခြင်းအမှန်ဖြစ်ပေသည်။
သို့ရာတွင် ဤကဲ့သို့ ပြုမူဆောက်ရွက်ခြင်းကြောင့် ၄င်း၏ဘာသာကို ပိုမိုလေးနက်စွာ အကျိုးယုတ်ပျက်ပြားစေပါသည်။ ထို့ကြောင့် သာယာညီညွတ်ခြင်းသည် မွန်မြတ်ပေသည်။ လူအပေါင်းတို့ မှတ်သားလိုက်နာကြလော့။ အခြားသူများ၏ဘာသာဝါဒများကို လေးစားကြားနာကြကုန်လော့။ ဤကဲ့သို့ ကြင်နာငဲ့ညှာကိုယ်ချင်းစာသော သဘောတရားများကို ဘာသာဝါဒရေးရာများတွင်သာ မဟုတ်၊ အခြားအကြောင်းကိစ္စများတွင်လည်း အသုံးပြုကျင့်ဆောင်သင့်ကြောင်း ကျွန်ုပ်တို့က ထပ်လောင်း၍ ဖော်ပြရပေမည်။
ဤကဲ့သို့ ကြင်နာငဲ့ညှာ ကိုယ်ချင်းစာတရားသည် အစကနဦးကပင် ဗုဒ္ဓ၀ါဒဆိုင်ရာ ယဉ်ကျေးမှုကိစ္စများတွင် အထွတ်အမြတ်ထားခြင်းခံရသည့် တရားမွန်တစ်ပါးဖြစ်ခဲ့ပေသည်။ ထို့ကြောင့်ပင် လူအပေါင်းတို့အား ဗုဒ္ဓ၀ါဒသို့ သက်ဝင်ကူးပြောင်းစေရာတွင်လည်းကောင်း၊ နှစ်ပေါင်း ၂၅၀၀ အတွင်း ဗုဒ္ဓသာသနာပြုလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြရာတွင်လည်းကောင်း၊ တစ်စုံတစ်ယောက်ကိုမျှ ညှင်းပန်းနှိပ်စက်ခဲ့ခြင်း၊ သွေးတစ်ပေါက် ကျဆုံးစေခဲ့ရခြင်း၊ လုံးဝမရှိခဲ့ပေ။
ဗုဒ္ဓ၀ါဒသည် အာရှတိုက်တစ်ခုလုံးတွင် ငြိမ်းချမ်းသာယာစွာ ပျံ့နှံ့ခဲ့ရာ ယခုအခါ ဗုဒ္ဓဘာသာဝင်ပေါင်း သန်းပေါင်း ၅၀၀ ကျော်ရှိပေပြီ။ မည်သည့်အကြောင်း ပရိယာယ်နှင့်မျှ မည်သည့်အကြမ်းဖက်မှုမျိုးကိုမျှ မပြုလုပ်ရန် ဗုဒ္ဓက လုံးဝတားမြစ်တော်မူသည်။
မြတ်ဗုဒ္ဓဒေသနာ၊ ဦးကိုလေး

အမေများနေ့ ကန်တော့ခြင်း

$
0
0


 အမေများနေ့အတွက် ကန်တော့ခြင်း
===================
သားကို လူ့လောကကိုခေါ်ဆောင် မွေးထုတ်ပေးခဲ့သော မေမေ့ကို အဝေးတနေရာကနေ
သားရင်နဲ့အမျှ ခံစားပြီး ပုံဖေါ်ခဲ့သော ကဗျာလေးဖြင့် မနက်ဖြန်ကျရောက်မဲ့ အမေများနေ့မှာ
သားကန်တော့လိုက်ပါတယ်  မေမေ....

တုနှိုင်းမဲ့   မေမေ
========

မေမေ
နေကောင်းလား မေမေ
လွမ်းနေလား မေမေ
သား အတွက်ပူပန်နေလား မေမေ။

မေမေ
သား  အတွက်ဘာမဆိုပေးဆပ်ခဲ့တဲ့ မေမေ
သား အတွက်အရာရာပြီးပြည့်စုံခဲ့တဲ

့ မေမေ
သား  အတွက်ခွန်အားတွေပေးခဲ့တဲ့ မေမေ။


မေမေ
မေမေ့ကို ထားခဲ့ရပြီလေ
မေမေ့ကိုအလွမ်းတွေပေးခဲ့ရပြီနော

မေမေ့ကို ပူပန်စေခဲ့ရပြီမေမေ။

မေမေ
စိတ်ချနေပါ မေမေ
မေမေ သိအောင်ပြောပြရအုံးမယ် မေမေ
တိုးတက်တဲ့ဒီနေ့ခေတ်ကြီးထဲမှာလေ

မော်ဒယ်လ်ဆန်တဲ့အလှပတွေ

ရေပန်းစားနေပြီ မေမေ

ဒါတွေလဲ...သားမခံစားတတ်ပါဘူး မေမေ

သား  ကို ရင်ဝယ်ပိုက်ပြီး

လောကဒဏ်ကိုရင်ဆိုင်နေခဲ့ရတဲ့...

မေမေရဲ့

အပြုံးပန်းတပွင့်ကိုလေ

ဘယ်သူချယ်မှုန်းလို့မှ မှီမယ်မထင်ပါဘူး မေမေ။

မေမေ
မြူးကြွသူယာလှပါတယ်ဆိုတဲ့ ဒီနေ့ခေတ်ရဲ့ တေးဂီတတွေ
ဟစ်ဟော့ ဒီဂျေ တွေဆိုတာတွေလေ
နေရာတိုင်းမှာရေပန်းစားနေကြလေရဲ



သား  အတွက်တော့

ဟိုးငယ်ငယ်က အလိုမကျတိုင်းစိတ်တိုတိုနဲ့

ငေါက်ငန်းခဲ့ဖူးတဲ့...မေမေ့ရဲ့ ဂရုဏာဒေါသသံလောက်တောင်မှ

နားဝင်မချိုခဲ့ပါဘူး မေမေ။

မေမေ
ရှိသေးတယ် မေမေ
လူတိုင်းကိုဖမ်းစားနေတဲ့
အဖိုးတန် ပြင်သစ်ရေမွှေးတဲ့လေ
သင်းပျံ့မွှေးကြိုင်ပြီး ဆွဲဆောင်မှုကောင်းတဲ့ ရနံ့လေးပေါ့
သား  အတွက်တော့လေ.........
လယ်တောက မောပန်းစွာပြန်လာတဲ့....
ချွေးစို့နေတဲ့....မေမေ့ရဲ့....
ကိုယ်သင်းရနံ့လောက်မျှပင် မသင်းပျံ့ခဲ့ပါဘူး မေမေ။


မေမေ
တကယ်တော့လေ.
သား တို့အတွက်
တုနှိုင်းမဲ့လှတဲ့....သူ.....ဆိုတာ...


မေမေ ဆိုတဲ့.....မေမေရယ်ပါ....။

သည်ကဗျာလေးကတော့  သား  သိပ်ချစ်တဲ့ မေမေအတွက်

ရည်ရွယ်ပြီး အဝေးတနေရာကနေ ကန်တော့လိုက်ပါတယ်။

မေမေချစ်တဲ့...သား
ဘလော့ခရီးသည်
အောင်အောင် (မကစ)

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ }သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ }သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ }သွားလိုက်ပါ

ဒကာမကြီးလို့သာ ဆက်၍ခေါ်မည်

$
0
0


ဒကာမကြီးရေ.....
သတိမပါး၊ ၀ါးတားတားလေး
မှတ်မိသေးမလားတော့မသိဘူးနော်
ကိုရင်ဘ၀ ငယ်ငယ်ကလေ...........။

ကိုရင်ဂွကျကျ မေ့သားလှရေ.....တဲ့
ကိုရင်အာဘော် ရွှေနှုတ်တော်က
ကိုရင့် အမေတော် တပည့်တော်ကို
အမေလို့မခေါ် ဒကာမကြီး လို့ခေါ်ရင်
ကိုရင် နဲ့ တပည့်တော်မ
သွေးချင်းမနီး သူစိမ်းကြီးတွေလို ခံစားရတယ်တဲ့လေ.......။

ဒါ့ကြောင့်မို့နော် သားကိုယ်တော်က
အမေနဲ့သား နီးကပ်သွားအောင်
ဒကာမကြီးမခေါ် အမေ လို့သာခေါ်ပေးပါတဲ့လေ.........။

မယ်တော့်ဆန္ဒ အာသီသကို
ဖြည့်လိုပေမဲ့
ဒကာမကြီးတန်ဖိုး မြတ်နိုးတတ်အောင်
ဦးဇင်းပြောခဲ့တာကို မယ်တော် မမေ့
မှတ်မိနိုင်ကောင်းပါသေးတယ်နော်..........။

ဒကာမကြီး မှန်းမျှော်ကြည့်လိုက်စမ်းပါ
ဦးဇင်းတို့နေရာ ကန်တော်ရွာမှာ
လူဦးရေမှာ သုံးထောင်ကျော်နဲ့
အိမ်ခြေအများ နှစ်ရာကျော်ကြီးတောင်ရှိတဲ့အထဲက
ဘုန်းကြီးဒကာမ ဘယ်နှစ်ယောက်တောင်တော်ရသလဲ့ပေါ့.........။

ဇိန ပရမေ တို့ဘုန်းဆွေတောင်
အသင်္ချေလေးကပ် မပြတ်လပ်ပဲ
ပါရမီတော် ဖြည့်ကျင့်သော်မှ
ရဟန်းဘ၀ ကိုးကြိမ်သာရသမို့
ဗုဒ္ဓမယ်တော် ဒေ၀ီကျော်တောင်
ကိုးဘ၀လေးသာ ရဟန်းမယ်တော်
ခေါ်ခံရတယ်လေ.............။

ဒီတော့လေနော် မြတ်မယ်တော်က
ဃနသေခြာ စဉ်စားရှာပြီး
ပီတိရည်ပုလဲ စက္ခုတွဲ၍
ဟုတ်တယ်လေနော် ချစ်သားတော်တဲ့..........။

ရဟန်းမယ်တော် တပည့်တော်လေ
ဒကာမကြီးရဲ့တန်ဖိုး သိပ်မြတ်နိုးလို့
အမြဲတမ်းသာ ဒကာမကြီး(မယ်တော်ကြီး)လို့
ခေါ်ပေးပါနော် သားမောင်တော်တဲ့..............။

___________________________

အညာနေပူ ဖုန်ထူထူက ဒကာမကြီးအတွက်
ပြာသိုလပြည့် အမေ့နေ့အမှတ်တရ ရေး၍စပ်သည်။

ဓမ္မ၀ီရ အရှင်တေဇနိယ
ဗုဒ္ဓဂယာ၊အိန္ဒိယ
www.ashintejaniya.com

နွေရာသီ ရှင် ၁၀၀ ပြုပွဲ

$
0
0


 ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရေဖြူကန်ရွာ၊ ဓမ္မာရုံရေစက်ချပွဲ ၊ ရှင် ၁၀၀ ပြုပွဲ ၊ မြတ်စေတနာ ပရဟိတ လူမှုကူညီရေးအသင်း နှစ်ပတ်လည်ပွဲ၊ တတိယအကြိမ် သက်ကြီးပူဇော်ပွဲ၊ ကျောင်းဆောင်သစ် ရေစက်ချပွဲအလှူကို 22.4.2014 နှင့် 23.4.2014 တွင် ရုပ်ရှင်သရုပ်ဆောင် မြန်မာသံတေးသံရှင် ပန်ဆုပြည့်ကျော်၊ အဆိုတော် ကောင်းထက်စံ (ယဉ်ကျေးမှုတက္ကသိုလ်) တို့နှင့်အတူ 5 STARS အငြိမ့်အဖွဲ့ဖြင့် ၂ ရက် ၂ ညတိုင်တိုင် ကျင်းပပြုလုပ်ပါမည်။
နွေရာသီ ရှင် ၁၀၀ ပြုပွဲအတွက် အလှူရှင်စာရင်းချုပ်ရပြီး၊ အလှူငွေများလဲ ရန်ကုန် အကျိုးတော်ဆောင်ထံ တစ်ချို့တစ်ဝက် ရောက်ရှိနေလို့ သင်္ကန်းပရိက္ခရာ အစုံ ၁၀၀နှင့် ၁ ပါးလျှင် ၅၀၀၀၀ကျပ်နှုန်းရှိ အသုံးအဆောင် ပစ္စီးများစွာကို စက်ရုံများတွင် အော်ဒါမှာနေပါပြီ။ သင်္ကန်းပရိက္ခရာ အစုံ၁၀၀ကိုတော့ ယခုလ 28 ရက်နေ့ ညကားဖြင့် အောင်ပန်းသို့ ပို့ဆောင်ပါမည်။ စာရင်ပေးသွင်းထားကြသော ရှင်ဒကာ-ဒကာမများအနေဖြင့်လည်း မိမိ၏ အလှူငွေများ မပေးအပ်ရသေးပါက သက်ဆိုင်ရာ အကျိုးတော်ဆောင်များထံ ပေးလှူနိုင်ပါပြီ၊ နာမည်စာရင်း လိပ်စာနှင့် ရှင်အရေအတွက် အမှားအယွင်းရှိလာပါက Chat Box မှ တစ်ဆင့် အကြောင်းကြားနိုင်ပါပြီ။


အလှူရှင်အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျမ္မာချမ်းသာစွာဖြင့် အမျိုးဘာသာ သာသနာအကျိုးကို ဆထက်တိုး၍ ဆောင်ရွက်နိုင်ကြပါစေ
မျိုးချစ်မြန်မာ

အမိမြန်ပြည် ပြန်ကြွမည်

$
0
0




၃-နှစ်တာကာလလုံး ပညာတော်သင်ကြားရန် အမိမြန်မာပြည်နှင့် ခွဲခွာ၍ M.A, Ph.D, ပညာရေး ခရီးအတွက်သီရိလင်္ကာ(သီဟိုဠ်) နှင့်အိန္ဒိယ နိုင်ငံများသို့ ခြေဆန့်နေစဉ်ကာလတစ်လျှောက်လုံး မွေးရပ်ရွာနှင့်အမိပြည်ကြီးကို နေ့စဉ်တမ်းတ သတိရနေမိခဲ့တယ်။
သူငယ်ချင်းတွေပြန်တော့ ကိုယ်လည်းပြန်ချင်နေမိတယ်။ ဒါပေမဲ့ အကြောင်းမညီ အခြေမ ပေးသမို့ ပြန်ခွင့် မကြုံခဲ့ပေဘူး။
အခုတော့ ၃-နှစ်အနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မိခင်ရွာနှင့် အမိမြေသို့ (၃-လ)ခန့် ခြေချခွင့်ရပေတော့မည်။ ယခုလ -၂၄-နေ့ ည ၈-၃၀. ရီ ကျက်သေရေဝေဖြိုးသော မင်္ဂလာအချိန်မှာ ရွှေပြည်မြန်မြေ ခြေချခွင့်ရပေတော့မည်။

(၃)လတာကာလ မိမိမြန်ရွှေပြည်တွင် ရှိနေစဉ်အချိန်ကာလမှ ငယ်စဉ်ကိုရင်ဘ၀မှ အခုတိုင် ကျအောင် လေ့လာမှတ်သားကျက်ကြံထားသမျှသော လောကီ၊လောကုတ္တရာ အဖြာဖြာသော၊သုတ အထွေထွေ တို့အား အရင်းပြု၍ ဗုဒ္ဒတက္ကသိုလ် (ရန်ကုန်) နှင့် တွဲဖက်ကာ "ဗုဒ္ဓ-ဓမ္မ နှင့် ယဉ်ကျေး လိမ္မာ အင်္ဂလိပ်စာ"သင်တန်းတို့ကို ပညာဒါန ဖွင့်လှစ်ခြင်း၊ ဓမ္မစာပေဟောပွဲများပြုလုပ်၍ ၊အနာဂတ် သာယာအောင်၊ဘ၀အလင်းရောင် တတ်နိုင်သမျှ ထွန်းညှိပေးသွားပါမည်။

နွေရာသီ (၃)လအတွင်း မိမိတို့ ကျေးရွာ၊ရပ်ကွက် စသည်တို့တွင် "ဗုဒ္ဓ-ဓမ္မ နှင့် ယဉ်ကျေးလိမ္မာ အင်္ဂလိပ်စာ"သင်တန်းများအား ဖွင့်လှစ်လိုသည့် ဒကာ/မ အများတို့အနေဖြင့် ဆက်သွယ်နိုင် ကြပါတယ်။

ပင့်လျှောက်သည့်ရပ်ကွက်၊ကျေးရွာတို့အား(သင်တန်းစာအုပ်အပါအ၀င်)မိမိတို့စာရိတ်ဖြင့် ကြွရောက်သင်ကြားပေးပါမည်။ ထိုသင်တန်းကာလအတွင်း ရရှိသမျှသော ၀တ္ထုပစ္စည်းအစုစုတို့အား လည်း သင်တန်းဖွင့်ရာ ကျေးရွာ၊ရပ်ကွက်အတွက် "ပညာရေး၊ဘာသာရေး၊ကျမ္မာရေး"အတွက် အားလုံး လှုဒါန်းခဲ့မည်ဖြစ်ပါသည်။

"ဗုဒ္ဓ-ဓမ္မ နှင့် ယဉ်ကျေးလိမ္မာ အင်္ဂလိပ်စာ"ဆိုင်ရာ အကြောင်းစုံအား ဗုဒ္ဓတက္ကသိုလ် မှ ပါမောက္ခဆရာတော်၊ကထိက ဆရာတော်များဖြင့် တိုင်ပင်၍ အသေးစိပ်ကို ထပ်မံတင်ပြပေးပါမည်။ သင်တန်းဖွင့်လိုသူများအနေဖြင့် ဦးဇင်း၏ Facebook ကိုဖြစ်စေ၊E-mail; ashintejaniyadhamma vira@gmail.com သို့ဖြစ်စေ ဆက်သွယ်နိုင်ပါသည်။

မြန်မာပြည်တွင်အသုံးပြုမည့် ဖုန်းနံပါတ်မရှိသေးသဖြင့် ဖုန်းဖြင့် မဆက်သွယ်နိုင်ကြသည်ကို နားလည်ပေးကြပါကုန်လော။

(ရင်သွေးဘ၀ သိဉာဏ်ပြည့်ဝ၊လှပမှသာ၊ အနာဂတ်ကမ္ဘာ၊ လှပသာလိမ့်)

ဓမ္မ၀ီရ အရှင်တေဇနိယ
ဗုဒ္ဓဂယာ၊အိန္ဒိယ

"ဇာဂနာသို့ ပြန်ကြားစာ"

$
0
0


           

           အခုတလော လူမှုအင်တာနက်ကွန်ရက် facebook စာမျက်နှာတွေပေါ်မှာလူရွှင်တော်ဇာဂနာရဲ့ သံဃာတော်များအားစော်ကားထားသည့်Statueကိုခပ်စပ်စပ်လေးတွေ့နေရပါတယ်။ဘာသာရေးအဆင့်မူကြိုမျှပင်မရှိပဲ ဗုဒ္ဓဘာသာအမည်ခံယုံသာရှိတဲ့ အတ္တကြီးမားငါ့စွဲဝါဒီလစ်ဘရယ်တယောက်ရေးတဲ့ စာမို့လို့ ၄င်းအတွက်စိတ်မကောင်းယုံကလွဲလို့ထူးပြီးမအံ့သြမိပါဘူး။ ဒါပေမဲ့ ဒကာဇဂနာရေးထားသည့် Statueဟာကိုယ်လိုရာကိုဆွဲယူပြီးတဖက်သန်ဆန်စွာသာသနာတော်နှင့်သံဃာတော်တို့အားအသုံးချရေးသားထားသည့်စာမို့ ယခုလို ပြန်လည်၍စာရေးလိုက်ရခြင်းဖြစ်ပါတယ်။
          ဒကာဇာဂနာက၂၀၀၇ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာသံဃာတော်တွေကိုဖမ်းစီးထောင်ချ၊စော်ကားတာဟာ NLD ပါတီဝင်တွေမဟုတ်ဘူး၊ ကြံဖွတ်တွေဖြစ်တယ်၊ဒါ့ကြောင့်သံဃာတော်တွေနဲ့ NLD တွေအခုလိုအမျိုးဘာသာသာသနာနဲ့ပတ်သက်၍ထိပ်တိုက်သဘောဖြစ်နေတာတွေဟာသံဃာတော်တွေနဲ့မြန်မာပြည်သူတွေကပဲတဖက်သတ်မှားနေသယောင်ရွှေဝါရောင်ကိုဆွဲယူထည့်ရေးထားတာကိုတွေ့ရပါတယ်။
မှန်ပါတယ်၂၀၀၇ရွှေဝါရောင်တုန်းကသံဃာတော်တွေကိုဖမ်းဆီးထောင်ချ၊စော်ကားခဲ့ကြတာဟာစစ်ဘီလူအာဏာရှင်တွေပါ၊သို့သော်သံဃာတော်တွေဟာ၂၀၀၇ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုကြီးကို အသက်တွေ၊ဘ၀တွေပေးဆပ်ပြီး လှုပ်ရှားခဲ့တာဟာ NLD ပါတီအတွက်မဟုတ်ပါဘူး၊ မြန်မာပြည်ြ ကီးစစ်ဘီလူ အာဏာရူး၊အာဏာရှင်တွေလက်အောက်ကလွတ်မြောက်ပြီး၊အေးအေးချမ်းချမ်း ကြော င့်ကြမှုကင်းပြီး ချမ်းအေးသာယာစွာ နေကြဘို့အတွက် စွန့်လွှတ်အနနစ်နာခံပြီး လှုပ်ရှားခဲ့ကြခြင်း သာဖြစ်ပါတယ်။
ဘယ်ပါတီ၊ဘယ်အဖွဲ့အစီးပဲ အာဏာရရ၊သမ္မတဖြစ်ဖြစ် သံဃာတော်တွေဟာတစ်ပါးမှ အနိမ့်ဆုံး (၁၀)အိမ်ခေါင်တောင်မဖြစ်ပါဘူး၊ အမိမြန်မာပြည်သာယာလှပဖို့အတွက်”ရလိုမှုမရှိ၊ ပေးဆပ်မှုသက်သက်နဲ့” လှုပ်ရှားခဲ့ကြတာပါ၊ ဒီတော့ ရလိုမှုမပါ စေတနာသီးသန့်နဲ့ လှုပ်ရှားတဲ့ သံဃာတော်တို့၏ ရပ်တည်ချက်ဟာ အာဏာမမက် ကရုဏာသက်သက် မို့အမြဲတမ်း မှန်ကန်သန့်စင်နေပါတယ်။ ပါတီအတွက်နိုင်ငံရေးလုပ်နေတဲ့သူတွေအဖို့ကတော့ ငါပါတီအတွက်၊ ငါနေရာရဖို့အတွက်၊စတဲ့ကိုယ်ကျိုးကိုဦးစားပေးတဲ့ စိတ်ဓါတ်တွေနဲ့မို့ အမြဲတမ်းမမှန်နိုင်ပါဘူး။
          စစ်အာဏာရှင်လက်ထက်မည်သူမှ ရဲရဲမလှုပ်ရှားရဲ့အချိန်မှာ သံဃာတော်တွေဟာ ဒကာကြီး တို့လို ပြည်ပမည်သည့်အဖွဲ့အစည်းကမှ ထောက်ပန့်မှု၊ပေးကမ်းမှုတွေမရှိပဲ အများအတွက်အနစ် နာခံလှုပ်ရှားခဲ့ရတာ ဒကာကြီးတို့ အသိဆုံးဖြစ်မှာပါ။
စစ်အစိုးရလက်ထက်ကဆိုရင် “ပြည့်သူ့ဘုန်းဘုန်း…တို့ဘုန်းဘုန်း” “ဘုန်းဘုန်းကယ်မှ တိုင်းပြည်လှ”ဆိုပြီး ဒကာကြီးတို့ပဲ အားပေါင်အာရင်းသန်သန်နဲ့ အားပေးအားမြောက်ပြုခဲ့ကြတာ မဟုတ်ပါလား။
          ရွှေဝါရောင်တော်လှန်ရေးကာလတုန်းကလည်း ဒကာကြီးတို့အဖွဲ့ဟာ ကြေးသွန်းဘုရားကြီးမှာပဲ ဆွမ်းကပ်ပြီးနေခဲ့ကြပေမဲ့၊ ဦးဇင်းတို့ကတော့ နေပူပူ၊မိုးထူးထူးမှာ အပင်ပန်းခံချီးမြောက်ကြွချီခဲ့ကြတာ ဟာ သံဃာတော်တွေပါ၊ စစ်အာဏာရှင်စစ်ဘီလူတွေက ဗုံးနဲ့ထု၊သေနပ်နဲ့ပစ်၊သေနပ်ဒင်းနဲ့ထုနေတဲ့အ ချိန်မှာ ဒကာကြီးတို့သံဃာတော်တွေနဲ့ အတူတကွရှိမနေတာကိုလည်း သားနဲ့သမီး နဲ့ မိသားစုနဲ့မို့ ဦးဇင်းတို့အနေနဲ့ နားလည်ခွင့်ပေးခဲ့သသည့်အပြင် သံဃာတော်တွေဟာ ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးနေရတဲ့ကြားက ဒကာကြီးတို့နဲ့ ဒကာကြီးတို့ရဲ့ မိသားစုတွေအတွက် စိုးရိမ်တကြီးရှိခဲ့ကြပါတယ်။
          စစ်အစိုးရကော၊ဒကာကြီးတို့အတိုက်အခံတွေကပါ သံဃာတော်တွေကို ခုတုံးလုပ်ပြီး နိုင်ငံရေး အမြတ်ထုတ်နေကြတယ်ဆိုတာကို ဟိုအရင်ကတည်းက သံဃာတော်အဆက်ဆက်ဟာ သိမြင်နားလည်ကြပါတယ်။ ဒါပေမဲ့လည်း ငါတို့တိုင်းပြည်နဲ့ လူမျိုးကောင်းစားဖို့ အသုံးချခံရတာ ခံပျော်ပါတယ် ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ သိသိကြီး အသုံးချခံခဲ့ကြတာပါ။
          စစ်အစိုးရလက်ထက်တုန်းက နည်းနည်လေးးအခက်တွေ့အခက်ကြုံတိုင်း “သံဃာနဲ့ပြည်သူ ၊နိုင်ငံရေးနဲ့ သံဃာ့အရေးဟာ လုံးဝခွဲခြားလို့ မရပါဘူး”ဆိုပြီး အန္တရာယ်ထူပြောလှတဲ့ စစ်အစိုးရခေတ် နိုင်ငံရေး လမ်းကြောင်းထဲကို သံဃာတော်တွေအား ဦးတည်းပေးခဲ့သော ဒကာကြီးတို့၏ ပါးစပ်ေ တွဟာ အခုအခါမှ သံဃာတွေနိုင်ငံရေးမလုပ်သင့်ပါဘူးဆိုတဲ့ အပြောတွေဟာ ယုတ္တိမတန် မူမမှန်တာကြောင့် ဒကာကြီးရဲ့ အတွင်းစိတ်ဟာ မြင်သာ၊သိသာလွန်းလှပါတယ်။
          ဒီနေရာမှာ ဒကာကြီးကို “အတ္တ(လုပ်စား)နိုင်ငံရေး နဲ့ ပြည်သူ့နိုင်ငံရေး”တနည်း “ပါတီနိုင်ငံရေးနဲ့ အစစ်အမှန်နိုင်ငံရေး”ကိုရှင်းပြချင်ပါတယ်။ ပါတီနိုင်ငံရေးခေါ်အတ္တဗဟိုပြုနိုင်ငံရေးဆိုတာက ငါ့ပါတီ၊ငါ့ အသိုင်းအ၀န်း၊ငါ့ဆွေမျိုး၊ငါနဲ့ အဘောထားတိုက်ဆိုင်သူတွေမှ အကောင်း၊အခြားသဘောထားမတိုက် ဆိုင်သူတွေ အားလုံးအမှား၊ငါ့ပါတီ၊ငါ့ဝါဒသာအမှန်၊ငါနဲ့ဝါဒတူတွေသာ အာဏာရစေရေး စတဲ့အတ္တကို ဗဟိုပြုတဲ့ အောက်တန်းကျတဲ့ နိုင်ငံရေးပါ၊ ဒီလိုနိုင်ငံရေးမျိုးကို ဒကာကြီးသိပ်မုန်းတဲ့ စစ်အစိုးရ အာ ဏာရှင်တွေ အသုံးပြုခဲ့ကြတာပေါ့၊ ဒါပေမဲ့ အခုအချိန်မှာ ဦးဇင်းတို့နဲ့ တိုင်းပြည်တစ်ပြည်လုံးက သိပ် ချစ်ပါတယ်၊ ပြည်သူတွေနဲ့တစ်ထပ်ထည်းရှိပါတဲ့ဆိုတဲ့ ဒကာကြီးတို့ဟာ စစ်အာဏာရှင်တွေအသုံးပြုတဲ့ ပါတီနိုင်ငံရေးကိုမသိမသာကျင့်သုံးနေပြီးအမွေဆိုးဆက်ခံနေပြီးလားလို့တောင်သံသယ၀င်လာမိပါတယ်။ ဘာ့ကြောင့်လဲဆိုတာကိုတော့ ဘက်လိုက်မှုကင်းစွာနဲ့ ပြန်လည်ဝေဘန် ဆန်းစစ်ကြည့်ရင် အမှန်တိုင်းကိုယ့်အမှားကို ကိုယ်တွေ့မြင်ရမှာဖြစ်ပါတယ်။
ပြည်သူ့နိုင်ငံရေးခေါ် အစစ်အမှန်နိုင်ငံရေးဆိုတာကတော့ ငါ့ပါတီ ငါ့ဝါဒကိုအဓိကမထားပဲ ဘယ်ပုဂ္ဂုလ်၊ဘယ်ပါတီ ဘယ်သူတွေပဲဖြစ်စေ နိုင်ငံနဲ့လူမျိုးအတွက် အကျိုးရှိမယ်ဆိုရင် ၀မ်းမြောက် ၀မ်းသာဖြစ်ပြီး တာဝန်ကျတဲ့နေရာက တာဝန်ကျေအောင်ဆောင်ရွက်ပေးတဲ့ နိုင်ငံရေးမျိုးဖြစ်ပါတယ်။ ဥပမာအားဖြင့် အမှိုက်သိမ်းတဲ့သူတွေဟာလည်း နိုင်ငံတော်သန့်ရှင်းလှပအောင် တာဝန်ယူဆောင်ရွက် ပေးရသူမို့ သူဟာပြည်သူနိုင်ငံရေးသမား(သို့)အစစ်အမှန်နိုင်ငံရေးသမားဖြစ်ပါတယ်။
ထို့အတူပဲကားဆရာတွေ၊ကျောင်းဆရာတွေဟာလည်း နိုင်ငံတော်အတွက်လိုအပ်တဲ့ ကဏ္ဍမှာဖြည့်ဆည်းတာဝန်ယူနေကြသူတွေမို့တကယ့်ပြည့်သူ့နိုင်ငံရေးသမားစစ်စစ်တွေပါ။ ဒကာကြီးတို့နိုင်ငံရေးသမားတွေကိုလည်းသံဃာတော်တွေနှင့်ပြည်သူအားလုံးကပြည့်သူနိုင်ငံရေးသမားတကယ့်နိုင်ငံရေးသမားစစ်စစ်တွေဖြစ်ဖို့ မျှော်လင့်ခဲ့ကြပါတယ်။ မျှော်လင့်ခဲ့ကြလို့လည်း အသက်တွေ၊စည်းစိမ်တွေ ဘ၀တွေရင်းပြီး ဒကာကြီးတို့ကိုဝန်းရံခဲ့ကြတာမဟုတ်ပါလား။
          ဒကာကြီးတို့ကိုအားကိုးတကြီးနဲ့ခေါင်းဆောင်နေရာပေးတာဟာ ပြည်သူတွေကိုယ်စား နိုင်ငံနဲ့ လူမျိုးရဲ့ အစီးအပွားကိုပြုလုပ်ပေးဖို့ နေရာပေးခဲ့တာပါ၊ ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျား ထက်ဆိုး ဆိုသလို ဒကာကြီးဆို့ဟာ ပြည်သူတွေပေးတဲ့ခေါင်းဆောင်နေရာကို ငါ့အပိုင်လို သဘော ထားကြသည့်အတွက် ပြည်သူတွေနဲ့ အခုလိုထိပ်တိုက်တွေ့နေကြရတာပါ။
          သံဃာတော်ပြည်သူနဲ့တို့နဒကာကြီးတို့နဲ့အခုလိုထိပ်တိုက်သဘောတွေ့ကြတာဟာသံဃာနဲ့ပြည်သူက ဒကာကြီးတို့ကို တဖက်သတ်စပြီးထိပ်တိုက်တွေ့တာမဟုတ်ပါဘူး။ အခြေအနေအချိန်အခါ အရ မြန်မာပြည်ကိုကာကွယ်ပေးတဲ့သူတွေနည်းပါးနေလို့ သံဃာတော်တွေဟာ ထုံးစံအတိုင်း ပေး ဆပ်မှုသက်သက်နဲ့ ပြည်သူတွေဘက်က အကာအကွယ်ပေးခဲ့တာပါ။ ဒါကို အတ္တဗဟိုပြု ပါတီနင်ငံရေး သမား လစ်ဘရယ်တွေဟာ စစ်အစိုးရက သံဃာ့နဲ့ပြည်သူအပေါ်ကျင့်သုံးခဲ့နည်းအတိုင်း အာဏာ ရှင်ဆန်ဆန် သူခိုးဓါးရိုးကမ်း လူမိုက်အားပေးပြုလုပ်ခဲ့လို့သာ သံဃာပြည်သူတို့နဲ့ ဒကာကြီးတို့ထိပ်တို က်တွေ့ခဲ့ကြခြင်းဖြစ်ပါတယ်။ဒီမိုခရက်တစ်ပါတီ၊NLDP.NDF,စတဲ့ပါတီကြီးတွေနဲ့ ထိပ်တိုက်မတွေ့ပဲ ဒကာကြီးတို့လစ်ဘရယ်အဖွဲ့နဲ့သာထိပ်တိုက်တွေ့နေရခြင်းဟာအများကမှားသလား၊အနည်းကမှားသလားဆိုတာ အဖြေကပေါ်လွှင်ထင်ရှားနေပါတယ်။
          ပြည်သူအတွက်နိုင်ငံရေးလုပ်တာမှန်က ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ နိုင်ငံလူမျိုး အတွက်အာဏာအစိုးရကောအတိုက်အခံအားလုံးကပါအပြည့်အ၀အကာအကွယ်ပေးရမှာဖြစ်ပါတယ်။  ကိုယ့်နိုင်ငံမှာမို့ တဖက်သတ်အဂတိလိုက်စားအနိုင်ကျင့်ရမည်လို့ဆိုလိုတာ မဟုတ်ပါဘူး၊ သူစိမ်တွေ မှားရင်သူစိမ်းကိုအပြစ်ပေး၊အပြစ်တင်ပြီး၊ အိမ်ရှင်မှားက အိမ်ရှင်ကို အပြစ်ပေးအပြစ်တင်ကာ မှန်မှန် ကန်ကန်ရပ်တည်ပေးလျှင်ကိုအခုလိုဒကာကြီးအနေနဲ့ပြည်သူတွေနဲ့ထိပ်တိုက်တွေ့စရာအကြောင်းမရှိပါဘူး။
          ပြည်တွင်းကော ပြည်ပမှာပါ တိုင်းတပါးသားတွေက ကိုယ်တိုင်းပြည်ကိုယ်လူမျိုးတို့၏ အသက် စည်းစိမ်တွေကို ရန်ရှာနေချိန်မှာ နှာစေးနေပြီး၊ ပြည်သူတွေကပြည်လည်ခုခံကာကွယ်သည့်အချိန်မှာ သူခိုးဓါးရိုးကမ်းခြင်းနဲ့၊ ဘာသာရေးအကြောင်းပြ ဘင်္ဂလီနယ်ချဲ့တို့က ပြည်တွင်းကော ပြည်ပပါနည်း လမ်းပေါင်းစုံးနဲ့ အမိတိုင်းပြည်ကိုသိက္ခာကော မြေနေရာပါကျဆုံးအောင်လုပ်နေချိန်မှာ ပြည်သူတွေ ဘက်က အမှန်အတိုင်းမရပ်တည်ကြပဲ နယ်ချဲ့ဘင်္ဂလီတို့နှင့် တစ်သံတည်း တစ်လေတည်းဖြစ်နေခြင်း ဒကာကြီးတို့လစ်ဘရယ်ဒီမိုအုပ်စုပြည်သူနဲ့ဝေခွားသွားရခြင်းအဓိကအကြောင်းအရင်းထဲကတခုပင်ဖြစ်ပါတယ်။
          နောက်ဆုံးအနေနဲ့ သံဃာတော်တွေ၏ သဘောထားရပ်တည်ချက်ကို ပြောပြလိုပါတယ်။ သံဃာတော်တွေဟာပါတီမပါ၊အာဏာမမက်၊ဘက်လိုက်မှုအဂတိကင်းတဲ့ပါရမီမြောက်ပြည်သူ့နိုင်ငံရေးသမားတွေပီပီ မည်သည့်အဖွဲ့အစည်း၊မည့်သည့်ပါတီပဲတက်တက် ပြည်သူဘက်မှ တိုင်းပြည်နှင့် လူမျိုးဘက်မှ ထာဝရ ရလိုမှုမျှော်လင့်ချက်ကင်းစွာ ရပ်တည်ကာကွယ်ပေးနေဦးမှာဖြစ်ပါတယ်။ “ဆားနှင့်ပက်သည့်အခါအနာရှိသောသူသည်သာစပ်၍အနာမရှိသောသူကတော့မည်သည့်ခံစာမှုဝေဒနာမှ ဖြစ်ပေါ်မည်မဟုတ်ချေ” သံဃာပြည်သူတို့နှင့် ထိပ်တိုက်မတွေ့ချင်လျှင် တိုင်းပြည်နှင့်လူမျိုးအတွက် ပါတီ၊အာဏာ၊ရာထူးအစွဲကင်းကင်းနှင့် တိုင်းပြုပြည်ပြုလုပ်ငန်းများကိုဆောင်ရွက်ကြဖို့ပင်ဖြစ်၏။ ဆားစပ်မှာကြောက်လျှင် အနားမရှိအောင် ဂရုပြုနေထိုင်ကြဖို့ပင်ဖြစ်ပါတယ်။
          ဒကာကြီးပြောခဲ့သလို ၂၀၀၇ ရွှေဝါရောင်သံဃာလှုပ်မှုမှာ သံဃာတော်ကို ဖမ်းဆီးထောင်ချ၊ နှိပ်စက်ခဲ့ကြသူတွေဟာ စစ်အာဏာရှင် အာဏာရူးတွေဖြစ်ပေမဲ့လည်း ကိုယ့်လူမျိုးတွေက ထောင်ချ အနိုင်ကျင့်ကြတာမို့ ဦးဇင်းတို့တတွေ ခံနိုင်ပါတယ်ဒကာကြီး၊ ကိုယ့်နဲ့လူမျိုးတူတဲ့သူတွေဟာ ဘယ်ေ လာက်ပင်ရက်စက်ကြမ်းကြုပ်ပါစေ ကိုယ့်လူမျိုးပျောက်ကွယ်သွားအောင်တော့ ပြုလုပ်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ့်နိုင်ငံကိုယ့်နေရာမှာ အခြားတိုင်းတပါးသားတွေက ဦးသောဘိတ၊မသီတာထွေ စသည်သူတွေကဲ့သို့ လည်လှီးမီးရှို့ပြီးရက်ရက်စက်စက်သတ်ဖြစ်တာကိုတော့တွေး၍ ကြောက်မိပါသဖြင့် လုံးဝမခံနိုင်ကြောင်းပါဒကာတော် ဦးဇဂနာရေ………..။
          ဒကာတော်နှင့်အပေါင်းအပါတစ်သိုက်၊ အမြင်မှန်ရ၍ ကျန်ရှိသည့်ဘ၀အချိန်ပိုင်းမှာ တိုင်းပြည်နဲ့လူမျိုးအကျိုး၊ အမှန်တကယ် အသုံးချနိုင်ကြသူများဖြစ်နိုင်ကြပါစေဟု ဆုတောင်းပတ္ထနာပြုလျှက်……………………။

(ပါတီနိုင်ငံရေး အနံ့တောင်မခံတဲ့ ဥပဇင်း)

ဓမ္မ၀ီရ အရှင်တေဇနိယ
ဗုဒ္ဓဂယာ၊အိန္ဒိယ
Website;www.ashintejaniya.com
         

တပို့တွဲလပြည့် သြဝါဒ ပါတိမောက် အခါတော်နေ့ နှင့် မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ

$
0
0

ကချင်ပြည်နယ်၊ ဟိုပင်မြို့ အရှေ့ကျောင်းကြီးတိုက်တွင် နှစ်စဉ် တပို့တွဲလဆန်း ၉ ရက်နေ့မှ လပြည့်နေ့ထိ ၇ ရက်တိုင်တိုင် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ကြီးကို နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လျက်ရှိသည်။ ယခင် ရဟန်းသံဃား ရှားပါးစဉ်ကာလက မိုးညှင်းမြို့နယ်၊ မိုးကောင်းမြို့နယ်မှ သံဃာတော်များအပါအ၀င် နှစ်စဉ် ရဟန်း ၁၀၀ ကျော် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကြီးတွင် ကြွရောက်ကာ မဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ကြပါသည်။ ယခုအခါ ဟိုပင်မြို့နယ်တွင် သာသာနာစည်ပင်ဝေဖြာလာ၍ ကျောင်းကန်ဘုရားများ ပေါများလာကာ ရဟန်းတော်များစွာ သီတင်းသုံးနေထိုင်လာကြသည့်အတွက် ၎င်းမြို့နယ်မှ ရဟန်းတော် ၁၀၀ ကျော်မျှဖြင့် ဆက်လက်၍ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကြီးကို နှစ်စဉ် ကျင်းပကာ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်လျက်ရှိပေသည်။


ယခင် စီးပွားရေး လုပ်ငန်း ကိုင်ငန်း ကောင်းစဉ်အခါက ဖားကန့်ခေတ်ကောင်းစဉ်အခါက ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ရန် ကြွရောက်တော်မူလာကြသော ရဟန်းသံဃာတော် ၁၀၀ ကျော်ကို တစ်ဦးချင်း တစ်ယောက်ချင်း ကုသိုလ်ရှင်များမှ ၇ ရက်တိုင်တိုင် ဆက်ကပ်လှူဒါန်းနိုင်ခဲ့ကြပါသည်။ ခေတ်မကောင်း၍ စီးပွားရေးအဆင်မပြေလာကြသောအခါတွင်လည်း ဆွမ်းဝိုင်း ၁ ၀ိုင်းလျှင် ၅၀၀၀ နှုန်းဖြင့် စုပေါင်းလှူဒါန်းမှုတွေ များလာခဲ့သောကြောင့် မြို့သူမြို့သားများ၏ ညီညွှတ်မှုစွမ်းအား သဒါတရားကား လျှော့မသွားခဲ့ပေ။

နေ့လည် နေ့ခင်းများတွင် ရပ်ဝေးရပ်နီးမှ ပဋ္ဌာန်းတရားနာယူရန်ရောက်ရှိလာကြသော ဧည့်သည်များကိုလည်း ထမနဲများ၊ ဇီးသီးဆားရေစိမ်၊ ဇီးဖြူသီး ဆားရေစိမ်များဖြင့်၊ ၇ ရက်တိုင်တိုင် ရပ်ကွက်အလိုက် အလှည့်ကျစနစ်ဖြင့် တည်ခင်းဧည့်ခံကာ ကုသိုလ်ယူကြပေသည်။

ကြွရောက်တော်မူလာကြသော သံဃာတော် ၁၀၀ ကျော်ကလည်း ယခင်နှစ်များနှင့်မတူ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ရာ ၇ ရက်တိုင်တိုင် ရပ်ကွက်တွင်းသို့ အလှည့်ကျ ဆွမ်းဆန်စိမ်းခံကြွရောက် ချီးမြှောက်ကြပါသည်။ ၇ ရက်ပြည့်၍ တပို့တွဲလပြည့် ပဋ္ဌာန်းသိမ်းပွဲနေ့တွင်လည်း ၇ ရက်တိုင်တိုင် စေတနာရှင် ကုသိုလ်ရှင်များ ပဋ္ဌာန်းတရားနာကြွရောက်လာကြသည့် ရပ်ဝေးရပ်နီးမှ ဒကာ-ဒကာမများလှူဒါန်းထားသော န၀ကမ္မ အလှူတော်ငွေများ ဒါတဗ္ဗ၀တ္ထုအစုစုတို့ကို စာရေးတံမဲချလှူဒါန်းကာ ကုသိုလ်ယူကြပါသည်။ ကချင်ပြည်နယ် ဟိုပင်မြို့တွင် ကျင်းပသော အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကြီးကား တနယ်လုံးတွင် တစ်နေရာတည်းသာ မြို့နယ်လုံးကျွတ် ကျင်းပပြုလုပ်ရသည့်အတွက်  အခြားအခြားသော နေရာဒေသများမှ မဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကြီးများ နှင့် မတူအောင် စည်ကားသိုက်မြိုက်လှပေသည်။

သြ၀ါဒပါတိမောက်အခါတော်နေ့

တပို့တွဲလပြည့်သည် ဘုရားရှင်တိုင်းတပည့်သားတို့အား သြ၀ါဒ ပေးတော်မူသည်ကို အကြောင်းပြု၍ သြ၀ါဒပါတိမောက် အခါတော်နေ့အဖြစ် သတ်မှတ်ထားပါသည်။ တပို့တွဲလပြည့်နေ့၏ ထူးခြားချက်တွေကတော့
- အရှင်သာရိပုတ္တရာ ရဟန္တာဖြစ်သောနေ့
- အရှင်သာရိပုတ္တရာ ပညာအရာဧတဒဂ်ရပြီး အရှင်မဟာမောဂ္ဂလန် တန်ခိုးအရာ ဧတဒဂ်ရသောနေ့၊
- အင်္ဂါလေးရပ်နှင့်ပြည့်စုံသော ရဟန်းပရိသတ်တို့ အလိုအလျောက် စုဝေးမိသောနေ့၊
- ဘုရားရှင်တိုင်း သြ၀ါဒပါတိမောက် ပြတော်မူသောနေ့ ... စသည်ဖြင့် အများကြီးရှိပါသည်။

ဘုရားရှင်တို့၏ အဆုံးအမ သြ၀ါဒါနှင့် ပညတ်တော်မူသော သိက္ခာပုဒ်များကို ပါတိမောက်ဟုခေါ်ပါသည်။ ပါတိမောက်တွင် သြ၀ါဒပါတိမောက်နှင့် အာဏာပါတိမောက်ဟူ၍ နှစ်မျိုးရှိသည်။ သြ၀ါဒပါတိမောက်ကို ဘုရားရှင်တို့သာ ပြခွင့်ရှိသည်၊ တပည့်သာဝကတို့ ပြခွင့်မရှိပါ။ ဘုရားတဆူနှင့်တဆူ သြ၀ါဒပေးပုံ ကွဲပြားခြားနားမှု မရှိ၊ ပြတော်မူသည့် အချိန်ကာလသာ ကွဲပြားသည်။ ဥပမာ ...

၁) ၀ိပဿီမြတ်စွာဘုရားသည် ၇-နှစ်လျှင်တကြိမ် သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။ တကြိမ်ပြလျှင် သြ၀ါဒ ၇-နှစ် ကြာ တည်တံ့သည်။
၂) သိခီနှင့် ဝေဿဘူမြတ်စွာဘုရားတို့သည် ၆-နှစ်လျှင်တကြိမ် သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။ တကြိမ်ပြလျှင် သြ၀ါဒ ၆-နှစ်ကြာ တည်တံ့သည်။
၃) ကကုသန်နှင့် ကောဏာဂုမ်မြတ်စွာဘုရားတို့သည် ၁-နှစ်လျှင် တကြိမ် သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။ တကြိမ်ပြလျှင် သြ၀ါဒ ၁-နှစ်ကြာ တည်တံ့သည်။
၎) ကဿပမြတ်စွာဘုရားသည် ၆-လလျှင်တကြိမ် သြ၀ါဒပါတိမောက်ကို ပြတော်မူသည်။ တကြိမ်ပြလျှင် သြ၀ါဒ ၆-လကြာတည်တံ့သည်။

သက်တမ်းရှည်သော ဘုရားတို့သည် သြ၀ါဒပါတိမောက်ကို သာသနာခေတ်ဆုံးတိုင် ပြတော်မူကြသည်။ သက်တမ်းတိုသော ဘုရားရှင်တို့ကား ပထမဗောဓိ ခေါ်သော ၀ါတော် ၂၀ အတွင်း၌သာ သြ၀ါဒ ပါတိမောက်ကို ပြတော်မူလေ့ရှိပါသည်။ သိက္ခာပုဒ်တော် ပညတ်ချိန်မှစ၍ သြ၀ါဒ ပါတိမောက်ကို ပြတော်မမူဘဲ အာဏာပါတိမောက်ကိုသာ ပြစေတော်မူပါသည်။

ဘုရားရှင် အဆုံးအမ သြဝါဒ နှင့် ပညတ်တော် မူအပ်သော သိက္ခာပုဒ်များကို ပါတိမောက်လို့ ခေါ်ပါသည်။ ဘုရားရှင်အားလုံး သြဝါဒ ပါတိမောက် ဂါထာကို ရွတ်မြဲ ပြမြဲ ဖြစ်ပါသည်။

အပါယ်ဘေးမှ ကင်းဝေးစေသည့် အဆုံးအမကို သြဝါဒ ဟုခေါ်ပြီး ထိုသြဝါဒ မိန့်ကြားတော်မူခြင်းကို သြဝါဒ ပါတိမောက်ပြသည် ဟု ဆိုလိုသည်။

ပါတိမောက်သည် သြဝါဒပါတိမောက် နှင့် အာဏာ ပါတိမောက် ဟု ၂ မျိုးရှိ၏။ သြဝါဒ ပါတိမောက်ကို မြတ်စွာဘုရားတို့သာ ပြုခွင့်ရှိပြီး၊ တပည့်သာဝက တို့ကား ပြခွင့်မရှိပါ။ တပည့်သံဃာတို့သည် အာဏာပါတိမောက်ကိုသာ ပြုခွင့်ရှိပါသည်။

လောဘ၊ဒေါသ ၊ မောဟ စရိုက်များများထူပြောချိန်တွင် သြဝါဒတည်မြဲရန် ခဲယဉ်းသောကြောင့် ၊ ဝါတော် -၂၀ လွန်လျှင်၊ တပည့်သံဃာတို့အား ၊ အာဏာပါတိမောက်ကို ပြစေရပါသည်။

ဘုရားရှင်တို့သည် သြ၀ါဒပါတိမောက်ကို ...
- တပို့တွဲလပြည့်နေ့ ကြုံကြိုက်ခြင်း၊
- ဧဟိဘိက္ခု ရဟန်းချည်းသာဖြစ်ခြင်း၊
- ဆဠာဘိည ပဋိသမ္ဘိဒါ ပတ္တ ရဟန္တာချည်းဖြစ်ခြင်း၊
- မည်သူမျှ မပင့်ဖိတ်ဘဲ စုဝေးမိခြင်း ... ဤ အင်္ဂါ လေးချက်နှင့် ပြည့်စုံမှ ပြမြဲ ဖြစ်ပါသည်။

ဂေါတမ မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပို့တွဲလပြည့်နေ့တွင် အထက်ဖော်ပြပါ အင်္ဂါလေးရပ်နှင့် ပြည့်စုံသော ကဿပညီနောင် ရှင်တထောင်၊ အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလန်နှင့် တပည့် ၂၅၀၊ စုစုပေါင်း ရဟန္တာ ၁၂၅၂ ပါးတို့အား ဂါထာသုံးပုဒ်ဖြင့် သြ၀ါဒပါတိမောက်ကို ပြတော်မူပါသည်။ သြ၀ါဒပါတိမောက်ဂါထာသည် သီလ, သမာဓိ, ပညာကို ဟောကြားထား၍ ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု ခေါ်ပါသည်။ သြ၀ါဒပါတိမောက်ဂါထာအတိုင်း လိုက်နာကျင့်ကြံပါက ကိုယ်, နှုတ်, စိတ် ယဉ်ကျေးလိမ္မာပြီး အို, နာ, သေ လွတ်ရာ နိဗ္ဗာန်သို့ ရောက်ရှိနိုင်မည် ဖြစ်ပါသည်။

ခန္တီ ပရမံ တပေါ တိတိက္ခာ၊ နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ၊
န ဟိ ပဗ္ဗဇိတော ပရူပဃာတီ၊ န သမဏော ဟောတိ ပရံ ဝိဟေဌယန္တော။

လွန်ကဲစွာ အမြဲသည်းခံခြင်းသည် မြတ်သော အကျင့်မည်၏၊
နိဗ္ဗာန်ကို အမြတ်ဆုံးဟူ၍၊ ဘုရားရှင်တို့ ဟောတော်မူကုန်၏၊
သူတစ်ပါးကို ညှဉ်းဆဲ သတ်ဖြတ်သူသည် ရဟန်းမဟုတ်။

သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ။
သစိတ္တ ပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။

မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား၊
ဗုဒ္ဓတိုင်းသာ မိန့်ခဲ့တာ သုံးဖြာ၍စကား။

အနုပဝါဒေါ အနုပဃာတော ၊ ပါတိမောက္ခေ စ သံဝရော၊
မတ္တညုတာ ဟ ဘတ္တသ္မိံ။ ပန္တဉ္စ သယနာသနံ ။
အဓိစိတ္တေ စ အာယာဂေါ ၊ ဧတံ ဗုဒ္ဓါန သာသနံ။ 

သူတပါးကို မစွပ်စွဲ မပြစ်မှားရာ။
သူတပါးကို မညှဉ်းဆဲ မနှိပ်စက်ရာ။
မြတ်သောသီလ၌ စောင့်စည်း လုံခြုံရာ၏။
စားသုံးဖွယ်၌ ပမာဏကို သိရာ၏။
အစွန်အဖျား ကျောင်းအိပ်ရာ၌ နေရာ၏။
ထူးမြတ်သောစိတ်၌ လွန်စွာ အားထုတ်ရာ၏။
ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။

(တပို့တွဲလပြည့် သြ၀ါဒပါတိမောက် အခါတော်နေ့မှာ ဘုရားရှင်တို့ ဟောကြားတော်မူသော သြ၀ါဒပါတိမောက် ဒေသနာတော်ကို ရွတ်ဖတ်ပွါးများ အားထုတ်ခြင်းဖြင့် ကုသိုလ် ယူနိုင်ကြပါစေ)

ကြည်ညိုလိုက်စမ်းပါ

$
0
0


လောက၌ အကောင်းမြင်ဝါဒီ အဆိုးမြင်ဝါဒီဟု နှစ်မျိုးရှိသည်။ အထူးသဖြင့် ယနေ့ခေတ်သည် အဆိုးမြင်ဝါဒီသမားတို့ တိုးပွားကြီးထွားသော ခေတ်ဖြစ်လေသည်။ ဤကဲ့သို့သော ခေတ်ကြီးတွင် နိန္ဒာ၊ပသံသ လောကဓံ နှစ်ဖြာကို ခံနိုင်ရည်စွမ်း မရှိသူအဖို့ ဒုက္ခ သံသရာ ပင်လယ်ဝေဖို့သာ ရှိတော့သည်။ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့ အပေါ်ဝယ်မိဘမေတ္တာ အပြည့်ဝဖြင့် ရှု့မြင်သုံးသပ် သာသနာတော်၏ အဓွန့်ရှည် တည်တန့်ရေးကို လိုလားသည့် ကျောင်းအစ်မ တစ်ဦး၏ ရှင်သာမဏေ ရဟန်းငယ် များအပေါ် စောင့်ရှောက်ပုံ ကို ယနေ့ခေတ် အပြစ်ကိုသာမြင် အတုယောင်ကိုသာ အဟုတ်ကြီး ထင်နေကြသည့် လူအများစု အတွက် ဖေါ်ပြလို ပါသည်။မန္တလေးမြို့ ယခုမျက်မှောက်ခေတ်တွင် အောင်မြင်နေသည့် စာသင်တိုက်ကြီး၏ ကျောင်းအစ်မဖြစ်သည့် အမျိုးသမီးကြီး၏ မျက်နှာအသွင်ပြင်သည် ကျက်သရေးလည်းရှိ စိတ်ဓာတ်ကလည်း တကယ်ပင် မွန်မြတ်ပါပေသည်။ စာသင်သား သံဃာ၂၀၀ကျော်ကို နေ့စဉ် ဟင်းကောင်း တစ်ခွက် စီမံကာ လှူဒါန်းလေ့ရှိသည့် ကျောင်းအစ်မကြီးသည် မိခင်မေတ္တာ အပြည့်ဖြင့် သူမ လှူဒါန်းထားသည့် ကျောင်းဝန်းအတွင်းကို လေ့လာ ကြည့်ရှု့ စီစစ်လေ့ရှိသည်။ စည်းကမ်းလည်း အလွန်ပင်ကြီးသည့် အမျိုးသမီးကြီး ဖြစ်သည်။ သူမလှူဒါန်းထားသော ကျောင်းအတွင်း စာသင်နေသည့် ရှင်သာမဏေများသည် အသက်အရွယ်အားဖြင့် (၇)နှစ်မှသည် အသက် (၁၉)နှစ် အရွယ်ထိဖြစ်သည်။ ရဟန်းငယ် များမှာလည်း အသက်အားဖြင့် (၂၀)၀န်းကျင် နှင့် (၃၀)ကြားမှာ ရှိကြသည်။ အသက်လေးကျော် ဆိုသည်မှာ ကျောင်းထိုင်ဆရာတော် တပါးသာရှိသည်။ လောကီအမြင်နှင့် ကြည့်မည်ဆိုလျှင် (၇)နှစ်နှင့် (၁၅)နှစ် အရွယ်များသည် အလွန်ပင် ဆော့လိုကြ အငြိမ်မနေကြသည့် အရွယ်များဖြစ်သည်။ ကိုရင်ဆိုသည့် နာမည်နှင့် လိုက်အောင် ဆရာသမားများက နေ့စဉ် ညစဉ် ဆုံးမထား၍သာ အရွယ်နှင့်မမျှ ကိုယ်အမှုအရာ နူတ်အမူအရာ လေးတွေ ချစ်ဖို့ကောင်းနေသည်။ ဆရာသမား များကွယ်ရာ ရောက်သွားလျှင်တော့ သင်္ကန်းကို ဘေးချ ကလေးသဘာဝ ထိန်းချုပ်မရ ကြံဖန်ကာ ဆော့ကြသည်။ စာရေးသူ ကိုရင်ပေါက်စဘ၀ အသက်အားဖြင့် (၇)နှစ်သား အရွယ်မှာ ရွာထဲ ဆွမ်းခံသွားရင်း တခါတရံ အဖေါ်ကောင်းရင် သပိတ်ကိုဘေးချ သင်းပိုင်လိပ်ထဲက သားရေကွင်း ထုတ်ကာ သားရေပင် ပစ်တမ်း ဆော့လို့ ဆရာတော်က ကြိမ်နဲ့ဆော် ခံရတာ အကြိမ်ပေါင်း မနည်းပင်။ နေ့စဉ်နှင့်အမျှ ကျောင်းဝင်းအတွင်း အိမ်သာရေချိုးခန်းပါ မကျန် လိုက်လံကြည် တတ်သည့် သူမသည် တခါတခါ ကိုရင်လေးများ ကျောင်းဆောင်အတွင်း အ၀တ်စုတ်ကိုလုံးကာ ဘောလုံးကန်ကြ သည်ကိုလည်း တွေ့မြင်ရသလို တစ်ခါတစ်ခါ ကိုရင်ကြီးများ စာအုပ်ဘေးချ ကျားထိုးကြ သည်ကိုလည်း တွေ့မြင်ရသည်။သူမသည် ဆရာတော်ကြီးကိုလည်း မလျှောက်၊ သူကိုယ်တိုင်လည်း မမြင်သကဲ့သို့ ရှောင်ဖယ်သွားတတ်သည်။


ကျောင်းရှိ ကပ္ပိယများ ကိုရင်လေးတို့ ဆော့သည်ကိုမြင်၍ ဆရာတော်ကို လျှောက်လိုက်၍ ဆရာတော်က ရိုက်လျှင်လည်း ဦးဇင်းရယ် မရိုက်ပါနဲ့ ကိုရင်လေးတွေက ကလေးအရွယ်တွေပဲ ဆော့ချင်ကြမှာပေါ့ ဒဏ်လေးလောက်ပဲ ပေးပြီး ကျေနပ်လိုက်ပါ ဆုံးမလိုက်ပါ ဦးဇင်းရယ်ဟု ဖြေသိမ့်တတ်သည်။ သူမ၏ ကိုရင်လေးတို့ပေါ်ထားရှိသည့်သဘောထားကို ကပ္ပိယကြီးအား ပြောပြသည်ကို ဤသို့ ကြားမိသည်….ကပ္ပိယကြီးရယ် ကိုရင်လေးတွေ ဆော့တာ မဟုတ်တာလေးတွေကို ဆရာတော်ကို မလျှောက်ပါနဲ့။ သူတို့လေးတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘနဲ့ခွဲ ရပ်ရွာနဲ့ခွဲပြီး ပိဋကတ် စာပေတွေကျက် သာသနာတော်မှာ ပျော်မွေ့နေတာကို ကျေနပ်လိုက် စမ်းပါတဲ့။ ရှင်လည်း မ၀တ်နိုင်၊ ကျွန်မလည်း ၀တ်ခွင့်မရတဲ့ သင်္ကန်းကို ရုံလို့ တစ်ခါတစ်ခါ ဆွမ်းခံသွားခါနီ သူတို့လေးတွေ တန်းစီရပ်လို့ သပိတ်လေးတွေ ပိုက်ကာ သူတို့ဆရာသမားရှေ့မှာ သြ၀ါဒကို ခံယူ မျက်လုံးလုံးတွေ မှိတ်၊ ငြိမ်ငြိမ်လေး ရပ်နေတာလေးကို မြင်လိုက်ရရင် ကျွန်မဖြင့်လေ (၇)နှစ်သားနဲ့ ရဟန္တာဖြစ်သွားတဲ့ ရှင်ပဏ္ဍိတတို့ ရှင်သံကိစ္စတို့များလားလို့ စိတ်ထဲမှာကြည်နူးမိတယ်။ ပီတိတွေဖြစ် သဒ္ဓါတရားတွေ ပွားများမိပါတယ်တဲ့။

ဆော့တတ်တဲ့အရွယ်မှာ ကလေးစိတ်က ရှိနေတော့ ပုထုဇဉ် ကိုရင်လေးတွေပဲ ကပ္ပိယကြီးရယ် အပြစ်တော့ ဘယ်ကင်းပါ့မလဲ။ သင်္ကန်းဝတ်ထားလို့သာ ကိုရင်ခေါ်ရတာကိုး။ သူ့အရွယ် သူ့သဘာဝ အတွင်းစိတ်ကတော့ ဆော့ချင်နေရှာမှာပေါ့။ ဒီလိုအရွယ်လေးနဲ့ ငါတို့မလုပ်နိုင်တာတွေ သူတို့က လုပ်နေတာ ပါလားလို့ သိလိုက်ရင် သူတို့အပေါ် နားလည်လို့ ရတာပေါ့ ကပ္ပိယကြီးရယ်။ စာကျက်လိုက် ဆော့လိုက်နဲ့ ဒီလိုနဲ့ပဲ လတွေကုန် နှစ်တွေကုန် ကိုရင်လေးကနေ ကိုရင်ကြီး၊ ကိုရင်ကြီးကနေ ဦးဇင်းလေး၊ ဥိးဇင်းလေးကနေ ဆရာတော်ကြီးတွေ ဖြစ်သွားရတာပဲလေ။ ကိုရင်လေးတွေကို သားသမီးလို သဘောထားပြီးး ချစ်လိုက်စမ်းပါ ကပ္ပိယကြီးရယ်တဲ့။

နောက်ရှိသေးတယ် ကပ္ပိယကြီးရေ…. သားအလတ်တွေ ရှိသေးတယ်တဲ့။ သားအငယ်တွေက ဆော့ရုံပဲရှိတာ။ စိတ်မပူရဘူး ကပ္ပိယကြီးရေ….. သားအလတ်တွေက သိတဲ့အတိုင်း အသက်က (၁၅) (၁၆) (၁၇) (၂၀)နှစ်တွေလေ။ လောကီပြော ပြောရရင် လူပျိုပေါက်စ မြီးကောင်ပေါက် အရွယ်တွေပေါ့။ ဒီအရွယ်တွေက ကွမ်းဝါးချင်လာတယ် ဆေးလိပ်သောက် ချင်လာတယ်။ ကောင်မလေးတွေပေါ် စိတ်ဝင်စားလာတဲ့ အရွယ်တွေပေါ့။ ကျွန်မက သိတယ်….ဒီကိုရင်ကြီးတွေ ဦးဇင်းငယ်လေးတွေရဲ့ ခြေလှမ်းဘယ်ရောက် နေတယ်ဆိုတာ ကပ္ပိယကြီးက မသိဘူး။ အခု အပြင်ကို ညနေတိုင်း ကျောင်းအနားက ထမင်းကျော် ခေါက်ဆွဲကျော် ၀ယ်စားနဲ့ တော်ကြာ အပြင်က ကောင်မလေးတွေနဲ့ ရှုပ်တာတွေဖြစ်မှာ စိုးရတယ်။ အဲဒါ ကျောင်းနားက ဆိုင်တွေကို ခပ်ဝေးဝေး ဆိုင်ဖွင့်ဖို့ ငွေပေးပြီး ရှင်းထားရတယ်.. ကပ္ပိယကြီးရေတဲ့။ ဆွမ်းစားကျောင်း မှာရှိတဲ့ အစားအသောက် ယူစားတာ ကပ္ပိယကြီး မမြင်သလို နေပေးပါ။ အပြင်ဆိုင် ထွက်ထိုင်ပြီး စားတာထက်စာရင် ကျွန်မကျောင်းက ကိုရင်တွေ ကျွန်မသားတွေက အများကြည်ညိုဖို့ ကောင်းတာပေါ့။ စိတ်ကစားတဲ့ အရွယ်လေးတွေကို ကျမတို့က ထိန်းထိန်းသိမ်းသိမ်း လုပ်ပေးလိုက်ရင် သူတို့စာပေတွေ သူတို့ ဆရာသမား အဆုံးအမတွေနဲ့ ဖြေးဖြေးခြင်း အရွယ်လေး ရလာပြီး ကိုရင်ကြီးတွေ ဦးဇင်းလေးတွေ တည်ငြိမ်သွားမှာပေါ့။ တနေ့က ကိုရင်ကြီး တပါး အုတ်တံတိုင်းခုန်ပြီး ဘောလုံးပွဲ သွားကြည့်တာ ဆရာတော်က မြင်တယ်ဆိုလို့ အဲဒီကိုရင်ကြီးကို ဆရာတော်က နှင်ထုတ်လိုက်တယ်။ စိတ်မကောင်းဖြစ်မိတယ် ကပ္ပိယကြီးရယ်။ အဲဒါ အခု ဆရာတော်ကို လျှောက်ပြီး အိမ်က တီဗွီ နှစ်လုံး ယူလာပြီး အပြင်မထွက်ကြနဲ့ ကျောင်းတွင်းမှာပဲ ကြည့်ပါ ကိုရင်တို့ရေဆိုပြီး သူတို့ အဆောင်ပေါ် ပို့ထားခဲ့တယ်။ အင်းလေ သူတို့တွေလဲ ဒီအရွယ်က အပျော်အပါး မက်ကြတဲ့ အရွယ်တွေပဲ။ အပြင်က လူငယ်တွေလို ကာရာအိုကေဆိုင်သွား နိုက်ကလပ်သွား မိဘကို စိတ်ဆင်းရဲအောင် လုပ်နေတာ ထက်စာရင်တော့ သင်္ကန်းဝတ်ပြီး စာတွေကျက် တဖြေးဖြေးနဲ့ သာသနာမှာ ထင်ရှားတဲ့ ဆရာတော်ကြီးတွေ ဖြစ်လာကြ မှာပဲလို့ တွေးပြီး ကျွန်မကဖြင့် ကြည်ညိုနေမိတာပဲ။ ကျွန်မ စောင့်ရှောက်ပြုစုထားတဲ့ ဒီကိုရင်ငယ် ကိုရင်ကြီးတွေ နောက် အနှစ် (၂၀)လောက် အချိန်ကျရင် အခုဆရာတော်ကြီးလိုမျိုး အပါး (၂၀၀)ထဲက အပါး (၂၀)လောက်တော့ ပေါ်ထွက်လာမှာပဲတဲ့။ ဒါဆိုရင် ကျွန်မ သာသနာအတွက် ထောက်ပံ့လှူဒါန်းရတာ သာသနာပြုရတာ အကျိုးကြီးပြီပေါ့ ကပ္ပိယကြီးရယ်တဲ့။နောင်တချိန်ကျရင် ရှင်တို့ ကျွန်မတို့ လှူဒါန်းနိုင်လို့ ကျောင်းကြီးတွေ တည်ဆောက်ထားပေမဲ့ သင်္ကန်းစည်းပြီး အမေနဲ့ခွဲ အဖေနဲ့ခွဲ ရပ်ရွာကိုခွဲပြီး စာလာသင်မဲ့ အမျိုးကောင်း သားလေးတွေ မရှိတော့ရင် ကျွန်မတို့ ဘယ်လို သာသနာပြုလို့ ရတော့မလဲ။ အခုကျွန်မတို့ ကိုးကွယ်နေတဲ့ ဆရာတော် ကြီးမျိုးတွေ ဘယ်ပေါ်ထွက် တော့မလဲ။တကယ်တော့ ကပ္ပိယကြီးရယ် ကမ္ဘာ့သာသနာပြု ဆရာတော်ကြီးတွေ နိုင်ငံကျော် ဆရာတော်ကြီး တွေဆိုတာ ဒီလိုပဲ ကလေးဘ၀ကနေ ဒကာ၊ဒကာမတွေက ထောက်ပံ့ ဆရာသမားတွေက ပျိုးထောင်လာခဲ့လို့ ဖြစ်လာခဲ့ ရတာပေါ့။ အပင်ပျိုးရင်း တခါတခါ ရေးများများ လောင်းမိလို့ အမြစ်ပုတ် အပင်သေ သွားတာရှိသလို အချိန်မှီ ရေမလောင်းမိလို့ အမြစ်ချောက် သေသွားတာလဲ ရှိသပေါ့ ကပ္ပိယကြီးရယ်။အဲဒီတော့ သူ့အရွယ်နဲ့ သူ့စရိုက် အရွယ်ရောက်လာရင် ဖြစ်ပေါ်လာတတ် စမြဲမို့ အမြင်မတော်တဲ့ အရာလေးတွေကို အပြစ်မမြင်၊ ခွင့်လွတ်နားလည်ပေး၊ လမ်းမှန်ရောက်အောင် သားသမီးလို စောင့်ရှောက်ပေးပြီး သာသနာ တော်အတွက် ဆရာတော်ကြီး တွေဖြစ်ဖို့ သာသနာ့ဘောင်မှာ ပျော်နေတဲ့ ကိုရင်ငယ် ရဟန်းငယ် လေးတွေကို ကြည်ညို လိုက်စမ်းပါ ကပ္ပိယကြီးရယ်……………………တဲ့။

စာသင်သား သံဃာတော်ပေါင်း (၂၀၀)ကျော်ရဲ့ မိခင်ကြီး၊ သာသနာ့ မိခင်ကြီး၏ စိတ်ဓာတ်နှင့် သဘောထားကို ကြားသိလိုက်ရတဲ့ ကပ္ပိယကြီးသည် မျက်ရည်စ တွေဝဲကျ အံ့သြခြင်း များစွာဖြင့် တန်လျားခုံးပေါ်တွင် ကျောင်းအစ်မကြီး ထွက်သွားသော ခြေလှမ်းတို့ကို ငေးကြည့်ကာ ကျန်ရစ်ခဲ့ လေတော့သည်။ ထိုနေ့မှစ၍ ကျောင်းရှိ ကပ္ပိယကြီးသည် ကိုရင်လေးများက အဘရေ ကိုရင်တို့ကို ဘာလုပ်ပေး ပါဟုဆိုလျှင် ပြုံးပြုံးကြီးဖြင့် လုပ်ပေးရှာသည်။ ကိုရင်လေး တွေကလည်း အဘကိုချစ်ကြ၊ အဘကလည်း ကိုရင်လေးတွေကို ချစ်ကြနှင့် ပျော်စရာ ကြီးဖြစ်၍ နေလေတော့သည်။ ထို့ကြောင့် စာရေးသူ ကောက်ချက်ချမိသည်။ ဗုဒ္ဓဘာသာ ခံယူထားသည့် အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့တွင် သဒ္ဓါတရား အားကောင်း၍ သာသနာကို ချစ်မြတ်နိုးသော အမျိုးကောင်းသား၊ အမျိုးကောင်း သမီးတို့သည် ကိုရင်ငယ်၊ ရဟန်းငယ် တို့အပေါ်၌ မိမိသွေးသား များကဲ့သို့ ကြည်ဖြူ စောင့်ရှောက် နားလည် ပေးကြကုန်၏။ တကယ်ပင် သာသနာတော်ကို ထောက်ပံ့လှူဒါန်း ကြကုန်၏။ သဒ္ဓါတရား အားနည်း၍ ဟိုယောင်ယောင် ဒီယောင်ယောင် အမျိုးကောင်းသား၊ အမျိုး ကောင်းသမီးတို့သည်ကား ပိဋကတ်ကျမ်းစာ တစ်ပိုင်းကြောင့် ကျက်မှတ်ကာ သာသနာစိတ် ကြီးမာသယောင်ယောင်၊ ခေတ်ပညာတတ် လူတတ်ယောင်ယောင် ရဟန်းသာမဏေ တို့အပေါ် အထင်မြင်သေးကာ ဟိုကိုရင်က ဘာတွေလုပ်နေ၏၊ ဟိုဘုန်းကြီးက ဒါတွေလုပ် နေ၏ဟု ဝေဖန်လေကန် မှုပြုကြ၏၊ သာသနာတော်ကို ရက်ရက်ရောရော ထောက်ပံ့လှူဒါန်း ကြသူများ မဟုတ်ပေ။ မစိုးရိမ် ဆရာတော် မိန့်သည့် စကားဖြင့် နိဂုံးကမ္ပတ် အဆုံးသတ် လိုက်ပါရစေ…..မန္တလေးမြို့က ဒကာကြီး တယောက်သည် ကိုရင်များ ဘောလုံးကန် နေသည်ကို တွေ့မြင်၍ မစိုးရိမ်ဆရာတော် ဘုရားကြီးထံ သွားရောက်၍ ဆရာတော်ဘုရား အရှင်ဘုရားကျောင်းက ကိုရင်တွေ ဘောလုံးကွင်းထဲမှာ ဘောလုံးကန် နေပါသည် ဘုရား၊ မြင်ရ တွေ့ရတာ မကောင်းလှပါဘူး ဘုရားဟု လျှောက်ထားလေ၏။ထိုအခါ ဆရာတော်က ပြန်မိန့်လိုက်သည်မှာ ….အေးကွဲ့ ဒကာတော်…. ကိုရင်လေးတွေ ဘောလုံးကန်နေတာ သွား အပြစ်မမြင်လေနဲ့။ နောင်တချိန် ဒီကိုရင်လေးတွေ ငါလို ဆရာတော်ကြီး ဖြစ်တဲ့အခါ ဘောလုံးကန်ပါဥိး ဘုရားလို့ ဆိုပြီး ဘောလုံး လာချပေးထား။ ဘယ်တော့မှ မကန်တော့ဘူးမှတ်။ ကလေးမို့ ဆော့တာ ဆော့ပစေ..ပစ်ထားလိုက်ဟု မိန့်တော်မူပါသတည်း။ကဲ ယနေ့ခေတ် ညီငယ် ညီမငယ် အကိုကြီး အမကြီးတို့……မည်သို့မည်ပုံ သာသနာ့ဝန်ထမ်း ရှင်ရဟန်း တွေအပေါ် ရူ့မြင်ကြမလဲ…ဆိုတာ ခေတ်ပညာတတ် ပညာရှင် ကြီးများမို့ သိရှိကြ လိမ့်မည်ဟု ယုံကြည်မိပါကြောင်း။ (အရွင္နာယကာလကာၤရ)

မှတ်ချက်၊ ၊ အရှင်နာယကာလင်္ကာရ၏ ပိုစ့်လေးအား ထပ်ဆင့်မျှဝေသည်။
ဓမ္မမိတ်ဆွေများအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍လိုရာဆန္ဒများ တစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

သြကာသဘုရားရှိခိုးအကြောင်း သိကောင်းစရာ

$
0
0


 သြကာသ ဘုရားရှိခိုး
သြကာသ… သြကာသ…. သြကာသ ကာယကံ၊ ၀စီကံ ၊ မနောကံ၊ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ၊ ပထမ ၊ ဒုတိယ၊ တတိယ၊ တစ်ကြိမ်၊ နှစ်ကြိမ် ၊ သုံးကြိမ် မြောက်အောင်၊ ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ ရတနာ မြတ်သုံးပါးတို့ကို၊ အရို အသေ အလေး အမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ ရှင်ဘုရား။
ဆုတောင်း ခြင်း
ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး ၊ ကပ်သုံးပါး၊ ရပ်ပြစ် ရှစ်ပါး၊ ရန်သူမျိုး ငါးပါး၊ ၀ိပတ္တိတရား လေးပါး၊ ဗျသန တရားငါးပါး၊ အနာမျိုး ၉၆ ပါး၊ မိစ္ဆာဒိဋ္ဌိ ၆၂ ပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား ဖိုလ်တရားနိဗ္ဗာန် တရားတော်မြတ်ကို ရပါလို့၏ အရှင်ဘုရား။


သြကာသ ရှင်းတမ်း
သြကာသ   = ရှိခိုးပါရစေ၊ ကန်တော့ပါရစေဟု အခွင့်တောင်းခြင်းကို သြကာသဟု ခေါ်သည်။ လေးနက်စေလိုသောကြောင့် လည်းကောင်း၊ ထင်ရှားပျံ့နှံ့စေလိုသောကြောင့် လည်းကောင်း သြကာသကို သုံးကြိမ် ဆိုရပါသည်။
ကံသုံးပါး     = ကိုယ်ဖြင့်ပြုသော အမှုကို ကာယကံ၊ နှုတ်ဖြင့်ပြောသောအမှုကို ၀စီကံ၊ စိတ်ဖြင့်ကြံသောအမှုကို မနောကံဟုခေါ်သည်။
ရတနာ         = နှစ်သက်မြတ်နိုးအပ်သောကြောင့် ရတနာဟုခေါ်ပါသည်။
ဘုရား           = တရားအလုံးစုံကို အကုန်အစင်  သိမြင်တော်မူသောကြောင့် ဘုရားဟု ခေါ်ပါသည်။
တရား         = အပါယ်ဆင်းရဲ သံသရာဝဋ်ဆင်းရဲသို့ မကျရောက်အောင် ဆွဲဆောင်တတ်သောကြောင့် တရားဟု ခေါ်ပါသည်။
သံဃာ         = အယူသီလ တူမျှခြင်းဖြင့် ပေါင်းစုဖွဲ့စည်းထားသောကြောင့် သံဃာဟု ခေါ်ပါသည်။
အရိုအသေ   = ကိုယ် ၊ နှုတ် ၊ စိတ် သုံးပါးတို့ဖြင့် ညွတ်တွား ကိုင်းရှိုင်းခြင်း။
အလေးအမြတ်  = တကယ်အဟုတ် စိတ်ပါပါနှင့် လေးစားမြတ်နိုးခြင်း။
ရှိခိုး              = ရှိခိုးခြင်းမှာ ကိုယ်ဖြင့်ရှိခိုးခြင်း ၊ နှုတ်ဖြင့်ရှိခိုးခြင်း၊ စိတ်ဖြင့်ရှိခိုးခြင်းဟူ၍ သုံးမျိုးရှိသည်။ ကိုယ်ဖြင့် ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါး၊ မိဘ၊ ဘိုးဘွား၊ ဆရာသမားတို့၏ ဂုဏ်ကျေးဇူးကို အာရုံပြု၍ ထိခြင်းငါးပါးဖြင့် ရှိခိုးခြင်းကိုခေါ်သည်။ နှုတ်ဖြင့်ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါး၏ ဂုဏ်ပုဒ်များကို နှုတ်ဖြင့်ထုတ်ဖော်၍ ရွတ်ဆိုခြင်းကို  ခေါ်ပါသည်။ စိတ်ဖြင့်ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကို စိတ်ထဲမှ  အဖန်တလဲလဲ အောက်မေ့ခြင်းကိုခေါ်ပါသည်။
ပူဇော်         = အာမိသ - ပစ္စည်းဖြင့် ပူဇော်ခြင်း၊ ဓမ္မ - တရားဖြင့် ပူဇော်ခြင်း နှစ်မျိုးရှိသည်။
ဖူးမြော်      = ပကတိမျက်စိဖြင့် ဖူးမြော်ခြင်း၊ အသိဥာဏ်မျက်စိဖြင့် ဖူးမြော်ခြင်း။
မာန်လျှော့   = မိမိသန္တာန်ရှိသော မာန်မာနတရားများကို လျှော့ချဖယ်ရှားခြင်း (ရတနာသုံးပါးကို မြင့်မြတ်ရာ၌ ထားခြင်း)ကို မာန်လျှော့သည်ဟု ခေါ်ပါသည်။ မာန်လျှော့ခြင်းကို   နိဝါတမင်္ဂလာ ဟုလဲ ခေါ်ပါသည်။
ကန်တော့   = အပြစ်ရှိက ခွင့်လွှတ်တော်မူပါဟု ၀န်ချတောင်းပန်ခြင်းကို ကန်တော့သည်ဟုခေါ်သည်။ အပြစ်ရှိ၍ ကန်တော့ခြင်း၊ ကုသိုလ်ရလိုပြီး ကန်တော့ခြင်းဟု နှစ်မျိုးရှိသည်။  
(ကန်တော့ ဆိုသည်မှာ အကုသိုလ်ကို ကန်, ကျောက်ပြီး  ကုသိုလ် ကိုတော့, ယူခြင်းကို ဆိုလိုသည်။)

ဆုတောင်းခြင်း
အပါယ် ၄ ပါး - ချမ်းသာကင်း၍ ကုသိုလ်ကောင်းမှု ပြုခွင့်မရသော အရပ်ကို အပါယ်ဟု ခေါ်သည်။
၁။ ငရဲ = ချမ်းသာသုခဝေးကွာ၍ ဒုက္ခအတိပြီးသော ဘုံဌာန။
၂။ တိရစ္ဆာန် = အိပ်၊ စား၊ ကာမ ဤသုံးမျိုးသာသိ၍ မဂ်ဖိုလ်မှ ဖီလာဖြစ်သော သတ္တ၀ါ။
၃။ ပြိတ္တာ = ချမ်းသာအပေါင်းမှ ဝေးကွာသော သတ္တ၀ါ။
၎။ အသူရကာယ် = နတ်များကဲ့သို့ မရဲရင့်၊ မတင့်တယ်၊ မတောက်ပသော သတ္တ၀ါ။

ကပ် ၃ ပါး - ငတ်မွတ်ဘေး၊ လက်နက်ဘေး၊ ရောဂါဘေးတို့ကြောင့် ပျက်စီးခြင်း။
၁။ ဒုဗ္ဘိက္ခန္တရကပ် = ငတ်မွတ်ဘေးကြောင့် ပျက်စီးသောကပ်။
၂။ သတ္တန္တရကပ် = လက်နက်ဘေးကြောင့် ပျက်စီးသောကပ်။
၃။ ရောဂန္တရကပ် = ရောဂါဘေးကြောင့် ပျက်စီးခြင်းရှိသောကပ်။

ရပ်ပြစ် ၈ ပါး
၁။ ငရဲ - ချမ်းသာမှု မရှိသောအရပ်
၂။ တိရစ္ဆာန် - အိပ် စား ကာမ သုံးခုသာသိ၍ မဂ်ဖိုလ်မှ ဖီလာကန့်လန့်ဖြစ်သော သတ္တ၀ါ
၃။ ပြိတ္တာ - ချမ်းသာသုခကင်းဝေးသော ဖုတ်၊ တစ္ဆေစသော (နေ့ခံ ညစံ၊ ညစံ နေ့ခံသတ္တ၀ါ)
၎။ အသညသတ်နှင့် အရူပဗြဟ္မာ - ဘုရားပွင့်တဲ့အခါ လွန်စွာ အသက်ရှည်ပြီး ဘုရားရှင်ကို မဖူးတွေ့နိုင်
၅။ ပစ္စန္တရစ်အရပ် - ရတနာသုံးပါးမတည်၍ ရိုင်းစိုင်းသူတို့နေရာအရပ်
၆။ မိစ္ဆာဒိဋ္ဌိ - ရတနာသုံးပါးကို အယုံအကြည်မရှိသူတို့နေရာ အရပ်
၇။ ဉာဏ်ပညာမဲ့သူ - တရားကိုနားမလည်သော အသိဥာဏ်ပညာမဲ့သူတို့နေရာအရပ်
၈။ ဘုရားမပွင့်ရာအခါ သာသနာမဲ့ရာအခါ၌ လူဖြစ်ရခြင်းတို့သည် မဂ်ဖိုလ်နိဗ္ဗာန် မရနိုင်သည်ကိုစွဲ၍ ရပ်ပြစ်ရှစ်ပါးဟု ခေါ်သည်။

ရန်သူမျိုး ၅ ပါး
၁။ ရေ
၂။ မီး
၃။ မင်း
၎။ ခိုးသား ဓားပြ
၅။ အမွေခံ အမွေဆိုး

ဝိပတ္တိတရား ၄ ပါး - ဖောက်ပြန်ချွတ်ယွင်းခြင်းကို ၀ိပတ္တိဟု ခေါ်သည်။
၁။ ဂတိဝိပတ္တိ = အပါယ်ဘုံ၌ ဖြစ်ရခြင်း။
၂။ ဥပဓိဝိပတ္တိ = ရုပ်ဆင်းအင်္ဂါချို့တဲ့ခြင်း။
၃။ ကာလ၀ိပတ္တိ = တရား မစောင့်သူတို့၏ လက်ထက်၌ လူဖြစ်ရခြင်း။
၎။ ပယောဂ၀ိပတ္တိ = အကုသိုလ်တရားကိုသာ အားထုတ်၍ အကျင့်ပျက်စီးခြင်း။

ဗျသနတရား ၅ ပါး - ပျက်စီးခြင်းကို ဗျသနဟု ခေါ်သည်။
၁။ ဉာတိဗျသန = ဆွေမျိုးပျက်စီးခြင်း။
၂။ ဘောဂဗျသန = စည်းစိမ်ပျက်စီးခြင်း။
၃။ ရောဂဗျသန = ရောဂါနှိပ်စက်၍ပျက်စီးခြင်း။
၎။ ဒိဋ္ဌိဗျသန = အယူလွဲမှား၍ပျက်စီးခြင်း။
၅။ သီလဗျသန = အကျင့်သီလပျက်စီးခြင်း။

အနာမျိုး ၉၆-ပါး
သည်းခြေကြောင့်ဖြစ်သော ရောဂါ (၃၂)ပါး၊
လေကြောင့်ဖြစ်သော ရောဂါ (၃၂)ပါး နှင့်
သလိပ်ကြောင့် ဖြစ်သော ရောဂါ (၃၂)ပါး၊

မိစ္ဆာဒိဋ္ဌိ ၆၂-ပါး
သဿတ ဒိဋ္ဌိဝါဒ (၄)ပါး
ဧကစ္စ သဿတ ဒိဋ္ဌိဝါဒ (၄)ပါး
အန္တာနန္တ ဒိဋ္ဌိဝါဒ (၄)ပါး
အမရာ ၀ိက္ခေပ ဒိဋ္ဌိဝါဒ (၄)ပါး
အဓိစ္စသမုပ္ပန္န ဒိဋ္ဌိဝါဒ (၂)ပါး
ဥဒ္ဒမာဃာတနသညီ ဒိဋ္ဌိဝါဒ (၁၆)ပါး
ဥဒ္ဓမာဃာတနအသညီ ဒိဋ္ဌိဝါဒ (၈)ပါး
ဥဒ္ဓမာဃာတနနေ၀သညီနာသညီ ဒိဋ္ဌိဝါဒ (၈)ပါး
ဥစ္ဆေဒ ဒိဋ္ဌိဝါဒ (၇)ပါး
ဒိဋ္ဌဓမ္မ နိဗ္ဗာန ဒိဋ္ဌိဝါဒ (၅)ပါး

မဂ်တရား     = နိဗ္ဗာန်သို့ရောက်ကြောင်းဖြစ်သော တရားလမ်းကို မဂ်ဟု ခေါ်သည်။
 ဖိုလ်          = မဂ်၏ အကျိုးတရားကို ဖိုလ်ဟုခေါ်သည်။
 နိဗ္ဗာန်        = ရာဂ၊ ဒေါသ၊ မောဟ တို့၏ကင်းရာ ငြိမ်းအေးမှု ဓာတ်သဘောကို နိဗ္ဗာန်ဟုခေါ်သည်။

အလှူဒါနဟာ ရံခါ အကျိုးကြီးပြီး ရံခါအကျိုးမကြီးခြင်း၏အကြောင်း

$
0
0


အခါတစ်ပါး၌ မြတ်စွာဘုရားသည် စမ္မာမြို့အနီး ဂဂ္ဂရာအမည်ရှိတဲ့ရေကန်ရဲ့အနီးမှာ သီတင်းသုံးခိုက် အရှင် သာရိပုတ္တရာသည် စမ္မာပြည်သားဒကာများနှင့်အတူတကွ ဘုရားရှင်ထံကို ချဉ်းကပ်ရှိခိုးပြီး ``အရှင်ဘုရား ပေးလှူတဲ့ အလှူဒါနဟာ ရံခါအကျိုးကြီးပြီး ရံခါအကျိုးမကြီးဖြစ်တတ်ပါသလား´´ လို့ မေးလျှောက်တယ်။


ဘုရားရှင်က-
``သာရိပုတ္တရာ မှန်တယ်။ ပေးလှူတဲ့အလှူဒါနဟာ ရံခါ အကျိုးကြီးပြီး ရံခါအကျိုးမကြီး ဖြစ်တတ်တယ်´´လို့ မိန့်တော်မူတယ်။

``အရှင်ဘုရား အလှူရဲ့အကျိုးဟာ ဘယ်အတွက် ရံခါ အကျိုးကြီးပြီး ဘယ်အတွက်ရံခါ အကျိုးမကြီးဖြစ် ရပါ သလဲ´´လို့ လျှောက်ထားတော့ ဘုရားရှင်က-``သာရိပုတ္တရာ ဤလောက၌ အချို့သောပုဂ္ဂိုလ်များဟာ-

(၁) ငဲ့ကွက်ခြင်းရှိသည်ဖြစ်၍ အလှူကိုပေးတယ်။
(၂) နှောင်ဖွဲ့အပ်သော စိတ်ရှိသည်ဖြစ်၍ အလှူကိုပေးတယ်။
(၃) သိုမှီးခြင်းကို ငဲ့ကွက်လျှက် အလှူကိုပေးတယ်။
(၄) အလှူရဲ့အကျိုးကို နောက်ဘ၀ ခံစားရမှာပဲလို့ရည်ရွယ်ပြီး အလှူကိုပေးတယ်။
အဲဒီအလှူရှင်ဟာ ကွယ်လွန်ပြီးတဲ့နောက် နတ်ဖြစ်ခြင်းဆိုတဲ့အကျိုးကို ခံစားနိုင်ခွင့်ရှိတယ်။ သူ့အကျိုးပေး ကုန်သွားလျှင် အောက်ဘုံသို့ပြန်ကျလိမ့်မယ်။

သာရိပုတ္တရာ ဤလောက၌ အချို့သောပုဂ္ဂိုလ်များကတော့-
(၁) ငဲ့ကွက်ခြင်းမရှိဘဲ အလှူကိုပေးတယ်။
(၂) နှောင်ဖွဲ့တဲ့ စိတ်မရှိဘဲ အလှူကိုပေးတယ်။
(၃) သိုမှီးခြင်းကို မငဲ့ကွက်ဘဲ အလှူကိုပေးတယ်။
(၄) နောက်ဘ၀ဆိုတဲ့ ရုပ်နာမ်ရဲ့ အထောက်အပံ့အတွက် မဟုတ်ပါဘဲအလှူပေးခြင်းဟာ ကောင်းမွန် မြင့်မြတ်တဲ့တရား ဖြစ်တယ်လို့နှလုံးသွင်းပြီး အလှူကိုပေးတယ်။
(၅) မိဘရိုးရာရှေးအခါက ပြုခဲ့တဲ့တရားမို့ မိဘဘိုးဘွားတို့ရဲ့အစဉ်ကိုမပျက်စေချင်လို့ အလှူကိုပေး တယ်။
(၆) ရဟန်းဆိုတာ လူတို့လိုဝမ်းရေးအတွက်အခြားအလုပ်မျိုး လုပ်ကိုင်နိုင်ခွင့်မရှိဘူး။ အလှူခံစားတဲ့ အလုပ်မျှ သာ ရှိတယ်။ အခြားအလုပ်မျိုးလုပ်ကိုင်ခွင့်ရှိတဲ့ ငါတို့က လုပ်ကိုင်ခွင့်မရှိတဲ့ ရဟန်းတို့အား အထိုက် အလျှောက် ပေး လှူသင့် တယ်လို့ယူဆပြီး အလှူကိုပေးတယ်။
(၇) အလှူရှင်ကြီးတွေကို အားကျပြီးတော့လည်း ပေးလှူတတ်ကြတယ်။
(၈) အလှူပေးတယ်ဆိုတာဟာ စိတ်ကိုကြည်လင်စေတယ်။ နှစ်သက်ဝမ်းမြောက်စရာဖြစ်တယ်လို့ ယူဆပြီး ပေးလှူတာ လည်းရှိတယ်။
(၉) သမထ၊ ၀ိပဿနာစိတ်ရဲ့ အဆင်တန်ဆာဖြစ်အောင် အခြံအရံဖြစ်အောင်အထောက် အပံ့ဖြစ်အောင်ပေးလှူ တာ လည်းရှိတယ်။

အဲဒီလို အသီးသီးသော ရည်မှန်းချက်တွေနှင့် ပေးလှူကြရာမှာ ရုပ်နာမ်ကို ငဲ့ကွက်ခြင်း စသည်မရှိဘဲ သမထ ၀ိပဿနာ စိတ်ရဲ့အဆင်တန်ဆာဖြစ်အောင် ပေးလှူခဲ့လျှင် ထိုအလှူဒါနဟာ ဘုံအားဖြင့်ဗြဟ္မာ ဘုံရောက်အောင် အကျိုးပေးနိုင်တယ်။ ပုဂ္ဂိုလ်အားဖြင့်ဆိုလျှင် အနာဂါမ်ထိအောင် အကျိုးပေးနိုင်တယ်။ ``ချစ်သားသာရိပုတ္တရာ အလှူဒါနရဲ့အကျိုးကြီးခြင်းမကြီးခြင်းဟာ ဤလိုပေးလှူသူရဲ့ "စိတ်ဓါတ်"ကွာခြားမှုကြောင့်ဖြစ် တယ်။´´
(ထီးချိုင့်မြို့ တည်တောဆရာတော်ဘုရားကြီး၏ ဒါနဟူသည်မှ-)

ထက်မြက်သောနှလုံးသားပိုင်ရှင် အမျိုးသမီးများဖြစ်ပါစေ

$
0
0


တုံးအတဲ့မိန်းမက ယောက်ျားနဲ့အတိုက်အခံပြုတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားကို အားပေးကူညီတယ်။

တုံးအတဲ့မိန်းမက ယောက်ျားရဲ့ချွတ်ယွင်းချက်ကိုပဲ ထိုးဆွပြီး အမြဲစိတ်တိုတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားရဲ့အားသာချက်ကိုပဲကြည့်ပြီးအမြဲပျော်ရွှင်တယ်။


တုံးအတဲ့မိန်းမက နေရာ၊ အခြေအနေမခွဲဘဲ ယောက်ျားနဲ့ ငြင်းခုန်ရန်ဖြစ်တယ်၊ ယောက်ျားကို လူပုံအလယ်မှာ မျက်နှာသာမဲ့စေတယ်။
ထက်မြက်တဲ့မိန်းမက လူတွေကြားမှာ ယောက်ျားကိုမျက်နှာသာပေးတယ်။ ဆုံးမစရာ၊ ပြောစရာရှိရင် နှစ်ကိုယ်ကြားမှာပဲပြောတယ်။

တုံးအတဲ့မိန်းမက ယောက်ျားကို သိမ်ငယ်အောင်လုပ်တယ်။ ယောက်ျားကိုသိမ်ငယ်စေတာဟာ ကိုယ့်ကိုသိမ်ငယ်စေတယ်ဆိုတာကို သူမေ့နေလို့ဖြစ်တယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားကို တန်ဖိုးထားလေးစားတယ်။ ယောက်ျားကို လေးစားတာဟာ ကိုယ့်ကိုပိုပေါ်လွင်စေကြောင်း သူနားလည်လို့ဖြစ်တယ်။

တုံးအတဲ့မိန်းမက အတိတ်ဟောင်းကို ခဏခဏထုတ်ပြီး ယောက်ျားကို တဗျစ်တောက်တောက်ပြောတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားနဲ့အတူ လှပတဲ့အနာဂတ်ရောက်ဖို့ ဦးတည်တယ်။

တုံးအတဲ့မိန်းမက ယောက်ျားရဲ့အမှားကို မလွတ်တမ်းဆုပ်ကိုင်ပြီး ယောက်ျားအကြောင်း အကုန်သိသူလို့ ကိုယ့်ကိုယ်ကိုထင်တယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားရဲ့အမှားကိုခွင့်လွှတ်ပြီး ယောက်ျားဆိုတာ ဘယ်တော့မှ မကြီးပြင်းတတ်တဲ့ ကလေးလို့ဆိုတယ်။

တုံးအတဲ့မိန်းမက "နင် ထွက်သွား!"လို့ အော်ဟစ်တယ်။
ထက်မြက်တဲ့မိန်းမက "ငါ့အနားက မခွာနဲ့"လို့ဆိုတယ်။

တုံးအတဲ့မိန်းမက ယောက်ျားကို မြားတစ်စင်းလို တင်းတင်းဆွဲတယ်။ တင်းတင်းဆွဲလေ ဝေးဝေးကို ရောက်လေပါပဲ။
ထက်မြက်တဲ့မိန်းမက ယောက်ျားကို လေတံခွန်လို လွှတ်တယ်။ လက်ထဲက ကြိုးကို စိတ်အေးလက်အေး ကိုင်တယ်။

တုံးအတဲ့မိန်းမက ကိုယ်တော်၊ ကိုယ်တတ်ကြောင်းကို ပိုအရေးစိုက်တယ်။
ထက်မြက်တဲ့မိန်းမက ထောက်ပံ့၊ မှီခိုအားထားဖို့ကို ပိုနားလည်တယ်။

တုံးအတဲ့မိန်းမက ယောက်ျားအနား တဖဝါးမှမခွာ ထိန်းကျောင်းတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားအနား ခွာလိုက်၊ ကပ်လိုက်လုပ်တယ်။

တုံးအတဲ့မိန်းမက ချက်ပြုတ်လျှော်ဖွပ်တာကို သိပေမယ့် ကိုယ့်ကိုယ်ကို မပြုပြင်၊ မဖီးလိမ်းချင်ဘူး။
ထက်မြက်တဲ့မိန်းမက ချက်ပြုတ်လျှော်ဖွပ်တာကို သိသလို ကိုယ့်ကိုယ်ကိုလဲ ဖီးလိမ်းပြုပြင်ဖို့ မမေ့ဘူး။

တုံးအတဲ့မိန်းမက ယောက်ျားကို ဖိအားနဲ့ စိတ်ဖိစီးမှုတွေပေးတယ်။
ထက်မြက်တဲ့မိန်းမက ယောက်ျားကို စိတ်အားထက်သန်မှုနဲ့ လှုပ်ရှားမှုကိုပေးတယ်။

တုံးအတဲ့မိန်းမက သူ့မျက်ရည်ကြားမှာ ယောက်ျားကိုကျရှုံးစေတယ်။
ထက်မြက်တဲ့မိန်းမက သူ့အရယ်အပြုံးကြားမှာ ယောက်ျားကိုအောင်မြင်စေတယ်။

From နိုင်းနိုင်းစနေ

ဗုဒ္ဓဘာသာနဲ့ မလဲနိုင်ပါ

$
0
0


မနေ့က စကားပြောကြတယ်၊ စကားပြောတော့ နိုင်ငံကြီးတွေမှာ ဗုဒ္ဓဘာသာလဲမဟုတ်၊ တချို့များ သူဌေးကြီးတွေဟာလေ တစ်နေ့သုံးလိုက်တဲ့ အသုံးစားရိတ်ဟာ ဒီမြန်မာနိုင်ငံက သူဌေးတွေ တစ်သက်လုံးစားလောက် သုံးလောက်တယ် ၊ မြန်မာနိုင်ငံရဲ့ ပစ္စည်းရှိတဲ့ သူဌေးတွေနဲ့ တစ်သက်လုံးစားလောက်တဲ့ စည်းစိမ်ကို တစ်နေ့တည်း သုံးပစ်တာပဲ၊ အဲဒါလောက်ပေါတယ်တဲ့။

ဒါဗုဒ္ဓဘာသာမဟုတ်ဘူးတဲ့၊ ဒီတော့ ဗုဒ္ဓဘာသာနိုင်ငံဟာ အညံ့ဆုံး ဖြစ်နေတယ်၊ သီဟိုဠ်တို့၊ လာအိုတို့၊ ကမ္ဗောဒီးယားတို့၊ ယိုးဒယားတို့၊ မြန်မာနိုင်ငံတို့ ဒီနိုင်ငံကလေးတွေ ဗုဒ္ဓဘာသာနိုင်ငံက လူတွေဟာ အညံ့ဆုံးဖြစ်နေကြတယ်တဲ့။ ဒါဘယ့်နှယ်အဓိပ္ပါယ်တုန်းတဲ့။ ဟာ-ဟုတ်တယ်လို့ စိတ်ထဲက ဇဝေဇ၀ါ ဖြစ်စရာပါပဲ ၊


နိုင်ငံကြီးတွေကသူဌေးကြီးတွေ ရှေးကံပြုတုန်းက ဘယ်လိုပြုခဲ့ကြတယ်ဆိုတာ စဉ်းစားကြည့်လိုက်ပါလေ၊ စဉ်းစားကြည့်တော့ ရှေးကံပြုတုန်းက သူတို့လဲ ကံရှိမှာပေါ့၊ ဗုဒ္ဓဘာသာမဟုတ်ဘူးတဲ့၊ ဘုရားအလောင်း ပါရမီဖြည့်တုန်း ဗုဒ္ဓဘာသာအဖြစ်နဲ့ ဖြည့်တဲ့ဘ၀ ဘယ်နှစ်ဘ၀များ တွေ့ခဲ့ဖူးတုန်း၊ ကဲ ဇာတ်ကြီးဆယ်ဘွဲ့ကို အကြမ်းစားစဉ်းစားကြစို့။
တေမိမင်း ဗုဒ္ဓဘာသာမဟုတ်ဘူး၊ ဘုန်းကြီးမဟုတ်ဘူး၊ တေမိမင်း မဟာဇနကမင်း ဗုဒ္ဓဘာသာမဟုတ်ဘူး၊ သူတို့ကုသိုလ်တွေ သူတို့ ပြုသွားတာပဲ၊ ဇနကမင်းကလဲ ကုသိုလ်တွေပြုသွားတာပဲ၊ ဗုဒ္ဓဘာသာမဟုတ်ဘူး၊ တေမိမင်းကလဲ ကုသိုလ်ပြု တောထွက် တရားကျင့် ဈာန်တွေရ ဗုဒ္ဓဘာသာမဟုတ်ဘူး၊ သုဝဏ္ဏသျှံ တောထဲမှာ မေတ္တာနဲ့ နေရှာတာ၊ ဗုဒ္ဓဘာသာ မဟုတ်ဘူး၊ မိဘလဲ ဗုဒ္ဓဘာသာ မဟုတ်ဘူး၊ အဲ နေမိမင်းကြီး တစ်နေ့တော့ ပြောလိုက်တဲ့ နာရဒဗြဟ္မာမင်းကြီး ဗုဒ္ဓဘာသာမဟုတ်ဘူး၊ အကုန်လုံးပေါ့လေ၊ ဝေဿန္တရာမင်းကိုကြည့်ပါ၊ ဗုဒ္ဓဘာသာဟုတ်ရဲ့လား၊ ဘယ်ဘုန်းကြီးက တရားဟောနေတုန်း၊ သူက ရသေ့တွေ အလှုပေးနေတာပဲ၊ ဘယ်သူကမှ တရားလာမဟောဘူး။

လူတိုင်းကုသိုလ်ပြုတတ်ခြင်း

ဒီတော့ကာ လူတွေက ဗုဒ္ဓဘာသာတွေမှ ကုသိုလ်ပြုတတ်တယ်၊ ဗုဒ္ဓဘာသာမဟုတ်ရင် မပြုတတ်ဘူးဆိုတော့ ဘုရားလောင်း ပါရမီဖြည့်တာတွေဟာ ဗုဒ္ဓဘာသာမဟုတ်တဲ့ ဘ၀ချည်းများတယ်၊ ဘုရားအလောင်း လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းထဲမှာ နှစ်ကျိပ်လေးဆူပဲ ဘုရားပွင့်တယ်၊ ဗုဒ္ဓဘာသာဆိုတဲ့ ဘာသာ ၂၄ ခါသာပေါ်ခဲ့တယ်၊ ကျန်တဲ့အချိန်တွေ ဗုဒ္ဓဘာသာ ခေတ်ကို မဟုတ်ဘူး၊ အဲဒီအတောအတွင်းမှာ ဘုရားအလောင်းတွေ ပါရမီဖြည့်တော်မူလိုက်ကြတာ၊ ဒီအချက်ကလေးကို ပထမဆုံးနားလည်ပါစေ။
ဒီတော့ကာ ဟို ခုနက သူဌေးကြီးတွေ ဗုဒ္ဓဘာသာမဟုတ်ပေမယ့် သူတို့လဲ သူတို့နည်း သူတို့ဟန်နဲ့ ၊ အင်း-လွန်ခဲ့တဲ့ ဖြစ်လေရာ ဘ၀တုန်းက ကုသိုလ်တွေ ဖြစ်မှာပေါ့၊ သေခါနီးကျတော့ နိမိတ်ထင်မှာပေါ့၊ နိမိတ်တွေထင်တဲ့အခါကျတော့ အမျိုးမျိုးသောကံကြောင့် တချို့က ခုနက ပေါများတဲ့ နိုင်ငံမှာ သွားပြီးတော့ ပဋိသန္ဓေနေကြမယ်၊ ဟို အဖေက သူဌေးလေ၊ အမေက သူဌေးလေ၊ သူတို့ကျတော့ သူဌေး၊ ဘာပြောစရာရှိတုန်း၊ ဗုဒ္ဓဘာသာနဲ့ ဘာဆိုင်တုန်း၊ ဗုဒ္ဓဘာသာနဲ့ ဘာမှမဆိုင်ဘူး၊ အဖေကသူဌေးနဲ့ အမေကသူဌေးနဲ့သာဆိုင်တယ်၊ နိုင်ငံကြီးနဲ့သာဆိုင်တယ်၊ အဲဒါနဲ့ သူတို့ သုံးမကုန်အောင်ပေါကြတယ်။

သုံးလို့ကိုမကုန်နိုင်အောင်ပေါတော့ကာ လူတွေက သုံးချည်းပစ်နေသလားဆိုတော့ သုံးလို့ကို မကုန်နိုင်တော့ ဆေးရုံတွေဆောက်ကြတယ်၊ သူတို့ပိုက်ဆံကြောင့် ဆင်းရဲတဲ့သူတွေ ကျန်းမာ ချမ်းသာစေချင်လိုက်တာ၊ မေတ္တာ ကရုဏာ ကြီးမားလိုက်တာ၊ (ကံက ကံက ကံက)၊ စာသင်ကျာင်းတွေ တကတည်း ငွေတွေထည့်ပြီးတော့ ထောက်ပံ့ပေးနေကြတယ်၊ ဆေးရုံတွေ ဆောက်တယ်၊ စာသင်ကျောင်းတွေတည်တယ်၊ မရှိဆင်းရဲတဲ့သူတွေ နိုင်ငံတွေကို ကြီးပွားအောင်ကို ထောက်ပံ့ပေးနေတယ်၊ နည်းတဲ့ သတ္တိတွေလား၊ နည်းတဲ့ကံတွေလား။

ဒီလူတွေက ရှေ့ကိုတက်ကြပါဦးမယ်၊ အကယ်၍များ အရိမေတ္တယျ မြတ်စွာဘုရားလက်ထက်မှာ သူတို့က လူအဖြစ်နဲ့ဆိုလို့ရှိရင် ဘုရားဆီရောက်ကြပါဦးမယ်၊ ဘုရားဆီရောက်တဲ့အခါကျတော့ သစ္စာလေးပါးတရားကို နာကြရဦးမယ်။

ဒီလူတွေ ဒီဥာဏ်ရှိတဲ့သူတွေ နာတော့ကာ ကျွတ်တန်းဝင်ချင်လဲ ၀င်သွားမယ်၊ ဒါမှမဟုတ် နောက်ဘုရားလက်ထက် ကျွတ်တန်းဝင်ဖို့ရန် အထောက်အပံ့ ကောင်းကောင်းကြီး ရသွားကြပါလိမ့်မယ်၊ ဒါကြောင့် ဗုဒ္ဓဘာသာဆိုပြီးတော့ စိတ်ကြီးဝင်မနေကြပါနဲ့၊ ကောင်းကာင်းနေကြဖို့ အရေးကြီးပါတယ်၊ ဗုဒ္ဓဘာသာဆိုပြီးတော့ အမှတ်တမဲ့ နေရင်တော့ တခြားလူတွေက ဘုန်းကြီးတို့အပေါ်မှာ ကျော်ပြီးရင်း ကျော်သွားကြပါလိမ့်မယ်။

နိုင်ငံငယ်ငယ်ကလေးတွေမှာ ဗုဒ္ဓဘာသာဖြစ်နေတာကတော့ နိုင်ငံငယ်ကလေးတွေက စားစရာတွေရှိတယ်၊ စားစရာလေးတွေရှိတယ်၊ ပြီးတော့ ဘုန်းကြီးတွေက စားစရာကို မှီပြီးတော့ ဘုန်းကြီးတွေဖြစ်ရတယ်။ အဲဒီဘုန်းကြီးတွေက ဟောပြောပြီးပေးတော့မှ သူတို့က အသိဥာဏ်တွေရင့်ကျက်ပြီးတာ့ လာခဲ.့တယ်။

ရှင်အရဟံကျေးဇူး

နဂိုတုန်းက မြန်မာနိုင်ငံရဲ့ အသိဥာဏ်ဟာ လှမ်းပြီးတော့ ကြည့်စမ်း၊ အရည်းကြီးတွေ လက်ခံပြီး နေကတည်းကိုက မြန်မာနိုင်ငံ ဘယ်လောက် ညံ့နေတုန်း၊ အရည်းကြီးတွေကို လက်ခံရမှာမဟုတ်ဘူး၊ အရည်းကြီးတွေကို မောင်းထုတ်ရမှာ၊ အဲဒါကို ရှင်ဘုရင်နဲ့တကွ အရည်းကြီးတွေ လက်ခံလာကတည်းကိုက မြန်မာနိုင်ငံရဲ့ အသိဥာဏ်က ဘယ်လောက်ညံ့နေတုန်း၊ ရှင်အရဟံသာ မလာလို့ရှိရင် မြန်မာနိုင်ငံက သိတဲ့ အသိဥာဏ် ညံ့ပါတယ်၊ ရှင်အရဟံ ကြွလာပြီးတော့ ဗုဒ္ဓတရားတော်တွေပါလာလို့ ဒီအခြေအနေ၊ ဒီအရည်အချင်းတွေကို မြင်ရတာပါ၊ အကယ်၍များ ဗုဒ္ဓဘာသာ မဖြစ်လို့ရှိရင် ဗုဒ္ဓမြတ်စွာရဲ့ တရားတော်တွေ မပါလာလို့ရှိရင်တော့ မြန်မာနိုင်ငံ အခုထိ သည်ထက်ညံ့ပါဦးမယ်၊ အဲဒါလေးနားလည်ကြပါ။

ဗုဒ္ဓဘာသာကို မလဲနိုင်ကြောင်း

ဒါပေမယ့် ဘုန်းကြီးက ဗုဒ္ဓဘာသာဖြစ်ရတာကနေပြီး ဘာနဲ့မှ မလဲဘူး၊ ဟိုက သူဌေးစည်းစိမ်တွေနဲ့ မလဲပါဘူး၊ အစားတော့ ဆင်းဆင်းရဲရဲ စားရတာ ဟုတ်ပါတယ်၊ ပဲကြော်လေးတွေနဲ့ စားနေရတောင်မှ ဟို သူဌေးစည်းစိမ်တွေနဲ့ မလဲပါဘူး၊ အဲ ဘုန်းကြီးတို့ တစ်သက်လုံး သုံးတဲ့အသုံးကို သူတို့က တစ်နေ့တောင် မသုံးလောက်သေးဘူး၊ ဒါပေမယ့် မလဲဘူး၊ ဘာဖြစ်လို့တုန်းဆိုတော့ ဘုန်းကြီးတို့က ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ ဗျာဓိပိ ဒုက္ခော၊ မရဏမ္ပိ ဒုက္ခံ မြင်နေပြီလေ၊ ပဋိသန္ဓေ နေရတဲ့ ဒုက္ခ ကြားနေပြီလေ၊ သိနေပြီလေ၊ အိုရတဲ့ ဒုက္ခ နာရတဲ့ဒုက္ခ ဒါတွေ သိနေပြီလေ။

သူတို့က မသိတသိ၊ သိလဲ သိပ်အရေးမကြီးဘူး၊ ဒုက္ခ မဖြစ်အောင် သူတို့က ကြိုးစားပေးနေတယ်လေ၊ ချစ်တဲ့သူတွေနဲ့ ကွဲပြီးနေရတဲ့ ဒုက္ခ၊ မုန်းတဲ့သူတွေနဲ့ အတူနေရတဲ့ ဒုက္ခ၊ ဘုန်းကြီးတို့က ဒါတွေတွေးပြီးတော့ သိရတော့ သံသရာကြီးထဲမှာ ကြာရှည်နေလို့ မကောင်းဘူးလို့ ငြီးငွေ့နေတဲ့ ဥာဏ်ကလေးရလာတာက သူတို့ထက် မသာဘူးလား၊ သူတို့ ဘယ်တော့မှ တစ်သက်လုံး ဒီဥာဏ်မျိုး မဖြစ်ဘူး၊ ဘုန်းကြီးတို့က မကြာခဏ ဖြစ်တယ်၊ ဒီဥာဏ်ကသာလာပြီနော်။

ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ ရှိတယ်လို့ ဆိုတာကို ဗုဒ္ဓမြတ်စွာဟောတော်မူတယ်၊ ယုတ္တိယုတ္တာတွေနဲ့ စဉ်းစားကြတယ်၊ ဟုတ်တယ် ရှိထိုက်တယ်၊ တိရစ္ဆာန်တွေ ဆိုတာ ရှိထိုက်တယ်၊ သူ့ကံကြောင့် သူဖြစ်လာတာ၊ ဒါတွေ ဘုန်းကြီးတို့က ယုံကြည်တယ်၊ သူတို့က မယုံကြည်ဘူး၊ ငရဲရှိတယ်ဆိုတာကို သူတို့က မယုံကြည်ဘူး၊ ယခု တစ္ဆေတို့ ဘာတို့ နည်းနည်းလေး ယုံလာကြပြီ၊ ယုံတာလဲ ယောင်ယောင်ဝါးဝါးနဲ့ ဘာတွေမှန်းမသိဘူး၊ ခုထိ စာတွေရေးကြပြီ၊ ဖတ်ကြပြီ၊ တစ္ဆေတွေရှိနေပြီ၊ သူတို့ ဆွေတွေ မျိုးတွေ တစ္ဆေဖြစ်တာလဲ သူတို့ စာဖတ်ရပြီ။

ဒါလဲ ဘာတွေတုန်း၊ ခုမှ ဘာတွေတုန်း ရှိသေးတယ်၊ သူတို့က ကကြီး ခခွေးရှိသေးတယ်၊ ဒီနေရာမှာ ဘုန်းကြီးတို့က မင်္ဂလသုတ်တွေ ရောက်ကုန်ပြီ၊ ဒီအသိကြတော့ မင်္ဂလသုတ်တွေရောက်ကုန်ပြီ၊ ပဋ္ဌာန်းတွေရောက်လာပြီ၊ ဒီအသိကျတော့ သူတို့ဟာ ကကြီး ခခွေး ရှိသေးတယ်၊ အံမယ် ဒီလိုက်လာမှာ ၊ ဒီလိုက်လာမှာ မသေဘဲနဲ့ စောင့်နေ ဘုန်းကြီးတို့က စောင့်နေချင်လိုက်တာ ၊ လိုက်လာမှာ ၊ ဘုန်းကြီးတို့နောက် လိုက်လာမှာ ၊ ဒါတွေ လိုက်လာလိမ့်မယ်၊ သူတို့ ကကြီး ခခွေး၊ တစ္ဆေရှိတယ်၊ တစ္ဆေရှိတယ် ၊ သေသွား ဟိုဖက် ဘ၀မှာ ၊ အင်း - ပြောနေတဲ့နောက် ကကြီးရေး ကတို့ နည်းနည်း တက်လာပြီ၊ နည်းနည်းတက်လာပြီ၊ ဒီက ပဋ္ဌာန်းရောက်နေပြီ၊ အဲဒီမှာ ဘုန်းကြီးတို့က သူတို့နဲ့ ကွာသွားပြီ။

တစ်ခါ ကုသိုလ်ပြုတဲ့ အခါကျတော့ နိဗ္ဗာန်ကရှိနေပြီလေ၊ နိဗ္ဗာန်ရှိနေတော့ သူတို့က ဆေးရုံကြီးတွေ ဆောက်တယ်၊ နိဗ္ဗာနပစ္စယော မပါဘူး၊ ကံတော်ကံငြား ဘုရားနဲ့ နောက်ထပ် တွေ့ရဦးမယ်၊ ဘုန်းကြီးတို့က ဆွမ်းကလေး လောင်းတာတောင် မနက်က နိဗ္ဗာနပစ္စယော ဟောတုနော်၊ နိဗ္ဗာန်ကိုမှန်းနော်၊ နိဗ္ဗာန်ကို မှန်းနော်၊ နိဗ္ဗာန်ဆိုတာဟာ ဘုရား ပရိနိဗ္ဗာန်စံတဲ့ နိဗ္ဗာန်၊ အရှင်သာရိပုတ္တရာ ၊ အရှင်မောဂ္ဂလ္လာန်တို့ ပရိနိဗ္ဗာန်စံတော်မူံတဲ့ နိဗ္ဗာန်၊ တို့လဲ အဲဒီနိဗ္ဗာန်ကို နောက်ဆုံး ရောက်ရမယ်လို့ ဒါလေးသိထားတယ်။

သူတို့ အဲဒီလို မသိကြဘူး၊ သူတို့မကြားဖူးဘူး၊ ခုသူတို့ ဒီလိုမသိဘူး၊ သူတို့က နေ့တိုင်း သုံးချင်တာ သုံးနေလေ အကာင်းစားချင်တာ စားနေလေ၊ ဒီအသိမျိုး မသိဘူး၊ ဘုန်းကြီးတို့က နိဗ္ဗာန်ကိုလဲ သိနေတယ်၊ နိဗ္ဗာန်ရောက်ရပါလိုရဲ့၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရပါလိုရဲ့၊ နိဗ္ဗာနပစ္စယော ဟောတု၊ နိဗ္ဗာနပစ္စယော ဟောတု၊ ဘုန်းကြီးတို့က အဆင်းအတန်းတွေ သိပ်ပြီးမြင့်တာပဲ၊ ဒီမြင့်တဲ့ အဆင်းအတန်းကို ဘုန်းကြီးတို့က ထပ်ပြီးတော့ ကိုယ်တိုင်တကယ့် ပီပီသသ သူတော်ကောင်းဖြစ်အောင် ကြိုးစား ၊ အကုသိုလ်တွေ ရှောင်ပြီးတော့ ဒီလို နေနိုင်ကြလို့ရှိရင် သူတို့လို မသုံးနိုင်ပေမယ့် လို့၊ သူတို့လို မစားနိုင်ပေမယ်လို့ တရားအသိဥာဏ်ရနေတော့ သူတို့ထက် အရင်ပဲ နိဗ္ဗာန်ကိုမြင်မယ့် ပုဂ္ဂိုလ်တွေ ဖြစ်လို့မို့ ၀မ်းမြောက်စရာကြီး အင်မတန်ကောင်းပါတယ်၊ ဒါကြောင့် ပဋ္ဌာန်းတရားတော်နဲ့ စပ်ပြီးတော့ သိစရာတွေ အများကြီး သိလာကြပြီလေ။
အဲဒီသိတာကို အကြောင်းပြုပြီး သကာလ မိမိတို့ ကိုယ်တိုင် စိတ်နေ စိတ်ထားတွေကို ပြုပြင်ပြီးတဲ သကာလ ၀ီရိယ ရှိရှိနဲ့ နေနိုင်အောင် ကြိုးစားကြပါ။
(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ - အခြေပြုပဋ္ဌာန်းတရားတော်မှ ကောက်နုတ်ပူဇော်ပါသည်)
မေတ္တာဖြင့် အနှိုးမဲ့စာတိုပေစ

ပါရမီကုသိုလ် အစဉ်နွေးအောင် စိတ်ကောင်း စေတနာကောင်း အစဉ်မွေးပါ

$
0
0


စေတနာသည် လူတိုင်းနှင့် ထိုက်တန်ပါ၏။ စေတနာသည် လူတိုင်းနှင့်မထိုက်တန်ဟူ၍ မမှတ်ယူသင့်ပေ။ အဘယ်ကြောင့်ဆိုသော် စေတနာကောင်းရှိသူထံသို့ ကောင်းကျိုးတရားများ ရောက်ရှိပြီး စေတနာဆိုးရှိသူထံသို့ ဆိုးကျိုးတို့ ရောက်ရှိမည်ဖြစ်ရာ ကိုယ်ပြုသည့်ကံ ကိုယ်ထံသာ ပြန်လည်ရောက်ရှိသည်ဖြစ်သောကြောင့် ဘယ်သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကောင်းနေအောင်၊ ဘယ်သူတော်တော် မတော်တော် ကိုယ်ကတော် နေအောင် ကြိုးစားရမည်ဖြစ်သည်။ “ဓမ္မော ဟဝေ ရက္ခတိ ဓမ္မစာရီ- တရား ကိုစောင့်ရှောက် သောသူအား တရားက ပြန်လည်စောင့်ရှောက်” ကြောင်း ဘုရားရှင် ဟောကြား ခဲ့ပေသည်။ ထို့ကြောင့် ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်အောင်၊ သူများ မိုးခါးရေသောက်လည်း ကိုယ်မသောက်မိအောင် သတိရှိရှိဖြင့် တရားအသိ အမြဲရှိနေကြရမည်ဖြစ်၏။


အရင်ဦးဆုံး ကိုယ်ကောင်းအောင်၊ ထို့ကြောင့် သူတစ်ပါးတို့ကောင်းအောင်လည်း ကြိုးစားကြ ရပါမည်။ နှိုးဆော်တိုက်တွန်းအားပေးသမှု ပြုကြရပါမည်။ Globalizationကမ္ဘာ့ရွာကြီးဟု ဆိုသည့်အတိုင်း လူသားအားလုံး အချင်းချင်း ဆက်နွယ်နေကြသည်ဖြစ်ရာ ကမ္ဘာ့လူသား အားလုံး ကောင်းကြပါလျှင် ကမ္ဘာကြီး ငြိမ်းချမ်းသာယာနေမည်ဖြစ်၏။ “ဂျင်းစိမ်းနှင့်မိဿလင်- သူကြင်မှ ကိုယ်ကြင်” မည်ဆိုပါလျှင် လက်ဝါးနှစ်ဖက်တီးက အသံထွက်သလို၊ လှိုဏ်ခေါင်းထဲတွင် အော်ဟစ်လိုက်ပါက ထိုအသံအတိုင်း လှိုဏ်သံပေးသလို ခိုက်ရန်ဒေါသတွေ၊ မာန်မာန ထောင်လွှားသံတွေ ထွက်လာကာ ကြားရသူအပေါင်း စိတ်နှလုံး မချမ်းမြေ့ဖွယ်ဖြစ်၏။ ရွာထဲက ဘေးချင်းကပ်နှစ်အိမ် ဆဲဆိုအော်ဟစ် ရန်ဖြစ်ကြပါလျှင် ဘေးနားကကြားရသော အိမ်အများ စိတ်မချမ်းသာနိုင်ကြပေ။ ထို နှစ်အိမ် တွင် နေထိုင်ကြ သူတို့မှာလည်း နှစ်ဖက်စလုံး ပူလောင် ဒေါသ ရန်မီးတွေ ပွါးနေရသောကြောင့် စိတ်ချမ်း သာနေကြရမည် မဟုတ်ပေ။ တစ်အိမ်တည်းရှိ တစ်မိသားစုမှ သူနှစ်ဦး ရန်ဖြစ်ကြမူလည်း တစ်မိသားစုလုံး စိတ်ဆင်းရဲကြရပေသည်။

မြတ်စွာဘုရားရှင်က “ရန်ကို ရန်ချင်း မတုန့်ညှင်းနှင့်၊ မေတ္တာဖြင့်သာ ငြိမ်းစေရာ၏”ဟု ဆုံးမ ထားပေသည်။ ဓမ္မပဒ ပါဠိတော်၌လည်း “ငါတို့သည် တစ်နေ့ကျ လျှင် သေကြရမည်ဟု မသိကြကုန်သော သူမိုက်တို့အတွက် ခိုက်ရန်ဒေါသ ငြင်းခုန်ခြင်းသည် မပြေငြိမ်းကြကုန်။ တစ်နေ့၌ သေကြရမည်ဟု သိကြကုန်သော ပညာရှိတို့ကား ခိုက်ရန်ဒေါသငြင်းခုန်ခြင်းတို့ ပြေငြိမ်းကြကုန်၏။” ဟူ၍ ဆုံးမထားပေသည်။ နှစ်ဦးနှစ်ဖက်အကျိုးမဲ့သော အလုပ်သည် သူမိုက်တို့၏ အလုပ်၊ အကျိုးရှိအောင် ဆောင်ရွက်ခြင်းကား ပညာရှိသူတော်ကောင်းတို့၏အလုပ် ဖြစ်၏။ လူတိုင်းပေါ် တွင် စေတနာကောင်း ထားပြီး ပြောဆိုပြုမူနေ ထိုင်ခြင်းသည် အကျိုးရှိသော အလုပ်၊ မိမိရော သူတစ်ပါးပါ စိတ်ချမ်းသာစေသော အလုပ်ပင် ဖြစ်ပါသည်။

မြတ်စွာဘုရားက “စေတနာ အဟံ ဘိက္ခ ကမ္မံ ၀ဒါမိ- ဘိက္ခဝေ- ငါ၏ချစ်သား ရဟန်းများ တို့၊ စေတ နာ- စေတနာ ကို၊ ကမ္မံ- ကံ ဟူ၍၊ အဟံ ၀ဒါမိ- ငါ ဘုရားဟောတော်မူ၏။” ထို့ကြောင့် စေတနာကောင်းလျှင် ကံကောင်းမည်၊ စေတနာဆိုးလျှင် ကံဆိုးမည် ဖြစ်၏။ ယခင် သံသရာက စိတ်ဆိုးစေတနာဆိုး ရှိခဲ့ပါလျှင် ယခုဘ၀ ကံဆိုးမိုးမှောင်ကျနေသည့် အဖြစ်ဆိုးတို့ ကြုံတွေ့နေရခြင်းကို စိတ်ရိုင်းစိတ်မိုက်များ ထပ်မံမွေးမြူနေပါလျှင် နောင်သံသရာ၌ကား သည်ထက်ပိုသော အပါယ်ဆင်းရဲသို့ ကျရောက်ပေတော့မည်။ အပါယ်ငရဲသို့ ကျရောက်သွားပါက ကောင်းဆိုးနှစ်တန် ခွဲခြားတတ်သည့် ယခုလို လူ့အဖြစ် ရရန်ကား လွန်စွာခဲယဉ်း ပေသည်။ အပါယ်လေးပါး ကျရောက်နေသော သတ္တ၀ါတို့ သည် ကောင်းမှုကို မဆည်းပူးနိုင်ဘဲ မကောင်းမှုတို့သာလျှင် ပြုလုပ်နေကြရသည်ဖြစ်ခြင်းကြောင့် ဆင်းရဲပြီးဆင်းရဲ နွံတွင် နစ်သကဲ့သို့ လှုပ်လေ မြုပ်လေ ဖြစ်ကြရပေသည်။ သတ္တ၀ါတို့၏ အမြဲနေအိမ်မှာ အပါယ်ဘုံ ဖြစ်ရာ ထိုသို့ ကျင်လည်နေရခြင်းမှာ မကောင်းမှုတို့ကို ကြိမ်ဖန်များစွာ လုပ်နေ ရခြင်းကြောင့် ဖြစ်သည်။ တိရစ္ဆာန်သည် အိပ်မည်၊ စားမည်၊ မေထုန်မှီဝဲမည် ဤသုံးခုသာလျှင် သိ၏။ ဤအလုပ် သုံးခုကိုသာ ပတ်ချာလည် အမြဲလုပ်ဆောင်နေ၏။ ရတနာမြတ်သုံးပါးဆိုသည်ကို မသိ။ သီလ မည်သို့ ဆောက်တည်သလဲ နားမလည်။ ဘာဝနာ ဘယ်လို ပွါးသလဲ မတတ်မြောက်နိုင်ကြပေ။ လူသည်ကား သံသရာဆိုတာကိုလည်း သိ၏။ အဘယ်ကြောင့် ကျင်လည်နေရသည်ကိုလည်း နားလည်၏။ ကောင်းမှု၊ မကောင်းမှုတို့ကိုလည်း ခွဲခြားနိုင်၏။ သံသရာမှလွတ်မြောက်အောင်လည်း အားထုတ်နိုင်ပါပေ၏။ လူ့ဘ၀ရရှိခြင်းကား လွန်စွာ မွန်မြတ်လှပေသည်။ မွန်မြတ်သည့်လူ့ဘ၀မှာ မွန်မြတ်သည် စိတ်ကောင်း၊ စေတနာကောင်းများ ထားရှိမွေးမြူကာ ကျင့်ကြံအားထုတ်မှသာ တန်ဘိုးရှိ သည့် ကလျာဏပုထုဇဉ်အဖြစ်မှသည် သောတာပန်နှင့် အထက်အထက်သော အရိယာသူတော်စင် များအဖြစ်သို့ ရောက်ရှိပြီး ဘ၀၏ဒုက္ခတောနက်ထဲမှ လွတ်မြောက်နိုင်ကြပေမည်။ 

စိတ်ကောင်းစေတနာကောင်းဖြင့် လုပ်ကိုင်ဆောင်ရွက်ပါသ်ာလည်း အဆင်ပြေမှုတို့ မရရှိ၊ လောကဓံဆိုးတို့သာ လျှင် ထပ်ခါ ထပ်ခါ ကြုံတွေ့ရသည့်အခါ စိတ်ဓာတ်တွေကျလိုက်၊ စိတ်ဓာတ်တွေ တင်းမာသွားလိုက်ဖြစ်ကာ စိတ်ဆိုးစိတ်ညစ်များ ၀င်လာတတ်ပေသည်။ ကိုယ်ကောင်းသလို တုန့်ပြန်မှုတွေ မကောင်းသည့်အခါ သည်းခံစိတ်ကိုသာ အားတင်းမွေးမြူ ရာ၏။ လောကဓဆိုးတို့ ကြုံတွေ့ရသည့် အချိန်တွင် “သြော်…ငါယခင်က အတော်ကို မကောင်းတာတွေ ပြောဆို ပြုမူမိခဲ့ပါလား”ဟူ၍ ကံနှင့် ကံ၏အကျိုးတို့ကို ဆင်ခြင်သင့်၏။ ကိုယ်စေတနာ သူတစ်ပါးတို့ နားလည်ဖို့၊ သိရှိကြဖို့ မျှော်လင့်နေမည့် အစား မိမိစေတနာ မိမိသိဖို့သာလျှင် အရေးကြီးပေ သည်။ ကျေးဇူးတော်ရှင် မေတ္တာရှင်-ရွှေပြည်သာ ဆရာတော် အရှင်ဇ၀န၏ သြ၀ါဒကို ပြောရပါလျှင် “လောကီ စာမေးပွဲ၌ ဖြေသူက မိမိ၊ အမှတ်ပေးသူကား သူတစ်ပါး၊ လောကုတ္တရာစာမေးပွဲ၌ ဖြေသူရော အမှတ်ပေးသူပါ မိမိသာလျှင်ဖြစ်၏။” ကိုယ်ကောင်းသည် ကို ကိုယ်သိဖို့ လို၏။ ကိုယ်မကောင်းသည်ကို ကိုယ် ဆင်ခြင်ဖို့ လို၏။ ကိုယ့်ကိုယ်ကို ဆုံးမနိုင်ခြင်း ကား မြတ်သောအောင်မြင်မှုပင် ဖြစ်လေသည်။

ကောင်းမှုကိုလုပ်က ကောင်းကျိုးရပြီး မကောင်းမှုလုပ်က ဆိုးကျိုးရကြောင်း မြတ်စွာဘုရား ဆုံးမထား ၏။ ကောင်းမှုလုပ်လျက် ဆိုးကျိုးတွေ့ရသည့်အခါ ကံတရား၏ အကျိုးပေးသဘောကို နားလည်မှု လွဲတတ်ပေသည်။ ဥပမာဆိုရလျှင် “ဗောဓိကိုင်း ချိုးလို့ ရွှေအိုးရ၊ ဗောဓိပင်ပျိုးလို့ ခြေကျိုးရ”ဆိုသည့် သာဓကကိုထောက်၍ မကောင်းမှုလုပ်လည်း ကောင်းကျိုးပေး၍ ကောင်းမှုလုပ်ပါကလည်း ဆိုးကျိုးရ သည်” ဟူ၍ ကံနှင့်ကံအကျိုးအပေါ်၌ လွဲမှားစွာမှတ်ယူပြီး ယုံကြည်မှု လွဲတတ်ပေသည်။ ထိုသာဓက၏ အကြောင်းအရင်းမှန်မှာ ဗောဓိကိုင်း ချိုးသော သူသည် ထိုနေ့ ဗောဓိကိုင်း မချိုးဘဲ နေခဲ့ပါ မူ ရွှေအိုးပေါင်းများ ရရှိမည်ဖြစ်သော်လည်း မကောင်းမှု အကုသိုလ်အလုပ် လုပ်မိသောကြောင့် ရွှေအိုး များစွာရရှိမည့် အတိတ်အကြောင်းခံ ရှိသော်လည်း ရွှေအိုးတစ်လုံးသာရရှိပြီး အကျိုးပေးနည်း သွားခြင်းဖြစ် ၏။ ဗောဓိပင် ပျိုးသောသူ မှာလည်း ထို့နေ ဗောဓိပင်ပျိုးသည့် ကုသိုလ်ကောင်းမှု မလုပ်မိပါလျှင် အသက်ပါ သေဆုံးရမည့် အကုသိုလ်အကျိုးပေးအတိတ်အကြောင်းခံရှိသော် လည်း ဗောဓိပင်ပျိုး သည့် ကောင်းမှု ရှိလိုက်သောကြောင့် အသက်မသေဘဲ ခြေကျိုးရုံသာ အကျိုးပေးနည်း သွားခြင်း ဖြစ်ပေ သည်။ မြတ်စွာဘုရားတိုင်း၏ သြ၀ါဒအနှစ်ချုပ်မှာ “မကောင်းမှုရှောင်၊ ကောင်း မှုဆောင်၊ ဖြူအောင် စိတ်ကိုထား” ရမည်ဖြစ်ရာ မလွှဲသာ မရှောင်သာကာ အကုသိုလ်အလုပ်ဖြင့် အသက်မွေး ၀မ်း ကြောင်းပြုနေ ရသော၊ သို့မဟုတ် မကောင်းမှုကို မပြုချင်သော်လည်း ကျူးလွန်မိနေကြသည့် သူတို့အနေဖြင့်လည်း စိတ်ကောင်းစေတနာကောင်းဖြင့် မွေးမြူဆောင်ရွက်နိုင်သလို ကောင်းမှု များကိုလည်း ပူးတွဲဆည်းပူး လုပ်ဆောင်သင့်ပေသည်။ အရက်သေစာ သောက်စားမိနေသူ သည် တရားပွဲနှင့် တွေ့သောအခါ တရားနာကြားလိုက်ခြင်းဖြင့် အသိအမြင် တိုးသွားနိုင်သလို၊ ရိုသေစွာ နာကြားခြင်း သက္ကစ္စ ဓမ္မဿဝန ကုသိုလ်ကောင်းမှု ရရှိနိုင်၏။ တချို့က အရက် သေစာသောက်မိလျှင် တခြားကုသိုလ်ကို မယူရဲတော့ဘဲ ရှိကြ၏။ မကောင်းမှုသက်သက်ချည်း ပြုလုပ်မိနေခြင်းသည် မီးခဲကိုသာ ကိုင်နေပြီး ရေနှင့် မဖြန်းမိ သလို ဖြစ်သောကြောင့် ပို၍ ပူလောင်စေပေသည်။

ကောသလမင်းကြီး၏ စစ်သူကြီးတစ်ဦးသည် စစ်ပွဲများ စွာ အရှုံးမရှိ အောင်နိုင်သောကြောင့် ခုနစ်ရက်တာ မင်းစည်းစိမ်ကို ခံစားခွင့် ပေးသနားခံရပြီး ကချေသည် အလှကညာတစ်ဦးကို ရာသက်ပန် ကြင်ရာတော်အဖြစ် ရွေးကောက်တင်မြှောက်မိလိုက်ရာ ချစ်ဦးသက်ကလျာမှာ ရုတ်တရက် သေဆုံးသွား သဖြင့် စစ်ပွဲတစ်ရာ အောင်နိုင်ခဲ့ပါသော်လည်း အချစ်တစ်ပွဲမှာ ရှုံးနိမ့် သွားရသော စစ်သူကြီး ခမျာ ဖြေမဆည်နိုင်ဘဲ သေရည်ခွက် လက်မှာကိုင်၍ အရူးမီးဝိုင်း ခံရသလိုဖြစ်ကာ အသဲကွဲ ရှာတော့၏။ ဘယ်လိုများဖြေရပါ့ဟူ၍ အကြံတော်တောင်းလိုက်မှ မသေဆေးကျွေးတတ်သည့် မြတ်စွာဘုရားဆိုသော သမားတော်ကြီးဆီသွားပါက ဝေဒနာ ပျောက်ကင်းနိုင်ကြောင်း သိလျှင်သိခြင်း မသေဆေးတောင်းခံရန် အတွက် ဘုရားထံ အမြန်ပြေးလေရာ ဥပါဒါန်အစွဲအလန်းကြောင့် ဒုက္ခရောက်ရသည့်အဖြစ်ကို အသိဖွင့် လမ်းပြလိုက်ခါမှ လေးပါဒ တရားအဆုံးတွင် အရဟတ္တမဂ်ဖိုလ် ဆိုက်ရောက်သွားလေသည်။ ရှင်ဘုရင် အ၀တ်အစားဖြင့်ပင် ရဟန္တာဖြစ်သွားသော စစ်သူကြီးမှာ ပါးစပ်၌ သေရည်အနံ့ပင် မပျောက်သေးပေ။ အရက်သောက်ထားသူ တရားမနာကြားရဟူ၍ မြတ်စွာဘုရား မဟောကြား ခဲ့ပေ။ ထို့ကြောင့် ဘီယာလေး တမျှမျှ၊ သေစာကလေး မ၀တ၀ မှီဝဲတတ်ကြသောသူများသည် တရားဆွေးနွေးခြင်း၊ တရားနာကြားခြင်း၊ ဘုရားရှိခိုးခြင်းအလုပ်များကိုလည်း ပူးတွဲလုပ်ဆောင် ပါလျှင် ကုသိုလ်က အသာရ၍ သံဝေဂ ၀င်ပြီး ဉာဏ်အမြင် ပွင့်လင်းသွားနိုင်ပေသည်။ မြတ်စွာဘုရားလက်ထက်က အရိယတံငှါသည်တစ်ဦးရှိရာ တစ်နေ့သ၌ ဘုရားရှင်နှင့် သံဃာတော်များ ဒေသစာရီကြွချီရင်း ငါးမျှားနေသော အရိယတံငှါ သည်ကို တွေ့သောအခါ မြတ်စွာဘုရားသည် အရိယတံငှါသည်၏ တရားရနိုင်သော ပါရမီရှိ သည်ကိုမြင် ၍ ခေတ္တရပ်ကာ အမည်နာမ မိတ်ဆက်ပြီး“အရိယဟူသောအမည်သည် သူတော်ကောင်းတရား တို့နှင့် မွေ့လျော် သူဖြစ်ကြောင်း” အစရှိသဖြင့် တရားဓမ္မ ဆုံးမလိုက်ရာ အရိယတံငှါသည်သည် ရေစပ်၌ တရား နာရင်းဖြင့် သောတာပန်တည်ကာ အမှန်တကယ် အရိယာသူတော်စင်တစ်ဦးအဖြစ်သို့ ရောက်ရှိပြီး တံငှါသည်ဘ၀မှ လွတ်မြောက်သွားပေသည်။ မလွှဲသာ မရှောင်သာ၍ မကောင်းမှု ပြုမိနေကြရသော်လည်း စိတ်ကောင်းမွေးကာ ကောင်းမှုကို ပူးတွဲလုပ်ဆောင်နိုင်ပါလျှင် နိဗ္ဗာန် ကို မျက်မှောက်ပြုနိုင်ကြောင်း သာဓကထုတ်အပ်ပေသည်။

စိတ်ကောင်း စေတနာကောင်း အမြဲမွေးမြူနေခြင်းသည် မသေဆေး အမြဲမှီဝဲနေသော ကျန်းမာရေး အသိရှိသူတစ်ဦးကဲ့သို့ ဖြစ်ပါသည်။ ပုထုဇဉ်မှန်သမျှသည် ရောဂါရနေကြသော ဝေဒနာ သည်များ သာဖြစ်ကြ၏။ မိမိ၌ ရောဂါရှိနေသည်ကို မသိရှိကြဘဲ ကိုယ့်ကိုယ်ကို မသေသေးဘူးဟု ထင်နေကြပြီး အဖန်ဖန်သေနိုင်သော ကိလေသာဓာတ်စာတို့ကိုသာ အမြဲမှီဝဲ ကာ ငါကွ အာဂလူဟူ၍ မိမိကိုယ်ကို အမြဲကျန်းမာသန်စွမ်းနေသည်ဟု ထင်နေကြပေသည်။ ကိလေသာရောဂါထပြီး အမျိုးမျိုး ကာမဂုဏ်တွေ မှီဝဲသုံးဆောင်နေနိုင်သည်ကို ငါလိုလူ ဇမ္ဗူမရှိဟူ၍ ၀ါကြွားနေတတ်ကြပေသည်။ နောင်သံသရာ အဖန်ဖန် သေရမည့်အရေးကိုကား မေ့လျော့၍ နေကြကုန်၏။ ပုထုဇဉ်တို့ကား ကိုယ့်ကိုယ်ကို အမောဖောက်နေမှန်းမသိသော စိတ်ရူးသွတ်နေသူတစ်ဦး အစွမ်းကုန်ပြေးနေသကဲ့သို့ ဖြစ်၏။ ကိလေသာ အမောဆို့၍သာ ဘ၀များစွာ အကြိမ်ကြိမ် သေပွဲဝင်ကြရသူများ ဖြစ်၏။ သေတစ်နေ့ မွေး တစ်နေ့၊ သေတာ များ ဘာဆန်းလဲဟေ့ဟူ၍ သေမင်းနှင့် စစ်ခင်းကာ ကြိမ်ဖန်များ စွာ ရှုံးပွဲရနေကြသူများဖြစ်ကြပေ သည်။

 “ကိလေသာစရိုက် စိတ်စေတနာ အရိုင်းအမိုက်တို့ကို မြတ်ဘုရား တရားအမြိုက်ဖြင့် ဆေးကြောရန် အချိန်ဆိုက်သော်လည်း ဆက်လက်၍ မိုက်မြဲပါလျှင် နောင်အခါ သံသရာနှင့်တိုက်ဖို့ ဘယ်တော့များ ထိုက်တန်ပါအံ့နည်း။” 

စာရှုသူ ဓမ္မမိတ်ဆွေအပေါင်းတို့ ပါရမီကုသိုလ် အစဉ်နွေးအောင် စိတ်ကောင်း စေတနာ ကောင်း အစဉ်မွေး၍ နိဗ္ဗာန်သို့ အပြေးဝင်ရောက်နိုင်ကြပါစေ။
(ဣဒံ မေ ပုညံ အာသ၀က္ခယံ ၀ဟံ ဟောတု)
ထွန်းထွန်းလှိုင်

အမြင်မတူ ရန်သူမဖြစ်စေချင်

$
0
0


အမြင်မတူသူ ၀ါဒချင်း မတူသူတို့နဲ့ အတိုက်အခံမဖြစ်ပဲ အေးအေးလူလူနေလာတာ ကြာခဲ့ပြီ၊ မိတ္ထီလာ အရေးခင်းပြီးလို့ ပရဟိတလုပ်ငန်းများကို စလုပ်တော့မယ်ဆိုကတည်းက မေတ္တာစိတ်ထားကာ သတ္တ၀ါအားလုံးနဲ့ ငြိမ်းချမ်းရေး ယူထားခဲ့ရတာမို့ အယူဝါဒချင်း မတူသည့် Islam ဘာသာဝင် မွတ်စလင် ကုလားတွေနဲ့လဲ ပြဿနာ မဖြစ်တော့သလို Christian ဘာသာဝင် တစ်နယ်တည်းသား ရွှေကချင်တွေ၊ ချင်းတွေနဲ့လည်း အတိုက်အခံ ငြင်းခုံမှုတွေ မဖြစ်တော့ဘူး၊ အတတ်နိုင်ဆုံး လက်လှမ်းမီသလောက် စာသင်ကျောင်း ဆောက်လှူတယ်၊ စာကြည့်တိုက်လှူတယ်၊ ဓမ္မာရုံလှူတယ်၊ လိုအပ်တဲ့နေရာတွေမှာ အချင်းချင်း စည်းစည်းလုံးလုံးညီညီညွှတ်ညွှတ်နဲ့  ကူညီရိုင်းပင်းကြဖို့ မတည်ငွေလှူဒါန်းပြီး အဖွဲ့အစည်းလေးတွေ ဖွဲ့စည်းပေးခဲ့တယ်။ မိသားစု စီးပွားရေး အခြေအနေအရ ကျောင်းဆက်မတက်နိုင်တဲ့ ကလေးတွေကို ကျောင်းထားပေးခဲ့တယ်။ ဘန်ကောက်မှာလည်း ရွှေပါရမီ ပညာဒါန (ကွန်ပျူတာ အင်္ဂလိပ်စာနှင့် ထိုင်းစကားပြောသင်တန်း) ဓမ္မရောင်ခြည် ဓမ္မဒါန လုပ်ငန်းခွဲ(271) အမည်နဲ့ မြန်မာအလုပ်သမားတွေကို ကွန်ပျူတာ အင်္ဂလိပ်စာ ထိုင်းစာ အလကား သင်ပေးပါတယ်၊ စာအုပ် စာတမ်းနဲ့ ဘောလ်ပင်တွေ အလကားပေးတယ်၊ အစားအသောက်ကိုလည်း အလကားကျွေးပါတယ်။ ဘာသာရေး အသိတရားတွေရဖို့၊ အချင်းချင်း စည်းလုံးညီညွှတ်ဖို့ ရိုင်းပင်းကူညီဖို့ ရည်ရွယ်ပြီး ဘန်ကောက်မှာ ၁ နှစ်ကို အလှူ ၄ ကြိမ်လုပ်ကာ ဆရာတော် သံဃာတော်များထံမှ တရားရေအေးအမြိုက်ဆေးကို နာယူနိုင်ဖို့ စီစဉ်ပေးပါတယ်။ တိုင်းတစ်ပါးရောက်နေပေမယ့် မြန်မာ့ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းတတ်ဖို့ မြန်မာရိုးရာ ပွဲလမ်းသဘင်များကို အတတ်နိုင်ဆုံး စီစဉ်ပေးပါတယ်။ အငြင်းအခုံ ဖြစ်စေမည့် စာပေအရေးအသားများကို မရေးသားတော့ပဲ အလှူအတန်းနှင့်သက်ဆိုင်သည့် ပို့စ်များ၊ ပရဟိတလုပ်ငန်းနှင့်သက်ဆိုင်သည့် ပို့စ်များကိုသာ အတတ်နိုင်ဆုံးရေးသား တင်ပြလာခဲ့ပါသည်။ အမျိုးကိုချစ်သည်၊ ဘာသာကို ချစ်သည်၊ သာသနာကို ချစ်သည်၊ နိုင်ငံကို ချစ်သည်၊ တိုင်းပြည်နဲ့ လူမျိုးအားလုံးကို ချစ်ပါသည်။ မျက်ကန်းချစ်မဟုတ်ဘဲ၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို ဂုဏ်ယူလို့ ချစ်သည်။ ထို့ကြောင့် မိမိ၏ ပညာရေးကို ရပ်နားထားပြီး လုပ်နိုင်တုန်း အရှိန်ရနေတုန်း လုပ်လက်စ ပရဟိတလုပ်ငန်းများကိုသာ ဦးစားပေးဆောင်ရွက်နေခဲ့ပါသည်။


သီတင်းသုံးဖော် သူငယ်ချင်း ရဟန်းသံဃာ ညီတော်နောင်တော်တွေထဲမှာ အမျိုးသားရေးကို စိတ်အားထက်သန်တဲ့သူတွေ ရှိသလို၊ နိုင်ငံရေးကိုသာ စိတ်ဝင်စားတဲ့သူတွေလည်း ရှိသည်။ စာပေသင်ကြားခြင်းဖြင့်သာ အချိန်ကုန်နေပြီး အမျိုးဘာသာ သာသနာအတွက် ဘာတစ်ခုမျှ မလုပ်ဖြစ်သေးတဲ့သူတွေရှိသလို စာပေဆက်မသင်တော့ပဲ အမျိုးဘာသာ သာသနာအတွက် ရောက်ရာ နေရာ ကျရာနေရာမှာ သာသနာ့တာဝန် ထမ်းဆောင်နေကြသူတွေလည်း အများကြီးပါ။ အကြောင်းအကျိုး အကောင်းအဆိုးတွေကို ယထာဘူတနည်းကျကျ ဒကာ-ဒကာမတွေကို မိမိတတ်ကျွမ်းသည့် စာပေတွေ ရေးသားပြီး ဖြန့်ဝေနေသူတွေလည်း ရှိသည်။ လက်ရှိမြန်မာပြည်အနေအထားကို အကောင်းမြင်နေသူတွေ ရှိသလို အဆိုးမြင်နေသူတွေလည်း ရှိသည်။ မိမိကို ကိုးကွယ်သည့် ဒကာ-ဒကာမနဲ့ ပတ်ဝန်းကျင်အနေအထားကိုလိုက်၍ ပုံစံအမျိုးမျိုးတွေ့ရပေသည်။ အားလုံးသော ညီတော်နောင်တော်များနှင့် အလျင်းသင့်သလို ပေါင်းသင်းဆက်ဆံမှုရယ်၊ သီးသန့်  တစ်ပါးထဲ သီတင်းသုံးနေမှုရယ်ကြောင့် အေးချမ်းစွာဖြင့် ညီတော်နောင်တော်တွေ ရေးတဲ့ ပို့စ်လေးတွေပဲ ဖတ်နေခဲ့ပါတယ်။ သူ့အမြင် ကိုယ့်အမြင်လေးတွေကို ရေးသားထားကြတာမို့ အကုန်လုံးကို သဘောကျပါတယ်။ Like မနှိပ်တာကတော့ အမြင်မတူသူတွေနဲ့ အငြင်းမခုံ မဖြစ်ချင်လို့ပါ။ Comment Box တွေထဲမှာ အမြင်မတူကြသူတွေ ငြင်းနေခုံနေကြတာတွေကို နေ့စဉ် တွေ့မြင်လာရလို့သာ ဒီပို့စ်လေးကိုး ရေးလိုက်တာပါ။ အမြင်မတူမှု အနဲငယ်ကို ဖယ်ပြီး တူတာလေးတွေယူပြီး ပေါင်းသင်းဆက်ဆံကာ အလုပ်လုပ်သွားကြမယ်ဆိုရင် တိုင်းပြည်အတွက် သာသနာအတွက် တန်ဘိုးရှိပါလိမ့်မယ်။

ယခုဆိုလျှင် မြန်မာနိုင်ငံအနှံ့ ဆရာတော်ကြီးများ ဦးဆောင်ပြီး ညီတော်နောင်တော် ရဟန်းသံဃာများ စည်းလုံးညီညာစွာ အင်တိုက်အားတိုက် မကောင်းမြစ်တာ ကောင်းရာညွှန်လတ် ဆိုသလို အမျိုးဘာသာ သာသနာတော်ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် လုပ်ဆောင်နေကြတာကိုလည်း ၀မ်းမြောက်ဝမ်းသာ သာဓု ခေါ်ဆိုပါသသည်။ အမျိုးဘာသာ သာသနာတော် ထိန်းသိန်း စောင့်ရှောက်ရေးအတွက် လုပ်နေကြသော ရဟန်းရှင်လူ ပြည်သူလူထုကို အမျိုးသားရေးဝါဒီ ဆိုပြီး ထင်ထင်ရှားရှား ဖြစ်ပေါ်လာခဲ့ပေပြီ။

၁၉၈၈ မတိုင်ခင် လွှတ်လပ်ရေးရပြီး နောက်ပိုင်းမှာ အချင်းချင်း ကွဲနေပြဲနေခဲ့ကြလို့ နိုင်ငံရေး လုပ်ရှားသူတွေ သိပ်အထင်ကရ ဖြစ်မလာခဲ့ပေမယ့် ၁၉၈၈ နောက်ပိုင်းမှာတော့ စစ်အစိုးရ၏ မတရားအုပ်ချုပ်မှု၊ ၄င်းတို့၏ မိသားစု အကျိုးစီးပွားအတွက် ကိုယ်ကျိုးရှာမှုတွေကို အကြောင်းပြု၍ နိုင်ငံရေးလှုပ်ရှားမှုများ သိသိသာသာ မြန်မာနိုင်ငံအနှံ့ ပျံ့နှံ့သွားခဲ့ပေသည်။ ၀မ်းနည်းစရာကောင်းလှသည်က နိုင်ငံရေးလှုပ်ရှားမှု ကာလအတွင်း မိသားစုအချင်းချင်း၊ မိတ်ဆွေအချင်းချင်း၊ လူအချင်းချင်း၊ ရဟန်းအချင်းချင်း စိတ်သဘောထား မတိုက်ဆိုင်တာလေးတွေကို အကြောင်းပြုပြီး အချင်းချင်း သတ်ကြသည်၊ ရိုက်ကြသည်၊ ကွဲခဲ့ ပြဲခဲ့ကြရသည်။

ဟော နောက်တစ်ခါ လာပြန်ပြီ၊ ရခိုင်ပြည်က ဖြစ်ခဲ့သည့် ရခိုင်-ကုလား အဓိကရုဏ်းကို အစပြု၍ မိတ္ထီလာ၊ လားရှိုးအထိ ပြဿနာတွေ ဖြစ်ခဲ့ပြီး တရားဘာဝနာပွားပြီး အေးအေးလူလူ နေရမည့် ဆရာတော်ကြီးများပင် အေးအေးမနေရ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးဆိုပြီး တိုင်းပြည်အနှံ့ နေရာအနှံ့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လှုပ်ရှားနေရပေပြီ။

တကယ်တော့ မြန်မာနိုင်ငံထဲကို ပြည်ပကနေ ငွေအား လူအားနဲ့ တစိမ့်စိမ့် ၀င်ရောက်နေရာယူလာတာ ကုလားမှ  မဟုတ်ပါဘူး တရုတ်တွေဆိုလျှင် မြန်မာပြည်အနှံ့ သူတို့မရောက်တဲ့နေရာ သူတို့ မရှိတဲ့နေရာ မရှိသလောက်ပါဘဲ၊ ကုလားလည်းအတူတူ တရုတ်လည်း အတူတူပါပဲ၊ တရုတ်တွေဆိုရင် သူတို့နဲ့ယူရင် သိန်း ၂၀၊ ၃၀ ပေးမယ်၊ ကလေးတစ်ယောက်မွေးပေးရမယ် စသည်ဖြင့် မြန်မာအမျိုးသမီးငယ်တွေနဲ့ လူပွဲစားတွေရဲ့ နှုတ်ဖျားမှာ ရေပန်းစားနေခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ မွတ်စလင်ကုလားတွေနဲ့ ပတ်သက်ပြီး အထူးပြောနေစရာမလိုအောင် အဓိကစီးပွားရေးလုပ်ငန်းတွေကို ချုပ်ကိုင်ထားပါတယ်။ Father Land နဲ့ 9 Group ကစပြီး အများကြီး ရှိပါတယ်။ တရုတ်တွေဆိုရင်လည်း လူတွေ သိနေတဲ့ လက်ပန်းတောင်းတောင်နဲ့ မီဒီယာအားနည်းလို့ လူမသိသေးသည့် ရှမ်းပြည်တောင်ပိုင်း၊ ဘော်ဆိုင်း၊ ရပ်စောက်၊ ရွာငံဘက်က သတ္ထုတွင်းတွေ၊ ကချင်ပြည်နယ်ဘက်က ကျောက်တွင်းတွေ၊ သစ်လုပ်ငန်းတွေ၊ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေ စသည်ဖြင့် အများကြီးရှိပါသည်။ မြန်မာပြည်ကို တရားမ၀င်အောက်လမ်းကနေ သက်ဆိုင်ရာကို ငွေပုံပေးပြီး လာပါတယ်။ အသိပညာ ဗဟုသုတ ခေါင်းပါးလှသည့် မအူမလည် တောသူမငယ်များကို မက်လုံးပေးပြီး ယူကြတယ်။ တောသူမ နာမည်နဲ့ ကုမ္ပဏီထောင်ပြီး သတ္ထုတွေ တူးထုတ်နေကြတယ်။ မီဒီယာသမားတွေဆိုတာကလည်း လူသိပြီးသား လူစိတ်ဝင်စားပြီးသား သတင်းတွေကိုလောက်ပဲ ရေးသားတင်ပြနေကြတယ်။

မြန်မာနိုင်ငံမှာ မြန်မာနိုင်ငံသူ/နိုင်ငံသား တိုင်းရင်းသားတွေက ဆင်းရဲသားဘ၀ကနေ မကျွတ်လွတ်ပဲ တိုင်းတစ်ပါးက ငွေအင်အား လူအင်အား အလုံးအရင်းနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေကို ငွေပေးပြီး ၀င်ရောက်လာကြသူတွေရဲ့ အဖိနှိပ်ခံဘ၀ နှင်းပြားဘ၀ ရောက်နေကြတာသည် တိုင်းတစ်ပါးသားတွေ တော်လို့မဟုတ်  မိမိတို့ကသာ ညံ့လို့ ဖြစ်သလို သက်ဆိုင်ရာ အာဏာပိုင်အဆက်ဆက်၏ ကိုယ်ကျိုးကြည့်မှု တာဝန်မကျေပွန်မှုတို့ကြောင့် ဖြစ်သည်။ အိမ်တစ်အိမ် မိသားစုတစ်စု၏ အောင်မြင်မှု စီးပွားတိုးတက်မှု တည်ငြိမ်အေးချမ်းမှုသည် အိမ်ထောင်ဦးစီးတွင် အပြည့်အ၀ တာဝန်ရှိသလို၊ တိုင်းပြည်တစ်ပြည် နိုင်ငံတစ်နိုင်ငံ၏ ကြီးပွားမှု တိုးတက်မှု တည်ငြိမ်အေးချမ်းမှုသည် တိုင်းပြည်ကိုအုပ်ချုပ်သော အာဏာပိုင်အဖွဲ့အစည်းတွေတွင်သာ တာဝန်ရှိပါသည်။

မြန်မာနိုင်ငံတွင်းသို့ အနောက်ဘက်ခြံစည်းရိုးကိုကျော်ကာ ၀င်ရောက်လာကြသော မွတ်စလင်ကုလားများကို မည်သူက လက်ခံခဲ့သနည်း။

အရှေ့မြောက်ဘက် ခြံစည်းရိုးကိုကျော်ကာ တရားမ၀င်တရုတ်များကို မြန်မာနိုင်ငံထဲသို့ မည်သူများ သွင်းခဲ့ပါသည်နည်း။

မြန်မာနိုင်ငံ၏ လက်ရှိ ပြည်ထောင်စု လွှတ်တော်ထဲသို့ မွတ်စလင်ကုလားများကို မည်သူများ ခေါ်ခဲ့ပါသည်နည်း။

မွတ်စလင်များ တရုတ်များကို မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ဖို့ မည်သူများ လက်မှတ်ထိုး ခွင့်ပြုခဲ့ပါသနည်း။

ယခုလက်ရှိ နာမည်ကြီး ပါတီတစ်ခုထဲသို့ မွတ်စလင်များကို မည်သူများ ထဲ့သွင်းထားပါသနည်း။

မွတ်စလင်ကုလားကို မယူ ယူအောင် ရခိုင်အမျိုးသမီးငယ်များ မြန်မာအမျိုးသမီးငယ်များကို မည်သူများ အတင်းအကျပ် တိုက်တွန်းပါသနည်း။

နိုင်ငံခြား တိုင်းပြည်များတွင် မြန်မာအမျိုးသမီးငယ်များ အိမ်ဖော်၊ အိမ်အကူ၊ အိမ်စေအလုပ်သမားများဖြစ်အောင် မည်သူများ ဖန်တီးခဲ့ပါသနည်း။

ယုတ်စွဆုံး ထိုင်းနိုင်ငံကို မြန်မာအလုပ်သမား ၄ သန်းနီးပါးရောက်နေသည်မှာ မည်သူတွေကြောင့်နည်း၊
မည်သည့်နိုင်ငံရေးအဖွဲ့အစည်းတွေကလည်း ဒုက္ခရောက်နေသူပြည်သူတွေကို မည်သို့ ကူညီးပေးပါသနည်း။

စသည် စသည်ဖြင့် မေးခွန်းတွေလိုက်ရေးနေရလျှင် မြင့်မိုရ်တောင်လောက်ရှိသည့် စာရွက်ပုံကြီးသာ ကုန်သွားမည် မေးလို့ ကုန်မည်မဟုတ်ပါ။

အလုပ်အကိုင် မရှိသေးသည့် နိုင်ငံသူ နိုင်ငံသားများကို အလုပ်အကိုင်ဖန်တီးပေးခြင်း၊ စားဝတ်နေရေး မပြေလည်တာတွေကို ပြေလည်အောင် စီစဉ်ပေးခြင်း၊ ပညာရေး ညံ့ဖျင်းနေတာကို ပြန်လည် ပြုပြင်ပေးခြင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဖြစ်ဖို့၊ လမ်းပန်း ဆက်သွယ်ရေးကောင်းဖို့၊ အွန်လိုင်းဆက်သွယ်ရေးကောင်းဖို့သည်၊ နိုင်ငံတော်အစိုးရရော၊ ပါတီဝင်တွေရော၊ လက်နက်ကိုင်အဖွဲ့ အစည်းတွေရော၊ နိုင်ငံရေးသမားတွေရော၊ ရဟန်းရှင်လူ ပြည်သူလူထုအားလုံးပေါ် တာဝန်ရှိပါသည်။

မိသားစု တစ်စုတိုးတက်ကြီးပွားဖို့အတွက် အဓိကအားဖြင့် အိမ်ထောင်ဦးစီးမှာ တာဝန်ရှိတာ မှန်ပေမယ့်၊ မိသားစုဝင်အားလုံးကလည်း ညီညီညွှတ်ညွှတ် ပါဝင် သင့်သလို မြန်မာနိုင်ငံ ကြီးပွားတိုးတက်ဖို့အတွက် အစိုးရအပါအ၀င် မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးမှာ တာဝန်ရှိပေသည်။ မြန်မာနိုင်ငံတိုးတက်ဖို့အတွက် အမေရိကန်လဲ အလကား လာမလုပ်ပေးသလို၊ တရုတ်ကလည်း အလကား လာမလုပ်ပေးပါဘူး၊ တန်ရာတန်ကြေးကို ယူပြီး လုပ်ပေးကြတာပါ။ မိသားစုတစ်စု တိုးတက်ဖို့အတွက် ဘယ်သူစိမ်းအိမ်ကမှ တန်ရာတန်ကြေး မရပဲ အလကား မပေးပါဘူး။

ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ယဉ်ကျေးမှုကို မိမိတို့ကသာ တိုးတက်အောင်မလုပ်၊ မကာကွယ်မစောင့်ရှောက်ပဲ အချင်းချင်း ငြင်းနေခုံနေကြလျှင် မြန်မာပြည်ကြီးသည် တိုးတက်စရာမရှိသလို၊ ငြိမ်းအေးစရာလည်း မဖြစ်နိုင်ပေ။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများကို အမေရိကန်ကလည်း မကာကွယ် မစောင့်ရှောက်သလို၊ တရုတ် - ရုရှားတွေကလည်း မကွာကွယ် မစောင့်ရှောက်ပေးပါဘူး။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ယဉ်ကျေးမှု ကိုယ့်နိုင်ငံက ထွက်သည့် သယံဇာတ တွေကို မိမိတို့ကိုယ်တိုင်သာ စောင့်ရှောက်ရပါလိမ့်မည်။

မြန်မာနိုင်ငံမှာ လေယာဉ်ပျံတွေ များသည်ထက်များလာပါပြီ Made in Myanmar ဘယ်နှစ်စင်း ပါသနည်း။
ရန်ကုန်မြို့တွင်း သွားလို့လာလို့ မရအောင် ကားတွေ ပြည့်နှက်ပြီး ကြိတ်ကြိတ်တိုး ကျပ်ညှပ်နေသည် Made in Myanamr ဘယ်နှစ်စီးပါသနည်း။

မြန်မာနိုင်ငံမှာ ဆိုင်ကယ်တွေ မြန်မာပြည်အနှံ့ Made in Myanmar ဘယ်နှစ်စီး ရှိသနည်း။

နိုင်ငံခြားကို ပို့နေသည့် Made in Myanmar ကတော့ အမျိုးသမီးများနဲ့ လူငယ်မောင်မယ်တွေပါ။

စသည်စသည်ဖြင့် နည်းပညာ မရှိ၊ စက်ရုံ အလုပ်ရုံမရှိ၊ ကုန်ဈေးနှုန်းက မြင့်သထက်မြင့် သာမန်အလုပ်သမားတစ်ယောက်ရဲ့ ၀င်ငွေက ၀က်သားတစ်ပိဿာဖိုးမရှိ၊ ဟိုတုန်းက အိမ်ထောင်ဦးစီးတစ်ယောက်ရှာရင် တစ်အိမ်လုံး တစ်မိသားစုလုံး ကောင်းကောင်း စားနိုင်သောက်နိုင်သည့်အပြင် လှူနိုင်တန်းနိုင်သေး၏။ ယခုတွင်ကား တစ်မိသားစုလုံး ရှာတာတောင် ပုံမှန်စားနိုင်ဖို့ သောက်နိုင်ဖို့ ဝေးစွ။ သုံးနိုင်သူများအဖို့တော့ ကားကို ထည်လဲသုံး၊ ငွေကို ဘုန်းပေါလအော ဖြုန်းနေလိုက်ကြတာ။ နိုင်ငံရေးသမားဆိုသူတွေကလည်း မိမိအောင်နိုင်ရေး၊ မိမိပါတီအနိုင်ရရေး အတွက်လောက်သာ စိတ်ဝင်စားနေကြတယ်။ အဘယ့်ကြောင့်ဆိုသော် ၄င်းတို့သည် လူကြီးများ ဖြစ်နေသောကြောင့်တည်း။ ၀မ်းသာစရာကောင်းလာသည်က မြန်မာနိုင်ငံအနှံ့ လူမှုကူညီရေး ပရဟိတအဖွဲ့များကို လူငယ်မောင်မယ်လေးများက တစ်နိုင်တစ်ပိုင်ဖွဲ့စည်းကာ လူမှုကူညီရေးလုပ်ငန်းများ လုပ်ဆောင်နေကြသည်မှာ ကောင်းလေစွ၊ (ဒေါ်လာစား NGO အဖွဲ့များမပါ၊) အနာဂတ်မြန်မာပြည်ကို လူငယ်အားဖြင့် တည်ဆောက်ကြပါစို့။

အစိုးရလည်း အစိုးရတာဝန်၊ ပြည်သူတွေကလည်း ပြည်သူတွေရဲ့ တာဝန်၊ ရဟန်းလည်း ရဟန်းတာဝန်၊ ဒကာ-ဒကာမတွေကလည်း ဒကာ-ဒကာမတာဝန်၊ ဆရာ-ဆရာမကလည်း ဆရာ-ဆရာမတာဝန်၊ တပည့်ကလည်း တပည့်တာဝန်၊ စစ်တပ်ကလည်း စစ်တပ်တာဝန်၊ ရဲကလည်း ရဲတာဝန်၊ ၀န်ထမ်းကလည်း ၀န်ထားတာဝန် စသည့်ဖြင့် တာဝန်ကိုယ်စီ ကျေပွန်မယ်ဆိုလျှင် တိုင်းပြည်မတိုးတက်စရာ အကြောင်းမရှိပါဘူး။ ယခု တိုင်းပြည်မှာ ဖြစ်နေတာက သူ့တာဝန်ကိုယ့်တာဝန် မကျေပွန်ကြလို့ မပါရမယ့်နေရာပါ၊ ပါရမယ့်နေရာမပါကြလို့ လူအချင်းချင်း မဆိုထားဘိ၊ နိုင်ငံရေးသမားအချင်းချင်း၊ ရဟန်းအချင်းချင်းပင် အက်ကြောင်းက ထလာနေပေပြီ။


လူမှုဆက်သွယ်ရေး ကွန်ယက်ဖြစ်တဲ့ Facebook ပေါ်မှာဆိုလျှင် ရဟန်းနှင့်လူ၊ လူနှင့်ရဟန်း အမှတ်သညာလေးတောင် မထားကြတော့ပဲ ရိုင်းရိုင်းစိုင်းစိုင်း နင်ပဲငဆ ပြောနေဆိုနေကြတာ တကယ့်ကို ၀မ်းနည်းစရာကောင်းလှပါတယ်။ တပည့်မကောင်း ဆရာ့ခေါင်း၊ သားသမီးမကောင်း မိဘခေါင်း၊ ဒကာ ဒကာမ မကောင်း ဘုန်းကြီးခေါင်း၊ ရဟန်းသံဃာမကောင်း ဘုရားခေါင်း၊ တိုင်းသူပြည်သားမကောင်း အုပ်ချုပ်သူ အာဏာပိုင် ခေါင်း ဆိုသလိုဖြစ်ပေပြီ၊ ရဟန်းတော်များရော ဒကာ-ဒကာများရော Comment Box မှာ မပြောကြပဲ Chat Box မှာပဲ Group လုပ်ပြီး မေတ္တာစေတနာကို ရှေ့ထားကာ အချင်းချင်း အပြန်အပြန်ပြောနိုင်ကြရင် ကောင်းမည်ထင်ပါတယ်။ ရဟန်းသံဃာများအနေနဲ့ မိဘဆရာသမား မျက်နှာမထောက်တောင်မှ ဘုရားမျက်နှာလေးတော့ ကြည့်ပေးစေချင်ပါတယ်၊ ဒကာ ဒကာမများကလည်း ဆင်ဆင်ခြင်ခြင်နဲ့ လူမြင်ကွင်း Comment Box မှာ မပြောဘဲ Chat Box မှာ ပြောစေချင်ပါသည်။ မြတ်ဗုဒ္ဓ၀ါဒဟာ ၀ိဘဇ္ဇ၀ါဒမို့ ကြိုက်သလို ဝေဖန်ပါ၊ ကာလာမသုတ် အလိုအရ မိမိစိတ်တိုင်းကျသာ မြတ်ဗုဒ္ဓ၀ါဒအပါ မည်သည့်ဝါဒကို မဆို ဝေဖန် စဉ်းစား သုံးသပ် ပါလို့ ဟောခဲ့တာပါ။ ရဟန်းသံဃာနဲ့ အချင်းချင်း ခိုက်ရန်ဖြစ်ပါ ငြင်းခုံပါလို့ ဟောခဲ့တာ မဟုတ်ပါဘူး။ အတတ်နိုင်ဆုံး Chat Box မှာသာ ကြိုက်သလို ပြောကြပါ။


အမျိုးသားရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ တိုင်ရေးပြည်ရေး၊ လူမှုရေး စီးပွားရေး စသည်ဖြင့် အရေးပေါင်းစုံကာ ရောထွေးကုန်ကြတော့ ရဟန်းကိုလဲ ရဟန်းလိုမမြင်၊ လူကိုလဲ လူလိုမမြင်ကြတော့ဘဲ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဆိုသည့် ဗြဟ္မစိုရ်တရားတွေ  ခေါင်းပါးလာနေကြပြီ၊ တိုင်းပြည်တစ်ပြည်မှာ ဗြဟ္မစိုရ်တရား ခေါင်းပါးလာပြီဆိုလျှင် တိုင်းပြည်ပျက်ဖို့ 90% သေချာသွားပါပြီ၊ တိုင်းပြည်ကောင်းစားရေးကို ဦးတည်ကြတာချင်းမှန်ပေမယ့် တိုင်းပြည်ချောက်ထဲ လိမ့်ဆင်းအောင် လုပ်နေသလိုဖြစ်နေတာကို သတိမေ့နေကြတယ်။ မြတ်စွာဘုရား အဆုံးအမတွေ ပြန့်ပွားအောင် လုပ်ဆောင်နေကြတာ မှန်ပေမယ့် မိမိကိုယ်ကို အကြောင်းပြုပြီး သာသနာတော်ကို အကြည်ညိုပျက်လာကြတာ မသိကြတော့ဘူး။ နိုင်ငံအနှံ့ တရားပွဲတွေ၊ စာပေဟောပြောပွဲတွေ များသထက်များလာလို့ ကျယ်ကျယ်ပြန့်ပြန့် လုပ်လာလို့ အကောင်းဘက်ကို ရောက်လာကြလိမ့်မယ်၊ ရဟန်းသံဃာတွေ လူတွေ ပိုပြီး ယဉ်ကျေးလာလိမ့်မယ်လို့ ထင်နေခဲ့ကြတယ်။ Facebook ဆိုတဲ့ လူမှုကွန်ယက်ကြီးကို အကြောင်းပြု၍ သတင်းအချက်အလက်တွေ နည်းပညာတွေ ယဉ်ကျေးမှုတွေ ဘာသာရေးတွေ ပညာရေးတွေ အချင်းချင်း ဖလှယ်နိုင်ကြလိမ့်မယ်လို့ ထင်နေခဲ့ကြတယ်၊ MPTဆက်သွယ်ရေးက ကမ္ဘာမှာ အညံ့ဆုံးအဆင့်မှာပဲ ရှိနေသေးချိန်မှာတောင် Facebook ကို အကြောင်းပြု၍ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ ယဉ်ကျေးမှုကို ကမ္ဘာသိအောင် မဖော်ပြနိုင်ပဲ ရိုင်းစိုင်းမှုတွေ မယဉ်ကျေးမှုတွေ ငြင်းခုံမှုတွေနဲ့ပဲ ကိုယ့်လူမျိုးအချင်းချင်း Facebook သံသရာမှာ မျှောပါနေကြတာ ပြောမပြတတ်လောက်အောင်ပဲ စိတ်မကောင်းပါဘူးဗျာ။   

နည်းပညာတိုးတက်မှုကို အကြောင်းပြု၍ တိုင်းသူပြည်သားအချင်းချင်း စည်းလုံးမှု ချစ်ကြည်ရင်းနှီးမှု မပြိုကွဲစေချင်သည့် ဆန္ဒမွန်ဖြင့် မတူတာလေးတွေကိုဖယ်ပြီး တူတာတွေကယူနိုင်ကြပါစေ။
အမြင်မတူလို့ ရန်သူ မဖြစ်ကြပါစေနဲ့

Credit to ဗြဟ္မစိုရ်တရားနဲ့ ခရီးသွားသူ

ရဟန်းတစ်ပါး၏တန်းဖိုး

$
0
0


ပုထုဇဉ်ရဟန်း လေးတပါး ကိုရင်လေး တစ်ပါးဆိုရင် တချို့သော သူများက အထင်သေး တတ်ကြပါတယ်။ ပုထုဇဉ်ကိုရင် ရဟန်းလေးတွေက ဆွမ်းခံရင်း စာပဲသင်ရုံ ရှိသေးတာပဲ တရားမှ မဟောပြောနိုင်သေးတာ၊ ဘွဲ့ကြီးတွေမှ မရသေးတာပဲဆိုပြီး တန်ဖိုးမထား တတ်ကြပါဘူး။ တကယ်တော့ ဒီကိုရင်လေး ရဟန်းတော်လေး ဘ၀ကနေပဲ သီလ သမာဓိ ပညာနဲ့ ပြည်စုံတဲ့ ရဟန်းတော်ကြီးများ ဘ၀ကို ရောက်သွားရတာပါပဲ။ ဒီကိုရင် ရဟန်းလေးများဟာလည်း သာသနာ အဆက်အနွယ်ကို ထိန်းသိမ်းထားတာပါ။ သာသနာ့ အဆက်အနွယ်ကို ထိန်းထားတယ်ဆိုတာ ဓမ္မအစစ်တွေကိုသင်ယူရင်း ထိန်းသိမ်းထားတာပါ။ ဓမ္မအမှန်တရားတွေကို မပျောက်အောင် ထိန်းသိမ်းနေတယ်ဆိုတာဟာ အများအကျိုးကို ဆောင်ရွက်နေခြင်းပါပဲ။ ဒီကိုရင် ရဟန်းလေးများဟာ ဘယ်လောက် မြင့်မြတ်သလဲ တန်ဖိုးကြီးမားသလဲ ဆိုတာကို ပေါ်လွင်အောင် ကျွန်တော် သီတဂူဆရာတော် ဘုရားကြီးရဲ့ ရဟန်းတပါး၏ တန်ဖိုး တရားတော်ထဲက အချက်များနဲ့ ကောက်နုတ်ဖော်ပြ လိုက်ပါတယ်။


အိမ်နေသူ လူပုဂ္ဂိုလ်တစ်ယောက်ဟာ အရိယာအဆင့် သောတာပန် သကဒါဂမ် မပြောနဲ့ အနာဂါမ် ထိပဲဖြစ်နေပါစေ ဒီကိုရင်အသစ်ကလေး ရဟန်းအသစ်ကလေးတွေကို ရှိခိုးရပါတယ်။ သောတာပန် အဆင့်ကိုတောင် မဖြစ်သေးတဲ့ သူအတွက်တော့ ထည့်ပြောစရာတောင် မလိုတော့ပါဘူး။ လူပုဂ္ဂိုလ် ဘ၀မှာဆိုရင် အနာဂါမ်အဆင့်ဟာ အမြင့်ဆုံးပါပဲ ရဟန္တာအဖြစ်ကို ရောက်ခဲ့ရင်လည်း ရဟန်းဘ၀ကို ပြောင်းကို ပြောင်းရပါတယ်။ ဒါကြောင့် အိမ်နေသူဟာ ရဟန္တာအဖြစ်နဲ့ ရပ်တည်လို့မရပါဘူး။

ပုထုဇဉ်ရဟန်းတော်လေးတွေ ဘာတွေအားသာချက်တွေရှိသလဲဆိုတော့ ...
ဖန်ရည်ဆိုးသော အ၀တ် (သင်္ကန်း)ကို ၀တ်ရုံထားခြင်း
ဆံပင်/မုတ်ဆိတ် ကြင်စွယ်တို့ကို ရိတ်ထားခြင်း
ဒီနှစ်ချက်ကု ပဲ အသွင်အပြင်နဲ့ပက်သက်ပြီး အားသာချက်လို့ခေါ်ပါတယ်။
ဒီလိုအသွင်အပြင် ပြောင်းလိုက်ရုံနဲ့ကိုပဲ ရှိခိုးထိုက်သွားပါတယ်။

ဘုရားရှင် မြတ်ဗုဒ္ဓရဲ့ အလိုတော် မှာလည်း တည်သွားပါတယ်။ မြတ်ဗုဒ္ဓဖြစ်စေချင်တာဟာ ဒီလိုအသွင်အပြင် ပါပဲ။ အဲတော့ မြတ်ဗုဒ္ဓ အလိုတော်မှာ တည်နေတဲ့သူကို မတည်နိုင်သေးတဲ့သူက ရှိခိုးရပါတယ် တန်ဖိုးထားရ ပါတယ်ဆိုတာ သဘာဝ ကျပါတယ်။
ထိုပုထုဇဉ် ရဟန်းလေးဟာ ရဟန္တာကြီးများနဲ့ အသွင်အပြင်အားဖြင့် တူခြင်း (အတူတတန်း ထဲ နေရာယူနိုင်ခြင်း၊ ဆွမ်းအတူ ဘုန်းပေးနိုင်ခြင်း) မွန်မြတ်သော အဖွဲ့အစည်း အစည်းအဝေးထဲသို့ ၀င်ရောက်ခွင့်ရှိခြင်း။ (ရဟန္တာကြီးများ သိမ်တက်နေ ရင်သော်လည်းကောင်း၊ အစည်းအဝေး လုပ်နေရင်သော်လည်းကောင်း ပုထုဇဉ် ရဟန်းလေး ဖြစ်နေပါစေ သူဟာ ၀င်ရောက်ခွင့်ရှိပါတယ်) ပုထုဇဉ်ရဟန်းတို့သည် အာဏာပါတိမောက် ရွတ်ဆိုနေခြင်းကို နာယူခွင့်ရှိခြင်း (အိမ်နေသူဟာ အရိယာကြီးဖြစ်နေပါစေ ဒီလိုအခါမျိုးမှာ ၀င်ရောက် မနာယူနိုင်ပါဘူး) လူပုဂ္ဂိုလ်စောင့်ထိန်းနိုင်တာထက် သိသိသာသာ များပြားလှသော သီလသိက္ခာပုဒ်များကို စောင့်ထိန်းထားရခြင်း။ ပုထုဇဉ်ရဟန်းလေးပဲ ဖြစ်နေပါစေ အခြားသူများကို ရှင်ပြုပေးနိုင်ခြင်း ရဟန်းခံပေးနိုင်ခြင်း၊ သိမ်သ မုတ်ပေးနိုင်ခြင်း။ ဒီလို သူတပါးကို ရှင်သာမဏေပြုပေးနိုင်တဲ့ အခွင်အရေးအာဏာဟာ သာသနာကို တိုးပွားစေတာပါပဲ။

ဒါက သီတဂူဆရာတော် ဘုရားကြီး တရားတော်ထဲက ဆရာတော်ကြီး အကျဉ်းချုပ် ဟောသွားတဲ့ ရဟန်း တို့ရဲ့တန်ဖိုး (၇)ချက်ပါပဲ။ ဆရာတော်ဘုရားကြီးကတော့ အချိန်ကို ငဲ့ကွက်ပြီး (၇)ချက်ပဲ ဟောသွားတာပါ။ တကယ်တော့ အိမ်နေသူ အရိယာကြီးထက် ပုထုဇဉ်ရဟန်းလေးရဲ့ အားသာချက်ပေါင်း (၂၂)ချက် ရှိပါတယ်။
အသွင်အပြင် အားဖြင့် (၂)ချက် နဲ့ ကျင့်ဝတ်အားဖြင် (၂၀) ရှိပါတယ်။

အသွင်အားဖြင့် နှစ်ချက်ကိုတော့ ဖော်ပြထားပြီးပြီဖြင့်လို့ ကျင့်ဝတ်နှစ် ဆယ်အား သာချက်တွေ ကို ဖော်ပြ လိုက်ပါတယ်။
(1)တရားဘာဝနာ၌ မွေ့လျော်ခြင်း
(2) တစ်လ နှစ်ကြိမ် ဥပုသ်ပြုခြင်း
(3) ဆွမ်းခံခြင်း
(4) ကောင်းမွန်စွာ ၀တ်ရုံနေထိုင်ခြင်း
(5) စက္ခု စသောဣနြေ္ဒကို စောင့်စည်းခြင်း
(6) ကိုယ်နှုတ်နှလုံးကို စောင့်စည်းခြင်း
(7) အချမ်းအပူစသည်ကို သည်းခံခြင်း
(8) ကောင်းသော အကျင့်၌ မွေ့လျော်ခြင်း
(9) တစ်ပါးတည်း တရားကျင့်ခြင်း
(10)တစ်ပါးတည်း မွေ့လျော်ခြင်း
(11) တစ်ပါးတည်း ကိန်းအောင်းခြင်း
(12) မကောင်းမှုမှ ရှက်ခြင်း
(13) မကောင်းမှုကို ကြောက်ခြင်း
(14) ကောင်းမှုကို ပြုစုအားထုတ်ခြင်း
(15) ကုသိုလ်ကောင်းမှု၌ မမေ့မလျော့ မပေါ့ဆခြင်း
(16) သိက္ခာပုဒ်ကို ကောင်းစွာခံယူခြင်း
(17) ဘုရားဟော ပါဠိတော်ကို သင်ယူခြင်း
(18) အဋ္ဌကထာကို သင်ယူခြင်း
(19) သီလစသော သိက္ခာသုံးပါး၌ မွေ့လျော်ခြင်း
(20) တပ်မက်မောမှု ကင်းလွတ်ခြင်း
စာမျက်နှာ ၁၆၃၊ မိလိန္ဒပဥှာ (မိလိန္ဒမင်းကြီး နှင် အရှင်နာဂသိန် အမေးအဖြေ)
ဒီလိုအချက်များကြောင့် လူပုဂ္ဂိုလ်အရိယာ ကြီးများဟာ ရဟန်းတော်လေးများကို ရှိခိုး တန်ဖိုးထား ရခြင်းဖြစ်ပါတယ်။

လူပုဂ္ဂိုလ် အရိယာတောင်မှ ရှိခိုးရတာဆိုတော့ အရိယာ အကျင့်မကျင့်သေးနိုင်တဲ့ သူဟာ ရှင်ဘုရင်ပဲဖြစ်ဖြစ် လူချမ်းသာကြီးပဲဖြစ်ဖြစ် ဘာကြီးပဲဖြစ်နေဖြစ်နေ ဘယ်သူမဆို ရဟန်းတော်လေးတွေကို တန်ဖိုးထားရမယ် ဆိုတာ သိသာထင်ရှားသွားပါပြီ။

သာသနာ(၃)ရပ်ကို အဆက်ဆက် ဆင့်ကာဆင့်ကာ သယ်ဆောင်ပေးခဲ့တာ ထိုရဟန်းများပဲ မဟုတ်ပါလား….ခင်ဗျား…
သာသနာတော်အစဉ်မပြတ် တည်တံ့နေပါစေ………

Opposite Eyes

မခါးတမာ ပျားသကာသို့ ချိုပါစေ

$
0
0


လူဟုဖြစ်လာလျှင် တစ်ဦးတစ်ယောက်တည်းနေ၍ မရပါ၊ နိုင်ငံရေးအားဖြင့်လည်း တစ်နိုင်ငံတည်းရပ်တည်၍ မရပါ၊ ချမ်းသာသည့်နိုင်ငံကြီးပင်ဖြစ်စေကာမူ နိုင်ငံတကာနှင့်ပေါင်းသင်းဆက်ဆံရပါသည်၊ တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ ၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ပေါင်းသင်းဆက်ဆံလုပ်ကိုင်ကြပါမှ မိမိတို့အလိုရှိသော စီးပွားရေး ပညာရေး ကျမ်းမာရေးအစရှိသည်တို့သည် လွယ်ကူစွာ တိုးတက်ဖြစ်ထွန်းနိုင်စွမ်းရှိပါသည် ။


ယခုခေတ် မျက်မြင်အားဖြင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ မဟာမိတ်ဖွဲ့ကာ မိမိတို့နိုင်ငံတိုးတက်ကြီးပွားရန်အတွက် ကူးသန်းရောင်းဝယ်ခြင်း၊ နည်းပညာ ဖလှယ်ခြင်းစသော လုပ်ငန်းများကို နိုင်ငံတိုင်း၍ လုပ်နေကြသည်မှာ သက်သေပင် ဖြစ်သည် ။ ထိုကဲ့သို့ လုပ်ကိုင်နေကြရာတွင် လူမှုဆက်ဆံရေးကောင်းသော သံတမန်နည်း လိမ္မာကျွမ်းကျင်သောနိုင်ငံသည် လွယ်ကူစွာတိုးတက်၍ ဆက်ဆံရေးမလိမ္မာ မကျွမ်းကျင်သောနိုင်ငံသည် အောက်ကျနောက်ကျ ဖြစ်နေပုံကို ယခု မိမိတို့နိုင်ငံကို ကြည့်ခြင်းအားဖြင့်လည်းကောင်း ၊ အိမ်နီးချင်းနိုင်ငံတို့ကို ကြည့်ခြင်းအားဖြင့်လည်းကောင်း လွယ်ကူစွာ သိနိုင်ပါသည် ၊ ပေါင်းသင်းဆက်ဆံရေး မလိမ္မာ၍ အလုပ်မှ ထုတ်ခံရခြင်း ၊ ရသင့်သော စည်းစိမ်ဥစ္စာ အခွင့်အရေးစသည်တို့ ဆုံးရှုံးရခြင်း၊ အဖွဲ့အစည်းထဲက အလိုလို အပြင်သို့ ရောက်ရှိသွားခြင်း ၊ နိုင်ငံရေး၌ စီးပွားရေးပိတ်ဆို့ အရေးယူခံရခြင်းတို့သည် နေရာတကာ၌ ဒုနှင့်ဒေးပင်ဖြစ်သည် ၊ နိုင်ငံတကာက စီးပွားရေးပိတ်ဆို့ အရေးယူခံရသော နိုင်ငံသည် များစွာနစ်နာမှုဖြစ်ကြောင်း မိမိတို့နိုင်ငံတစ်ခုတည်းကိုပင်ကြည့်၍ သက်သေပြုနိုင်ပါသည် ။

မိမိတို့ရပ်ရွာ နိုင်ငံ လွယ်လွယ်တိုးတက်ကြီးပွားရန်အတွက် လူမှုဆက်ဆံရေးကောင်းဖို့ လွန်စွာ အရေးကြီးသည် ၊ တစ်ဦးချင်း တစ်ယောက်ချင်း တစ်မိသားစုချင်း အရာခပ်သိမ်း အဆင်ပြေရန်အတွက် ပေါင်းသင်းဆက်ဆံရေး လိမ္မာဖို့ လိုပါသည် ၊ တစ်ဦးနှင့်တစ်ဦး ပေါင်းသင်းဆက်ဆံရာတွင် စကားသည် အရေးအကြီးဆုံးဖြစ်ပါသည်၊ ကြမ်းကျွံက နုတ်ရသေး၏ ၊ စကားကျွံက နုတ်မရဟူသော မြန်မာစကားပုံ ဆိုရိုးအတိုင်း စကားတစ်လုံးကြောင့် မိတ်ပျက်သွားခြင်း ၊ စကားတစ်ခွန်းကြောင့်ပင် သွေးချောင်းစီး စစ်ပွဲကြီးများ ဖြစ်ပွားရခြင်းကို မြန်မာ့သမိုင်း၌လည်းကောင်း ၊ ကမ္ဘာ့သမိုင်း၌လည်ကောင်း မြင်တွေ့နိုင်ပါသည်၊ မြန်မာ့သမိုင်းရာဇ၀င်တွင် စုက္ကတေးမင်းနှင့် အနော်ရထာမင်းတို့ စီးချင်းထိုးကြခြင်းသည်လည်း ဤစကားကြောင့်ပင် ဖြစ်သည်၊

ပုဂံရာဇ၀င်တွင် ပုဂံမင်းဆက် ၅၅-ဆက်ရှိခဲ့ရာ ကောဇာသက္ကရာဇ် ၃၂၆-ခုနှစ်တွင် ၃၉-ဆက်မြောက်ဖြစ်သော ကွမ်းဆော်ကြောင်ဖြူမင်း နန်းတက်သည်၊ ထိုမင်း၏ မိဖုရားသုံးပါးမှ အစဉ်အတိုင်း ကျည်စိုး၊ စုက္ကတေး၊ အနော်ရထာဟူ၍ မွေးဖွားသည်၊ ပထမ ကျည်စိုးမင်းသား မင်းဖြစ်၍ မုဆိုးက သမင်နှင့်မှား၍ ပစ်မိသောကြောင့် ကံတော်ကုန်ရာ ဒုတိယ စုက္ကတေးမင်း နန်းတက်သည်၊ စုက္ကတေးမင်းက အနော်ရထာ၏မိခင်ကို မိဖုရားဆက်မြောက်ပြီးနောက် အနော်ရထာကို ကျီစယ်သောအားဖြင့် လူပုံအလယ်တွင် “ ညီသား နောင်မယ် “ ဟု ခေါ်ရာ အနော်ရထာက အမျက်ထွက်ပြီး ညီအကိုအချင်းချင်း စစ်ထိုးရသည်အထိ ဖြစ်သွားရသည် ၊ နောက်ဆုံး အနော်ရထာ၏ လှံချက်မိပြီး စုက္ကတေးမင်း ကျဆုံးသွားရပါသည်၊ ညီသား နောင်မယ်ဟု ကျီစယ်ခံရရုံမျှဖြင့် ဤမျှဆတ်ဆတ်ခါဖြစ်၍ ညီနောင်အချင်းချင်း စစ်ထိုးသေဆုံး ရသည်အထိ ဖြစ်ရသလားဟူ၍ကား အပြစ်မဆိုသင့်၊ စိတ်ထိခိုက်စရာကြုံ၍ စိတ်ထိခိုက်နေသူကို စာနာနားလည်မှုမပေးပဲ စိတ်ထိခိုက်ရကောင်းလားဟု ပစ်ပစ်ခါခါ မပြောသင့်ပေ၊ တစ်ချို့စကားလုံးများနှင့် အပြုအမူတို့သည် မိမိအတွက် ရယ်ရွှင်ဖွယ်မျှဖြစ်သော်လည်း သူ့အတွက်မှာတော့ နာကျည်းစရာ အခံခက်စရာ ဖြစ်နေတတ်သည်၊ ထို့ကြောင့် ဆက်ဆံရေးတွင် အဓိကလက်နက်ဖြစ်သော စကားလုံးတို့ကို မဆင်မခြင်ပေါ့ပေါ့ဆဆအသုံးမပြုပဲ ဆင်ဆင်ခြင်ခြင် သတိထားပြောဆိုသုံးနှုန်းသင့်ပါသည် ၊

ပါးနုနေသောအသားကို လက်ညှိုးဖြင့် တို့ကာမျှဖြင့် ဆတ်ဆတ်ခါ နာ၏၊ ထူသော အသားကိုကား ထိရုံမက ရိုက်နက်သော်ငြားလည်း မဖြုံ ၊ အယားပြေရုံမျှသာ ဖြစ်၏ ၊ ထို့အတူ စရိုက်လက္ခဏာသို့လိုက်၍ သာမန်ပြောရိုးပြောစဉ် စကားလုံးတို့သည် အချို့လူများအတွက် ရယ်ရွှင်ဖွယ်၊ အချို့လူများအတွက်ကား နာကျည်းဒေါသထွက်ဖွယ် ဖြစ်နေတတ်ကြောင်း ကောင်းစွာသတိထားကြရပါမည်။

လူမှုဆက်ဆံရေးနယ်ပယ်၌ စကားပြောဆိုသောအခါ သတိမပြတ်ရှိစေရန် မြန်မာစကားပုံတို့၌လည်း “ နုတ်ချို လျှိုတစ်ပါး “ဟု လည်းကောင်း ၊ ရှင်မဟာရဋ္ဌသာရဆုံးမစာတွင် “ တစ်ယောက်စကား ၊ တစ်ယောက်နားမှာ ၊ မခါးရအောင် ၊ သတိဆောင်၍၊ မောင်တို့ဆိုလေ ၊ ပျားသကာသို့ ချိုလှစေ “ဟု လည်းကောင်း ညွှန်ပြတော်မူခဲ့ကြပါသည်၊ ထိုမှတစ်ပါးလည်း မြန်မာစာပေတွင် လူမှုဆက်ဆံရေး၌ အဆင်ပြေချောမွေ့ စေရန် စကားကြီးဆယ်ခွန်းဟူ၍ရှိရာ ထိုဆယ်ခွန်းထဲမှ “ခက်တင်မောင်းနင်း ပြောနည်း “ ကို အနည်းငယ် ထုတ်ဖော်ပြပါမည် ။

တစ်ခါသော် ရဲမက်ဗိုလ်ပါတို့သည် ခိုးသူတစ်ယောက်ကို ရိုက်ပုတ်ညှင်းဆဲလျှက် သတ်ရန် သူသတ်ကုန်းသို့ ထုတ်ဆောင်လာ၏၊ ခိုးသူက ကြောက်ကြောက်လန့်လန့်နှင့် ထိုခေတ်က မင်းရောပြည်သူပါ လေးစားကြည်ညိုရသော တောင်ဗလူးဆရာတော်၏ တူအရင်းပါဟု ပြောသောအခါ ရဲမက်ဗိုလ်ပါတို့က တောင်ဗလူးဆရာတော်ထံသို့ ခိုးသူကိုခေါ်လာ၍ ဟုတ် မဟုတ် မေးလျှောက်ကြ၏ ၊ ထိုနေရာတွင် တောင်ဗလူးဆရာတော်က အမှန်အတိုင်း မဟုတ်ဘူးပြောလျှင် ဒီခိုးသူ အသတ်ခံရပေတော့မည်၊ ဟုတ်ပါသည်ဟု ပြောပြန်လျှင်လည်း လိမ်ညာရာ ရောက်ပေဦးမည်ဟု စဉ်းစားဆင်ခြင်၍ “ ငါ့တူ မဟုတ်ဘူးဟု မည်သူပြောသနည်း “ ဟု မိန့်တော်မူလိုက်ရာ လိမ်ညာရာလည်း မရောက်၊ ခိုးသူလည်း သတ်ခံရမည့်ဘေးမှ လွတ်မြောက်သွားလေသည် ၊ဆိုလိုသည်မှာ လူမှုဆက်ဆံရေးနယ်ပယ်၌ စကားဟူသည် အသုံးချတတ်မှု မချတတ်မှုအပေါ်၌ အဓိကမူတည်ကြောင်းပင် ဖြစ်သည် ၊ အသုံးချတတ်သူတို့အတွက် စကားဟူသည် အကောင်းဆုံးသော လူမှုဆက်ဆံရေး တံတားတစ်စင်းဖြစ်၍ မိမိအလိုရှိအပ်သော လောကီ လောကုတ္တရာ အကျိုးစီးပွားများ အလုံးစုံပြီးမြောက်ရန်ဖြစ်သကဲ့သို့ သူတစ်ပါးအကျိုးစီးပွားပြုလုပ်သူတို့ အတွက်လည်း အကောင်းဆုံးလက်နက်ပင်ဖြစ်ကြောင်း သိစေအပ်ပါသည်။

ကမ္ဘာ၌ သြဇာကြီးမားကြသော နိုင်ငံရေးခေါင်းဆောင်တို့သည်လည်းကောင်း ၊ ဘာသာရေးခေါင်းဆောင် တို့သည်လည်းကောင်း ၊ နေရာဒေသအသီးသီးမှ ထင်ရှားသော လူထုခေါင်းဆောင်တို့သည်လည်းကောင်း ဒီစကားကိုပင် ကောင်းစွာအသုံးပြု၍ လောကအကျိုး သယ်ပိုးရွက်ဆောင်သွားကြပါသည် ၊ ထို့အတူ လူမှုဆက်ဆံရေး၌ စကားကို အသုံးမပြုတတ်သူတို့ကား မိမိအကျိုးစီးပွားနှင့်တကွ သူတစ်ပါးအကျိုး စီးပွား၊ လောကအကျိုးစီးပွားများကို ပျက်သုဉ်းစေရန် အဓိကအကြောင်းရင်းပင်ဖြစ်ကြောင်း  သတိပြုဆင်ခြင်ရပါမည် ၊ နူးညံ့သိမ့်မွေ့သော စကားလုံးတို့ဖြင့် မွှမ်းထုံသော သာယာလှပသော ကမ္ဘာသစ်ကို မျှော်လင့်တောင့်တမိပါ၏ ……………...။

ရွှေမြို့တော်မှ ခလေးလေး

လူတွေ ဘာကြောင့် အိမ်ထောင်ပြုကြသလဲ

$
0
0


"ချစ်လို့"လို့ ဖြေမယ့်သူတွေလည်း ရှိမှာပါ။ "တစ်ယောက်တည်းမနေချင်လို့"လို့ ဖြေတဲ့သူလည်း ရှိမှာပဲ။ "အသက်ကြီးတဲ့အခါ အထီးကျန်မှာစိုးလို့"ဆိုတာလည်း ကြားရနိုင်တယ်။ တစ်ယောက်တစ်မျိုး မရိုးအောင်ဖြေကြမှာပေမယ့် ဘယ်လိုပဲ ဖြေကြ ဖြေကြ၊ သေချာတာတစ်ခုကတော့ဘယ်သူမှ "စိတ်ဆင်းရဲမယ် ထင်လို့"အိမ်ထောင်ပြုတာ မဟုတ်ပါဘူး။ စိတ်ချမ်းသာမယ်ထင်လို့ အိမ်ထောင်ပြုတဲ့သူချည်းပါပဲ။

တစ်ခေတ်တစ်ခါတုန်းကတော့ အမျိုးသမီးတွေ အိမ်ထောင်ပြုကြတာဟာ "အားကိုးရာ"ရှာကြတဲ့သဘော အများကြီးဆောင်တယ်။ "အိမ်ထောင်ဦးစီး"၊ "အိမ်ဦးနတ်"စတဲ့ ဝေါဟာရတွေ ပေါ်ပေါက်လာတာဟာ သည်အချက်ကို အထင်အရှားပြဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာ အိမ်ဦးနတ်ကြီးက ဘာအလုပ်မှ မလုပ်၊ ဘာတာဝန်မှ မယူတာမို့လို့ အရာရာမှာ ကိုယ်ကချည်း ဦးဆောင်နေရတဲ့ အမျိုးသမီးစွမ်းဆောင်ရှင်တွေလည်း သူ့ခေတ်နဲ့သူ ရှိခဲ့တာချည်းပါပဲ။
ကျွန်တော်တို့ အိမ်ထောင်ပြုတဲ့ခေတ်၊ လွန်ခဲ့တဲ့ နှစ်အစိတ်ကျော်အထိတောင် အဲဒီ့ အားကိုးရာ ရှာတဲ့ အစဉ်အလာကြီးက တယ်မပျောက်ချင်သေးပါဘူး။ ဒါဖြင့်အခုရော လုံးလုံး အကင်းသေပြီလားလို့ မေးရင် ခေါင်းရမ်းပြရမယ့် အဆင့်မှာပဲ ရှိပါသေးတယ်။ ဒါပေမယ့် ရှေးကထက် စာရင်တော့ အမျိုးသမီးတွေဟာ လုပ်ငန်းခွင်တွေဆီ ပိုရောက်လာနေကြပြီ၊ အမျိုးသမီးတွေရဲ့ ထက်မြက်တဲ့အစွမ်းအစကို အများကြီး ပိုမြင်နေကြရပါပြီ။ ဒါပေမယ့် မိရိုးဖလာအစွဲဆိုတာ တော်တော်နဲ့ ပျောက်ခဲလေတော့ အဲသလို မမတွေ အိမ်ထောင်ပြုရင်လည်း အပြည့်အဝအားကိုးတာ မဟုတ်ပေမယ့် အနည်းနဲ့အများတော့ မှီချင်၊ ခိုချင်၊ နွဲ့ချင်တဲ့သဘောထားလေးတွေက ဆက်လက် ခိုင်မြဲနေဆဲပါပဲ။ ထားပါတော့…
ယောက်ျားတွေကကျတော့ရော ဘာကြောင့် အိမ်ထောင်ပြုတာလဲဆိုတာကို ဆန်းစစ်ပြန်ရင် အဟဲ… ကျွန်တော်တို့လည်း မိန်းမတွေကို အားကိုးလို့ပါပဲခင်ဗျ။ စီးပွားရေးအရ အားကိုးတာမျိုးတော့ မဟုတ်ဘူးပေါ့လေ။ ဒါပေမယ့် အပျင်းထူတဲ့ ကျွန်တော်တို့ ယောက်ျားသားများကို နေမှု ထိုင်မှု အစုစုမှာလုပ်ပေး၊ ကိုင်ပေး၊ ချက်ပေး၊ ပြုတ်ပေး၊ လျှော်ပေး၊ ဖွပ်ပေးချည်သေးရဲ့ ဆိုတာရယ်၊ ဟိုဟာလေးရယ်အတွက် အဓိကထားလို့ အိမ်ထောင်ပြုကြတာပါပဲခင်ဗျား။
အဲဒီ့အချက်တွေကြောင့် မဟုတ်ပါဘူးလို့ ဖြောင့်ကွယ် ကွယ်ပြီး ကျယ်ကျယ်ကြီးကြီးတွေ လျှောက်ပြောရရင်တော့လား၊ ဟား… မျိုးဆက်ချန်ခဲ့ချင်လို့၊ လူ့တာဝန်ကျေချင်လို့၊ ဘာလို့ ညာလို့တွေ ပြောလို့ရပါတယ်။ ပြောလည်း ပြောတတ်ကြပါတယ်။ ဒါပေမယ့် တကယ့် အတွင်းပိုင်းမှာတော့ ဝန်မခံရင်သာ ရှိရမယ်၊ အိမ်ထောင်မပြုခင်က အမေတွေ၊ အစ်မတွေ ကိုယ့်ကိုယုယခဲ့သလို ပြုစုယုယပေးမယ့်သူကို ရှာတာနဲ့ လူတို့ဘာဝ ထိုကိစ္စအတွက် တစ်ဦးတည်း မူပိုင် လက်ကားဒိုင်ကြီး ဖွင့်လိုက်တာပါပဲ။

အိမ်ထောင်ပြုသင့်သလား?
အဲသလိုများ မေးလာမယ်ဆိုရင်တော့ ယောက်ျားဆိုရင် အိမ်ထောင်ပြုဖို့တိုက်တွန်းမိမှာ ဖြစ်သလို မိန်းမဆိုရင် အိမ်ထောင်မပြုဖို့ အားပေးမိမှာပါပဲ။
ဘာလို့လဲဆိုတော့ အိမ်ထောင်တစ်ခု ထူထောင်လိုက်တဲ့အခါမှာ အမြတ်ထွက်တဲ့သူက ယောက်ျားတွေသာဖြစ်ပြီး အရှုံးပေါ်သူက မိန်းမသားတွေ ဖြစ်နေတတ်လို့ပါပဲ။ လျှော့လျှောပေါ့ပေါ့ ပြောရင် သည်အချက်ဟာ အိမ်ထောင် တစ်ရာမှာ ၆၀-၇၀လောက်အတွက် သွေးထွက်အောင် မှန်နေပါလိမ့်မယ်။ သာသာထိုးထိုးအလေးခိုးပြီး ပြောရရင်တော့ တစ်ရာမှာ ၉၀-၉၅လောက်တောင်လို့ ပြောရမယ်။
မိန်းမတွေ အိမ်ထောင်ပြုလိုက်တဲ့အခါ အပျိုဘဝကို ဆုံးရှုံးပါတယ်။ ယောက်ျားတွေကရော လူပျိုဘဝကို မဆုံးလို့လားလို့ မေးစရာ ရှိပေမယ့် အိမ်ထောင်ရှင်တန်မဲ့နဲ့ လူပျိုလေးလို ကိုးကျွင်းကိုးကျွင်း လုပ်နေသူတွေ၊ အပေါင်းအသင်းတွေနဲ့ နေချင်သလို နေနေသူတွေ၊ လူပျိုယောင်ဆောင်ပြီး ကိုယ့်အိမ်ထောင်ဖက်မှတစ်ပါး အခြားမိန်းမသားတွေကို ထိကပါးရိကပါး လုပ်နေသူတွေ ကျားတို့နယ်ပယ်မှာ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။ မိန်းမသားတွေ အိမ်ထောင်ကျတဲ့အခါမှာတော့ ကိုယ့်အိုးကိုယ့်အိမ်နဲ့ နေခွင့်ရလာတဲ့အခါမျိုးမှာ မိဘအိမ်မှာ နေရစဉ်ကထက် ပိုမိုလွတ်လပ်လာ၊ အပျိုဘဝတုန်းကထက် ကျယ်ပြောတဲ့ လူ့လောကနဲ့ ပိုမိုထိတွေ့ခွင့် ရလာနိုင်တာမှန်ပေမယ့် တကယ်တမ်းမှာ အိမ်ထောင့်ဝန်တွေ ဖိစီးလာတဲ့အခါ၊ သားသမီးတာဝန် ယူလာရတဲ့အခါတွေမှာ အရာရာမှာ ကိုယ်ဟာအလိုလိုနေရင်း ဒုတိယ နေရာ၊ တတိယ နေရာကို ရောက်သွားပါတော့တယ်။ လင်က ပထမ၊ သားက ဒုတိယ၊ သမီးက တတိယများဖြစ်နေရင် ကိုယ်က စတုတ္ထဘဝကို ရောက်သွားတယ်။
သည်တော့ကာ အိမ်ထောင်မပြုခင်ကလည်း ယောက်ျားတွေဟာ ပထမ၊ အိမ်ထောင်ကျတော့လည်း ယောက်ျားတွေဟာ ပထမ နေရာမှာပဲ အစဉ်အလာအရ ဆက်လက် ခိုင်မြဲနေတာမို့ ယောက်ျားတွေ အိမ်ထောင်ပြုတာဟာ တစ်စက်ကမှ မရှုံးပါဘူး။ မိန်းမသားတွေ အတွက်ကျတော့ မိဘလက်ထဲမှာတုန်းက အဖေ့ကို ပထမနေရာမှာ ပေးခဲ့ရလို့၊ အစ်ကို့ကို ဒုတိယနေရာမှာ ထားခဲ့ရလို့၊ ကိုယ်က တတိယနေရာမှာ ရှိခဲ့တယ်ဆိုဦး၊ အိမ်ထောင်ကျတော့မှ စတုတ္ထနေရာ ရောက်သွားရပြီဆိုရင် အဖျဉ်းဆုံး တစ်ဆင့်တော့ ကျသွားတာပါပဲ၊ ရှုံးသွားတာပါပဲ။ တကယ်လို့များကိုယ်က သမီးဦးမို့လို့ ဖူးဖူးမှုတ်ခံဆိုရင် ဒုတိယနေရာက စတုတ္ထနေရာကို ဆင်းရတာမျိုးဖြစ်ပြီ၊ အရှုံးက ကြီးသွားပြီ။
ဒါလည်း လင်က ကိုယ့်အပေါ် သစ္စာရှိနေဦးမှ။ သူက သစ္စာမရှိဘဲနဲ့ ဖောက်လွဲဖောက်ပြန် လုပ်၊ နောက်ထပ် တစ်အိုးတစ်အိမ်များ ထူမယ်ဆိုရင်ကိုယ့်အဆင့်က ပထမဇနီးလို့ နာမည်သာ ခံတယ်၊ တကယ် နေရာရတော့ ဟိုးအောက်ခြေအထိ ရောက်ချင် ရောက်သွားနိုင်သေးတယ်။ အဲလိုမျိုးဆိုရင် မမြတ်တဲ့အပြင် ခွက်ခွက်လန်အောင် အရှုံးက ပေါ်ပြီ။
တခြားဟာတွေ ခဏထားဦး။ ကိုယ်ကလည်း အလုပ်လုပ်၊ သူကလည်း အလုပ်လုပ်၊ ဒိုးတူဘောင်ဖက် တက်ညီလက်ညီ ရှိနေတဲ့ အိမ်ထောင်ရှင်တွေမှာတောင် အရေးရယ်၊ အကြောင်းရယ်၊ သားတွေ၊ သမီးတွေ နေမကောင်း ထိုင်မသာ ဖြစ်လို့များ ခွင့်ယူရ၊ အလုပ် ဖျက်ရစတမ်းဆိုရင် မယားကသာ ခွင့်ယူရ၊ အလုပ်ဖျက်ရတာ။ လင်သားတွေကတော့ အလုပ်ဖျက်ဖို့ နေနေသာသာ၊ အိပ်ရေးလေး အပျက်ခံဖို့တောင် အနိုင်နိုင်ရယ်။
ကိုင်း… အဲတော့ အိမ်ထောင်ပြုတာ ဘယ်သူမြတ်ပြီး ဘယ်သူရှုံးသလဲ၊ ကိုယ့်ဘာသာစဉ်းစားကြည့်ကြပေရော့…
ပြောမယ်ဆိုရင် နံပါတ်စဉ်ထိုးပြီးတောင် အများကြီး ပြောလို့ရပါတယ်။ လိုတိုရှင်း ပြောရရင်တော့ အိမ်ထောင်ပြုလိုက်ကြတဲ့အခါ ဘယ်ဖက်က တွက်တွက်၊ အမြတ်ထွက်တာက ကျွန်တော်တို့ ကိုရွှေယောက်ျားသားတွေ၊ ခွက်ခွက်လန်တာက မမတို့စိန်စိန်မိန်းမသားတွေသာ ဖြစ်ကြောင်းပါခင်ဗျား။
အမျိုးသမီးများ အိမ်ထောင်ပြုမယ်ကြံရင်…
သည်လောက်ပြောနေတဲ့ကြားက အမျိုးသမီးများအနေနဲ့ အိမ်ထောင်ပြုမယ်များ ကြံရင်အောက်ပါ အမှန်တရားများကို လက်ကိုင်ထားကြစေချင်ပါတယ်။
(၁) အိမ်ထောင်ပြုလိုက်လို့ တစ်ကိုယ်ရေ နေရတဲ့ဘဝထက်ထူးပြီး စိတ်ချမ်းသာလာရမှာ မဟုတ်ဘူး။ သည်အချက်ဟာ နိဒါန်းမှာ ဖော်ပြခဲ့တဲ့ သတင်းဆောင်းပါးပါ သိပ္ပံနည်းကျ သုတေသနအရ ထင်ရှားနေပါတယ်။
(၂) ယောကျာ်းတွေဟာ မရခင် ဖျာလိုလိပ်၊ ထိပ်ပေါ်တင်တတ်၊ ရပြီးရင်ဖျာလိုခင်းပြီး တက်နင်းတတ်တယ်။ သည်အချက်ကို မယုံရင် ကိုယ့်အမေ၊ ကိုယ့်အဒေါ်အပါအဝင် အိမ်ထောင်သက် ကြာရှည်နေတဲ့ အိမ်ထောင်ရှင်များဆီက သက်သေခံထွက်ချက်တွေ တောင်းကြည့်နိုင်ကြပါတယ်။
(၃) ယောကျာ်းတွေရဲ့ အိမ်ထောင်ရေးသစ္စာကို ဘယ်၊ ဘယ်သောအခါမှ မယုံစားထိုက်ဘူး။ ခန္ဓာဗေဒသဘော၊ စိတ်ပညာအရ လူသတ္တဝါတွေမှာ ဖြစ်ပေါ်မြဲ တပ်မက်စိတ်နဲ့ ရမ္မက်ဇော သဘောတွေမှာ ကျားနဲ့ မတို့ဟာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် ခြားနားလှတာမို့ အမျိုးသမီးများအနေနဲ့ ဘယ်လိုမှ နားလည်လို့ မရနိုင်လောက်တဲ့ ပွေလီမှုအစုံဟာ ကျွန်တော်တို့ ယောက်ျားတွေကို ထုံမွှမ်းထားပါတယ်။ ခြွင်းချက်အနေနဲ့ ရဟန်းတော်များ၊ လိင်တူချင်းစုံမက်သူများသာ ရှိပါတယ်ခင်ဗျား။ ဘယ်သူကဖြင့် ဘယ်လို တည်ကြည်တာလို့ ပတ်ဝန်းကျင်က မြင်မြင်ကရာကို အထင်တော် မကြီးလိုက်ကြပါနဲ့ဦး။ တည့်တည့်ပြောပါရစေ။ နားရွက်နဲ့မနာ၊ ခြေထောက်နဲ့သာ နာတော်မူကြပါ။
ဟုတ်ကဲ့… အခကြေးငွေ ပေးရတဲ့ အပျော်အဖော်ဆီသွားတယ်ဆိုတာ အမြန်ဆုံး ၁၅မိနစ်၊ အကြာဆုံးမှ နှစ်နာရီပါ။ တချို့ကျပြန်တော့လည်း ညီအစ်ကိုရင်း အချင်းချင်းတောင် လူလုံး မကွဲလောက်တဲ့ အကာလ ညအခါများမှာ တစ်ခါတလေ ကြတာပါ။ အဲဒါကိုပဲ၊ အိမ်ပြန်ရောက်တဲ့အခါ "အမေကြီးရေ… အဖေကြီးတော့ အပျော်အဖော်ဆီက ပြန်လာတယ်ဟေ့"လို့ ဘယ်သူမှ ထုတ်မပြောပါဘူးခင်ဗျား။ သူ အဲသလို သွားလာနေတာကို ဘယ်သူကမှလည်း တော်တော်တန်တန် သိလိုက်မှာ မဟုတ်၊ ရိပ်မိလိုက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဘယ်သူကဖြင့် ဘယ်လို တည်တံ့တာဆိုတဲ့ စကားမျိုးနဲ့ ဟုတ်နိုးနိုး မအောက်မေ့ကြပါနဲ့။ စာတစ်အုပ် ကောင်းမကောင်းကို စာအုပ်အဖုံးနဲ့ ဆုံးဖြတ်လို့ မရဘူးဆိုတဲ့ သိုးဆောင်းဆိုရိုးကို မမေ့ကြစေချင်ဘူး။
(၄) အိမ်ထောင်ပြုလိုက်တာနဲ့ မိန်းမသားတွေဟာ ဝန်ထုပ်ဝန်ပိုးစုံကို လွယ်ရပါတော့မယ်။ လင့်တာဝန်၊ သားသမီးတာဝန်တွေ ထမ်းရတော့မှာကို ဆိုလိုတာပါ။ ယောက်ျားတွေလည်း ထမ်းရတာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့က ဝင်ငွေကောင်းကောင်း ရှာပေးနိုင်ပြီဆိုရင် ကျန်တာတွေ ပေယျာလကန် ထားလို့ရပါတယ်။ အမျိုးသမီးမှာတော့ ကိုယ်ဝန်စတင်ဆောင်ကတည်းက ကာယိကဒုက္ခ စတင်ခံစားရပြီ။ သည်ကမှ ဆက်တိုက်ထမ်းရမယ့်ဝန်ဟာ အမယ်မင်း… အစုံ ခင်ဗျ၊ အစုံ၊အစုံ။
(၅) ယောက်ျားသားများရဲ့ ဝင်စားမှုဟာ အိမ်ထဲမှာ အလွန်ရှိခဲတယ်။ ဘောလုံးပွဲ၊ ဂေါက်ကွင်း၊ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်၊ ကျားဝိုင်း၊ ဘိလိယက်ဝိုင်း စတဲ့နေရာတွေမှာ ဘယ်သူတွေ နေရာ အယူဆုံးလဲ ဆိုတဲ့အချက်နဲ့တင် သည်အချက်ကလည်း ဒက်ထိဖြစ်နေပါပြီ။ အားအား ရှိ၊ အိမ်က မိန်းမနား ကပ်နေတဲ့ ယောကျာ်းဆိုတာ မပဋာ ရှာမတွေ့ခဲ့တဲ့ မုံညင်းဆီလောက် နီးနီး ရှားလှပါတယ်။ အဲ…ခြွင်းချက်တော့ ရှိသပေါ့။
အိုလာတဲ့အခါ၊ နာလာတဲ့အခါ၊ မစွမ်းတော့တဲ့အခါကျရင်တော့ အိမ်က ကြက်နာမကြီးနားမှာ တဖဝါး မခွာရှိတတ်တယ်။ မအို မနာသေးဘဲ စွမ်းနေသမျှတော့လား၊ အိမ်စောင့်နတ်နဲ့ရန် ဖြစ်ထားတဲ့အတိုင်းပဲ၊ ယမယ်မျိုးစုံ ရှာပြီး အိမ်ကခွာဖို့ စဉ်းစားနေတတ်ကြတာ တစ်ရာမှာ ၉၅ယောက် အထက်ပါပဲ။ ဒါ အလေးခိုးပြီး ပြောတာ။လျှော့ပြောရင်တော့ ၆၀%ရဲ့အထက်မှာ ရှိနေတာတော့ အသေအချာပါပဲ။
ဘယ်လိုအမျိုးသမီးတွေ အိမ်ထောင်ပြုသင့်သလဲ?
ကိုယ်စွမ်းကိုယ်စ မရှိတဲ့ အမျိုးသမီးများဟာ အိမ်ထောင်ပြုသင့်တဲ့အမျိုးသမီးစာရင်းမှာ ထိပ်ဆုံးက ပါပါတယ်။ မိမိဘဝရပ်တည်မှုအတွက်၊ နေသာဖို့အတွက် အိမ်ထောင်ပြုတာပဲပေါ့။
ဒုတိယအမျိုးအစားကတော့ လူရည် အင်မတန်လည်တဲ့၊ ပါးနပ်တဲ့ အမျိုးသမီးတွေ အိမ်ထောင်ပြုသင့်ပါတယ်။ တစ်နည်းအားဖြင့် ယောက်ျားကျမ်း ကျေညက်သူတွေ အိမ်ထောင်ပြုတာကို ဩဘာပေးထိုက်ပါတယ်။ ယောက်ျားတွေရဲ့ ကောင်းကွက်တွေကိုသိသလို ညံ့ကွက်တွေကိုလည်း ကောင်းကောင်းကြီး သိနေပြီး ကောင်းကွက်တွေကို အသုံးချ၊ ညံ့ကွက်တွေနဲ့ အညှာကိုင်တတ်မယ်ဆိုရင် အောက်သွားမပါတဲ့ နွားပြာကြီးများ မွေးနိုင်ကြပါလိမ့်မယ်။ ဒါပေမယ့် အဲသလိုအရည်အချင်းမျိုး ရှိဖို့ကလည်း တော်တော်တန်တန် ပါရမီမျိုးနဲ့ မလွယ်ပါဘူး။သူရို့ မအေတွေ ကိုယ်တိုင်က ကိုယ့်လင်သားကို အပိုင်ကိုင်ထားပြမှရင်လည်း ဖြစ်မယ်၊ သူတို့ကိုယ်တိုင်က ယောကျာ်းတော်တော်များများနဲ့ ရင်းနှီး ကျွမ်းဝင်စွာ နေတတ်ပြီး လှစ်လှစ်လှစ်လှစ်နေအောင် ပါးနပ်မှရင်လည်း ဖြစ်ပါမယ်။ သည်နှစ်မျိုးကလွဲရင် ကျန်တဲ့ အမျိုးသမီးတွေ အိမ်ထောင်ပြုဖို့ ဆိုရင်တော့အနည်းဆုံး ဆယ်ကြိမ်ဆယ်ခါ ပြန်စဉ်းစားစေချင်ပါတယ်။
အိမ်ထောင်မပြုသင့်ဆုံး အမျိုးသမီးတွေ ကိုယ်စွမ်းကိုယ်စ အပြည့်ရှိတဲ့ အမျိုးသမီးတွေ လုံးလုံး အိမ်ထောင်မပြုသင့်ပါဘူး။ ကိုယ့်ဝမ်းကိုယ် ကောင်းကောင်းကျောင်းနိုင်နေတဲ့အပြင် ပိုပိုလျှံလျှံ သုံးသုံးစွဲစွဲ နေနိုင်တဲ့အမျိုးသမီးများ အိမ်ထောင်ပြုတာကို ကျွန်တော်ကတော့ အားကို မပေးချင်ဘူး။ အဲသလို အမျိုးသမီးတွေ အိမ်ထောင်ပြုတာဟာ ဒုက္ခရှာတာလို့ချည်း မြင်နေလို့ပါပဲ။ မယုံမရှိပါနဲ့၊ ကျွန်တော့်ရဲ့ အတန်အသင့် ရင့်မာလာတဲ့လူမှုရေး အတိုင်ပင်ခံ သက်တမ်း တစ်လျှောက်မှာရော၊ ဘဝတစ်လျှောက်မှာပါ အိုးဒယ်နစ်၊ နစ်နေရှာကြတဲ့ စွမ်းဆောင်ရှင် အမျိုးသမီးတွေ မကြာခဏ တွေ့တွေ့နေရပါတယ်။ ဒုတိယကတော့ ဘဝမှာ ဘယ်တုန်းကမှ စိတ်ချမ်းချမ်းသာသာ မနေဖူးသူတွေပါ။ ရှိတာ၊ မရှိတာနဲ့ မဆိုင်ပါဘူး။ ကိုယ့်ဟာလေးနဲ့ကိုယ် စိတ်လက် ချမ်းသာအောင် နေကျင့်ရှိခြင်း/မရှိခြင်းနဲ့ပဲဆိုင်ပါတယ်။ တကယ်လို့များ စာဖတ်သူဟာ အခုအချိန်အထိ ဖြတ်သန်းခဲ့သမျှ ဘဝ တစ်လျှောက်မှာ စိတ်ချမ်းချမ်းသာသာ သိပ်မနေဖူးခဲ့ရင် အိမ်ထောင်ပြုလိုက်မှ စိတ်ချမ်းသာလာမယ်ဆိုတဲ့အတွေးဟာ တက်တက်စင်အောင် လွဲတော့မယ့် စိတ်ကူးဆိုတာ မြင်စေချင်ပါတယ်။

အချစ်ရဲ့ အခန်းကဏ္ဍ
ကျွန်တော် ပြောသွားတဲ့အထဲမှာ အချစ်ရဲ့အခန်းကဏ္ဍကို တစ်လုံးမှ ထည့်ဆွေးနွေးမသွားပါဘူး။ ဘာလို့ဆို ကျွန်တော်ကိုယ်တိုင်က ဖိုမချစ်ကို သိပ်နှစ်နှစ်ကာကာ မယုံကြည်လှလို့ပါပဲ။ မမြဲတဲ့ အနိစ္စသဘောတရားထဲမှာ အဲဒီ့ရွှေအချစ်လည်း အတိအကျ ပါပါတယ်။ ဘာဝနာနဲ့ ပွားများ ယူရတဲ့ မေတ္တာကို မဆိုလိုဘူးနော်။ လောကီလူ့ဘောင်က အဖိုနဲ့အမကြားမှာ ပေါ်ပေါက်ပျောက်ကွယ်တတ်မြဲ အချစ်ဆိုတဲ့ "အစွဲ"ကို ပြောတာပါ။
တကယ်လို့များ၊ စာဖတ်သူ မမဟာ တစ်စုံတစ်ယောက်ကို သိပ်ချစ်နေတယ်၊ တစ်သက်လုံး ဆက်ချစ်ချင်နေချင်တယ်၊ နောက်ဆုံး ထွက်သက်လေးအထိ ချစ်သွားချင်တယ်ဆိုပါရင်လေ… ကျွန်တော် ပေးချင်တဲ့အကြံကတော့ အဲဒီ့လူကိုယူကို မယူဘဲနဲ့ ခပ်လှမ်းလှမ်းကပဲ အသာလေး၊ တိတ်တိတ်လေး ချစ်နေလိုက်စမ်းပါ။ အဲဒါက သူ့ကို သေတစ်ပန် သက်တစ်ဆုံး ချစ်နိုင်ပါတယ်။ အဲ… ချစ်သူကို လက်ထပ်လိုက်မိလို့ကတော့ အင်း… နှေးတာနဲ့ မြန်တာပဲ ကွာပါလိမ့်မယ်၊ ချစ်သူဘဝကနေ မုန်းသူ၊ ရွံရှာသူ၊ စက်ဆုပ်သူအဖြစ် ပြောင်းသွားနိုင်တဲ့ကိန်းက ၅၀%ဝန်းကျင်မှာ ရှိကြောင်းပါ။ ဒါအလေးခိုးထားတဲ့ ကိန်းဂဏန်း မဟုတ်ပါဘူး။ အပိုင်ပြောနိုင်တဲ့ ပမာဏပါ။
ဒါပေမယ့်လည်း အဲဒီ့အချစ်ဆိုတဲ့ (ဘာမှန်းမသိလှတဲ့) ခံစားမှုနဲ့ပဲ စုံလုံးကန်းကန်း ကုန်ပြန်တဲ့အခါမှာတော့ အမေလည်း မနေရ၊ အဖေလည်း မနေရ၊ မောင်နှမသားချင်းတွေလည်း မနေရ၊ ဘေးလူတွေလည်း မနေရနဲ့ အရပ်ကူပါလူဝိုင်းပါ တွေဖြစ်ရတဲ့ သာဓကတွေလည်း မနည်းဘူး။ ပြီးရင် ကိုယ့်ဖက်ကစုံလုံးကန်းခဲ့မိတာကို ပြန်မမြင်တော့ဘဲ သင်းကိုက ဘယ်ကဲ့သို့ ဘယ်ချမ်းသာတွေဖြစ်ကုန်တာလည်း အဲဒီ့မမတွေပဲ။
သို့သော်လည်းပေါ့လေ… ဘယ်သူတွေ ဘယ်လောက်ပြောပြော၊ ကျွန်တော်မကလို့ သိကြားမင်းကြီးကိုယ်တိုင်ပဲ ဆင်းလာပြီး တားဦးတားဦး၊ ကာမဘုံသား ဆုံလည်နွားဆိုတဲ့ စာရင်းထဲမှာပါနေကြတဲ့ သူသူကိုယ်ကိုယ်ဟာ အရွယ်လေး ရောက်လာ၊ ကျော်လာ၊ လွန်လာတဲ့အခါ အိမ်ထောင်မှ မရှိရင် မူမမှန်တဲ့သူလို့ ကိုယ့်ကိုယ်ကိုယ် မြင်မိကြရင်းကနေမရအရ အိမ်ရာထူထောင် ဖြစ်နေကြဦးမှာပါပဲ။
အခု ကျွန်တော် ရေးလိုက်တဲ့ အမျိုးသမီးများ အိမ်ထောင် မပြုရေးဆိုတဲ့အဆြိုပဆွေးနွေးချက်ဟာ မဖြစ်မနေ အိမ်ထောင်ပြုကို ပြုတော့မယ်လို့ ဆုံးဖြတ်ထားသူများအတွက် မရည်ရွယ်ပါဘူး။ အိမ်ထောင်ပြုရ ကောင်းနိုး၊ မပြုရ ကောင်းနိုးဖြစ်နေသူတွေ၊ ကိုယ်ကိုယ်တိုင်က အိမ်ထောင် မပြုချင်လှပေမယ့် လူပြောသူပြောနဲ့ အိမ်ထောင်ပြုလိုက်ရင်များ ကောင်းမလားလို့ တွေးနေသူတွေအတွက် တစ်ဖက်တစ်လမ်းက စဉ်းစားစရာရအောင် အကြံပြုဆွေးနွေးလိုက်တာသာ ဖြစ်ပါတယ်။

credit to စိတ်ကူးပျော်ရာ

၁၂ ကြိမ်မြောက် တရားအလှူတော် (သို့) တတိယအကြိမ် မဟာသင်္ကြန်တရားပွဲနှင့် မြန်မာ့ရိုးရာသင်္ကြန် ယိမ်းအကဖျော်ဖြေပွဲ

$
0
0


အရှင်သီဟဥာဏနှင့်အရှင်ဣန္ဒာစာရ(မျိုးချစ်မြန်မာ)ဦးဆောင်သော ရွှေပါရမီ ပညာဒါန၊ ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(271)၊ မျိုးချစ်မြန်မာလူငယ်အသင်း(ဘန်ကောက်)၏ ၁၂ ကြိမ်မြောက်တရားအလှူတော် (သို့) တတိယအကြိမ် မဟာသင်္ကြန်တရားပွဲနှင့် မြန်မာ့ရိုးရာသင်္ကြန်ယိမ်းအကဖျော်ဖြေပွဲ (15.4.2014 - သင်္ကြန်အကြတ်နေ့)
တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ပြည်တွင်းပြည်ပ သာသနာပြုဆရာတော် အရှင်ဣန္ဒဥာဏ (မြို့မယဉ်ငေး) မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ စမွတ်ပရာကန်၊ ဘန်ဖီမြို့ရောက် မြန်မာအလုပ်သမားများအား တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးချီးမြင့်ပါမည်။

ရွှေပါရမီ ဓမ္မစကြာဝတ်အသင်းမှ 14 ရက်နေ့ ည ၇ နာရီအချိန်နှင့် 15 ရက်နေ့ မနက် ၈ နာရီအချိန်တို့တွင် ဓမ္မစကြာ၊ ပဋ္ဌာန်းတရားတော်များကို ရွတ်ဖတ်ပူဇော်ကြပါမည်။
တရားနာ ဧည့်ပရိသတ်အပေါင်း သူတော်ကောင်းတို့အား၊ တရားပွဲမစတင်မီအချိန်ထိ
သင်္ကြန်ထမင်း
မုန့်လုံးရေးပေါ်
ကျောက်ကျော
အချိုရည်
ရေခဲမုန့် တို့ဖြင့်
မနက် ၉ နာရီမှ စတင်ဧည့်ခံကျွေးမွေးကာ မျိုးချစ်မြန်မာတေးဂီတအဖွဲ့၏ တေးသံသာများ၊ မျိုးချစ်မြန်မာရိုးရာသင်္ကြန်ယိမ်းအကများဖြင့် ဧည့်ခံဖျော်ဖြေပါမည်။

နေရာ
စွယ် ထိုင်ပကန်၊
စွယ် ၁/၂၊ ၂ ထပ်တိုက်စိမ်း၊
ထေဖရပ်လမ်းမ၊ ဘန်ဖီမြို့၊
ကီလိုမီတာ ၂၂၊ စမွတ်ပရာကန်၊

Soi Thaipakan soi 1/3
Thanon Thepharak, Bang Sao Thong,
Samut Prakan 10540, Thailand

ဆက်သွယ်ရန်
ရွှေပါရမီ ပညာဒါန - 027065526
ဆရာမမေကျော့ရှင်း - 0819395175
ဆရာကျော်ဝင်း - 0815831239
ဆရာဇာနည်အောင် - 0943349634
ကိုစိုးကြူ - 0816977403
ကိုမြင့်ဇော် - 0827060945
Viewing all 466 articles
Browse latest View live