Quantcast
Channel: ရွှေပါရမီပညာဒါန
Viewing all articles
Browse latest Browse all 466

မိတ်ဆွေကောင်း ဘယ်လိုပေါင်းမလဲ

$
0
0


ရိုးသားမှုနဲ့ပေါင်းပါ ဟန်မဆောင်ပါနဲ့ မာနမကြီးပါနဲ့ သဘာဝကျစွာပေါင်းပါ ။
မျှော်မြင်ဆင်ခြင်နိုင်မှုနဲ့ ပေါင်းပါ။
ကိုယ်ချင်းစာစိတ်ဖြင့် ပေါင်းပါ။
မိသားစုစိတ်ဖြင့် ပေါင်းပါ။
ငယ်ပေါင်းစိတ်နဲ့ ပေါင်းပါ။
သူတော်စင်စိတ်နဲ့ ပေါင်းပါ။
ဝန်တိုခြင်းကင်းသောစိတ်နဲ့ ပေါင်းပါ။
တဘက်သတ်မကျသောစိတ်နဲ့ ပေါင်းပါ။
တစ်နပ်စားမကြံသောစိတ်နဲ့ ပေါင်းပါ။
မြို့ရွာမည်မျှဝေးဝေး သွေးမအေးပဲပေါင်းပါ။
နှုတ်ကတိပြုသလို လက်တွေ့မှာလည်း ကတိ အတိုင်း ပေါင်းသင်းပါ။
မှားနေလျှင် ထိုအမှားကိုပြင်ပေး၍ ပေါင်းသင်းပါ။
မှန်နေတဲ့အခါ ထိုအမှန်ကို ချီးမွမ်းဝမ်းမြောက်စွာ ပြောပြီး ပေါင်းသင်းပါ။
သာရေးမသွားဖြစ်တောင် နာရေးကို ဦးစားပေးသွားပါ။
သာရေးနာရေး အရေးကြုံလျှင် ပေါင်းသင်းနိုင်အောင် ပေါင်းသင်းပါ။
ဆန့်ကျင်ဘက်ကို မပေါင်းနဲ့
မပေါင်းမဖြစ်ပေါင်းရလျှင် အပေါ်ကယှဉ်
အထဲကျဉ်၍ ပေါင်းသင်းပါ။
ရန်သူဆိုလျှင် အတွင်းမ၀င်နိုင်အောင် ပေါင်းသင်းပါ။
သစ္စာမဲ့သူကို ကိုယ်က သစ္စာရှိစွာ ပေါင်းသင်းပါ။
ဥစ္စာငွေကြေးပျက်ပါစေ စရိတ္တ မပျက်စေပဲ ပေါင်းသင်းပါ။
ဆင်းရဲသော်လည်း သီလမမွဲက ပေါင်းသင်းပါ။
မေ့လျှော့ မူးယစ်သည်ကို စောင့်ရှောက်ခြင်း။
မေ့လျှော့သော မိတ်ဆွေ၏ ဥစ္စာကို စောင့်ရှောက်ခြင်း။
ကြောက်လန့်သော မိတ်ဆွေ၏ အားကိုးမှီခိုရာ ဖြစ်ခြင်း။
ဘေးရန် ဖြစ်ပေါ်လာသော်လည်း မစွန့်ခြင်း။
မိတ်ဆွေ၏ သားသမီးမြေးမြစ်တိုင်အောင်မြတ်နိုးခြင်း။

(ဆောင်ပုဒ်လင်္ကာမှတ်စရာ)
မေ့လျော့ စောင့်လာ ဥစ္စာ စောင့်ရှောက်
ဘေးရောက်ကိုးကွယ် ဘေးတွယ်မပစ်
သားမြစ်စဉ်ဆက် မပျက်ချီးပင့်
ဝတ်ငါးဆင့် ပြုကျင့်မိတ်ဆွေများ။
(ညောင်တုန်း ရွှေဟင်္သာတောရ ဆရာတော်)

သုတေသီဘုန်းမြင့်သွေး
(လူဖြစ်ရကျိုးနပ်မည့် ပေါင်းသင်းဆက်ဆံ နည်းလမ်းမှန်)
မိတ်ဆွေစစ်ဆိုတာ .......
(၁) ပေးနိုင်ခဲတဲ့ပစ္စည်းကို ပေးတယ် ။
(၂) ပြုနိုင်ခဲတဲ့အမှုကိစ္စကို ပြုလုပ်ဆောင်ရွက်ပေးတယ် ။
(၃) သည်းခံနိုင်ခဲတဲ့အမှုကို သည်းခံတယ် ။
(၄) သူ့ရဲ့လျှို့ဝှက်ချက်ကို ဖွင့်ပြောတယ် တိုင်ပင်တယ် ။
(၅) မိမိလျှို့ဝှက်ချက်ကို အခြားသူအား မပြောဘဲ လျှို့ဝှက်ထားတယ် ။
(၆) ဘေးအန္တရာယ်ကြုံလာတဲ့အခါ မိမိကို မစွန့်ခွာဘူး ။
(၇) ဥစ္စာကုန်ခန်းတဲ့အခါ ဆင်းရဲတဲ့အခါ မိမိကိုမထီမဲ့မြင် မပြုဘူး ။

မိတ်ဆွေအတုအယောင် လေးယောက်
(၁) မိမိထံမှပစ္စည်းငွေကြေးကို ယူပဲ ယူတတ်သူ ၊ ပြန်မပေးတတ်သူ ။
(၂) လက်တွေ့မပါ စကားနဲ့ပဲ ပေးတတ်သူ ။
(၃) မှန်မှန် မှားမှား အကြိုက်ကိုပဲ လိုက်ပြီးပြောတတ်သူ ။
(၄) ဘ၀ပျက်စီးကြောင်းတွင် အပေါင်းအသင်းဖြစ်သူ ။
(၁) ယူပဲယူတတ်တဲ့ မိတ်ဆွေရဲ့သဘောသဘာဝမှာ ....
မိမိကိုနည်းနည်းပေးပြီး မိမိဆီက များများပြန်ရချင်တယ် ။
သူ့အတွက်ဘေးဒုက္ခရောက်မှ ကိုယ့်ကိုသတိရတတ်တယ် ။
သူ့ကိုယ်ကျိုးအတွက်ပဲ ပေါင်းသင်းတယ်။

(၂) စကားနဲ့ပဲပေးတတ်တဲ့ မိတ်ဆွေသဘာဝ ....
လွန်ပြီးတဲ့အရာနဲ့ ချီးမြှောက်တယ် ။
မဖြစ်သေးတဲ့အရာနဲ့ ချီးမြှောက်တယ် ။
အချီးအနှီးဖြစ်တဲ့ လောကွတ်စကားနဲ့ ချီးမြှောက်တယ် ။
ဖြစ်ဆဲကိစ္စ၌ ပျက်ဆီးခြင်းကိုပြတယ် ။

(၃) အကြိုက်ကိုလိုက်၍ ပြောတတ်တဲ့ မိတ်ဆွေသဘာဝ ....
မကောင်းမှုလုပ်တာကိုလဲ ခွင့်ပြုတယ် ။
ကောင်းမှုလုပ်တာကိုလဲ ခွင့်ပြုတယ် ။
မိမိရှေ့တွင် မိမိကို ချီးမွမ်းပြောဆိုတယ် ။
မိမိကွယ်ရာတွင် မိမိမကောင်းကြောင်းကိုပြောတယ် ။

(၄) ပျက်စီးကြောင်းတွင် အပေါင်းအသင်းဖြစ်သူမိတ်ဆွေ ....
သေရည်အရက်သောက်တဲ့အခါမှာ အပေါင်းအသင်းဖြစ်တယ် ။
အချိန်အခါမဲ့ လည်ပတ်တဲ့အခါမှာ အပေါင်းအသင်းဖြစ်တယ် ။
ပွဲလမ်းသဘင်ကြည့်ရှုတဲ့အခါမှာ အပါင်းအသင်းဖြစ်တယ် ။
လောင်းကစားလုပ်တဲ့အခါမှာ အပေါင်းအသင်းဖြစ်တယ်။

ယမင်းခိုင်

Viewing all articles
Browse latest Browse all 466

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ဆံပင်ကို ဘုရားလှူခြင်းကြောင့် မည်သို့အကျိုးရမည်နည်း


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


တာချီလိတ်တပ်နယ် မိသားစုများမှ တာချီလိတ်ရွှေတိဂုံစေတီတော် ရင်ပြင်၌...


ဘုရင့်နောင်ကျော်ထင်နော်ရထာ နတ်ရွာစံခြင်း


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


တာနောယက္ခ


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


ချစ်စရာ့ မြန်မာ့ဓလေ့


တာချီလိတ်မြို့ အားခေရွာထဲ၌ ကျပ်သိန်းပေါင်း ၁၄၅ သိန်းခန့် တန်ဖိုးရှိသည့်...


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ဟံသာဝတီ နှင့် ရွှေဘို အားပြိုင်သော စစ်ပွဲများ


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး